
ကလေးငယ်လေးများကို ၆ လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းတိုက်ကျေွးရုံနဲ့ ကလေးငယ်အတွက်လိုအပ်သော အာဟာရများကို ဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်ကို ရောဂါများကူးစက်ခြင်းမှကာကွယ်ရန်အတွက် လိုအပ်သော ကိုယ်ခံအားကိုပါ ဖြည့်တင်းပေးပါတယ်။ ကလေးငယ် ၆ လသားကျော်လာရင်တော့ မိခင်နို့ရည်တစ်မျိုးတည်းက မလုံလောက်တော့ဘဲ ဖြည့်စွတ်စာများကျေွးရန် လိုအပ်လာပါတယ်။ ဖြည့်စွတ်စာများထဲမှ ကလေးငယ်လေးများရဲ့ ဦးနေှာက်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေသော ဖြည့်စွတ်စာများကို မှျဝေလိုက်ရပါတယ်။

ဒိန်ချဉ် ကျေွးပါ။ ဒိန်ချဉ်ဟာကလေးငယ်လေးများဦးနေှာက်ဖွံ့ဖြိုးမှုအတွက် အကောင်းမွန်ဆုံးအစားအစာ ဖြစ်ပါတယ်။ ဦးနေှာက် ဆဲလ်အမေှးပါးလေးများ လှုပ်ရှားမှုကို အကူအညီပေးသလို သတင်းအချက်အလက် ရယူခြင်းကို လည်း ကူညီပေးပါသေးတယ်။ အာရုံကြောများကူးပြောင်းခြင်းနဲ့ ဦးနေှာက်ဆဲလ်များ အတွက်လိုအပ်တဲ့ ဗီတာမင် B complex လည်း ကြွယ်ဝစွာပါ၀င်ပါသေးတယ်။

ဟင်းသီးဟင်းရွက်များဟာဆိုရင်တော့ အရောင်အသွး စုံလင် ပြီး အန်တီအောက်ဆီးဒန့် လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အန်တီအောက်ဆီးဒန့် က ဦးနေှာက်ဆဲလ်များကျန်းမာရန်အတွက်လည်း ကူညီပေးပါသေးတယ်။ ဦးနေှာက်အတွက်ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်များကတော့ ကန်စွန်းဥ၊ ရေွှဖရုံသီး၊ မုန်လာဥနီ တို့ဖြစ်ပြီး အစိမ်းရောင်အသီးအရွက်များမှာတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ရွက်တို့ဟာ ဖောလိတ် ကြွယ်ဝသောကြောင့် စိတ်ဖောက်ပြန်ခြင်းကိုလည်း တားဆီးပေးပါသေးတယ်။

ပန်းဂေါ်ဖီစိမ်း ဟာ လည်း ကလေးငယ်လေးများဦးနေှာက်အတွက် အထူးကောင်းမွန်ပါသေးတယ်။ DHA ပါဝင်ပြီး အာရုံကြောများ ဆက်သွယ်ရန် အတွက်လည်း ကူညီပေးပါသေးတယ်။ ကင်ဆာရောဂါများ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိလည်း ရှိတဲ့ အတွက် ကလေးငယ်အတွက် အထူးသင့်လျော်ပါတယ်။

ထောပတ်သီးကလည်း ကလေးဦးနေှာက်ကျန်းမာရေးအတွက် ကျေွးပေးနိုင်ပါသေးတယ်။ ထောပတ်သီး မှာ မပြည့်ဝဆီကြွယ်ဝစွာပါ၀င်သော ဦးနေှာက်သေွး စီးဆင်းခြင်းကိုလည်း ကောင်းမွန်စေရန် အားဖြည့်ပေးပြီး အိုလီရစ် အက်ဆစ်လည်းပါဝင်တဲ့အတွက် ဦးနေှာက်ဆီသို့ သတင်းအချက်အလက် ပို့ဆောင်ခြင်းကို်လည်း အကူအညီပေးသလို ဗီတာမင် B complex က သေွးတိုးရောဂါ ဖြစ်နိုင်ချေကိုလည်း လေှျာ့ချပေးပါသေးတယ်။
MiGi