
သင်ဟာ ကိုယ်ဝန်သက်တမ်း၂လသားအချိန်ကို ရောက်ရှိနေသူလား? ဒါဆိုရင်တော့ အခုဖော်ပြမယ့် အကြောင်းအရာတေွကို သိရှိထားဖို့ လိုအပ်နေပါပြီ။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ အာဟာရဓာတ်တေွ မှျတစွာ စားသောက်ဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝမှျတမှသာလှျင် မိမိအတွက်ရော သန္ဓေသားအတွက်ပါ ကျန်းမာရေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်သက်တမ်း၂လအရွယ်မှာ စားသောက်သင့်တဲ့ အစားအစာတေွ ရှိသလို ရေှာင်ကြဉ်ရမယ့် အစားအစာတေွလည်း ရှိနေပါတယ်။ ဒီအချိန်မှာ မိခင်လောင်းတေွအတွက် အဓိကလိုအပ်တဲ့ဓာတ်ကတော့ ကယ်လ်စီယမ်ဓာတ်ပါ။ သန္ဓေသားရဲ့ အရိုး ၊ သွားနဲ့ ကြွက်သားကျန်းမာရေးအတွက် ကယ်လ်စီယမ်ဓာတ်ဟာ မရှိမဖြစ်လိုအပ်တာကြောင့် နွားနို့ ၊ ဒိန်ချဉ် ၊ ချိစ် ၊ ပန်းဂေါ်ဖီ ၊ မြေပဲတို့ကို စားသုံးပေးရပါမယ်။

ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင်အသီးအနှံများ ၊ ထောပတ်သီး ၊ ပဲပင်ပေါက်နဲ့ လိမ္မော်ရည်တို့ကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အမဲသား ၊ ပေါင်မုန့် နဲ့ ခေါက်ဆွဲတို့ကိုလည်း စားသင့်ပါတယ်။ မိခင်လောင်းရဲ့ အူအတွင်းလမ်းကြောင်းတေွကို ချောမေွ့စေဖို့အတွက် အမှျင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတေွစားသင့်သလို သန္ဓေသားဦးနေှာက်နဲ့ အာရုံကြောဖွ့ံဖြိုးဖို့အတွက် အိုင်အိုဒင်းဓာတ်လည်း လိုအပ်ပါတယ်။

ဒီနေရာမှာ မိခင်လောင်းတေွ အများဆုံးမှားယွင်းလေ့ရှိတာကတော့ စားသင့်တဲ့အစားအစာနဲ့ ရေှာင်ရမယ့်အစားအစာတေွကို ရောထေွးလေ့ရှိတာပါပဲ။ မကျက်တကျက်အသားနဲ့ ဥအမျိုးမျိုးတို့ကို ရေှာင်ကြဉ်ရမယ်ဆိုတာကတော့ သိပြီးသားဖြစ်မှာပါ။ လမ်းဘေးစာများဖြစ်တဲ့ တုတ်တိုး ၊ အကင်စုံ နဲ့ အသုပ်အမျိုးမျိုးကို တတ်နိုင်သလောက် ရေှာင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ပင်လယ်စာများ ၊ ဆူရှီ ၊ အမှည့်လွန်နေတဲ့သစ်သီးများ ၊ ကော်ဖီ ၊ အရက်နဲ့ ဆေးလိပ်တို့ကိုတော့ လုံးဝ ရေှာင်ကြဉ်သင့်ပါတယ်။ ပီဇာ ၊ ကိတ်မုန့် ၊ ကွတ်ကီးနဲ့ ဘာဂါတို့ကို စားတဲ့နေရာမှာလည်း ပမာဏမများစေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
HYA (kyarlay)