
စီချှမ်ပြည်နယ်အစားအစာ တစ်မျိုးဖြစ်တဲ့ မာလာရှမ်းကောဟာ သူ့ရဲ့ပူပူစပ်စပ်အရသာနဲ့ ဟင်းခတ်အမေွှးအကြိုင်တေွရဲ့ ရနံ့လေးကြောင့် မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ငရုတ်သီးအပါအဝင် စီချှမ်ရိုးရာ ဟင်းခတ်အမေွှးအကြိုင်ပေါင်း ၅၀ ကျော်ခန့်နဲ့ ပြုလုပ်ထားတဲ့ မာလာရှမ်းကောကို ဘာကြောင့် မကြာခဏ မစားသင့်ဘူးလဲဆိုတာကို အခုလိုပဲ အချက်(၃)ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ မာလာရှမ်းကောထဲမှာ ပါဝင်တဲ့ ရနံ့မေွှးကြိုင်တဲ့ ဟင်းခတ်အမေွှးအကြိုင်တေွထဲမှာ Zanthoxylum ဆိုတဲ့ Compound တစ်မျိုးပါဝင်ပြီး ဒီ Compound ဟာ သာမန်အားဖြင့်တော့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် မကြာခဏ စားသုံးနေမယ်ဆိုရင်တော့ အစာအိမ်နာတာ၊ အစာအိမ်ရောင်တာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတေွကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနဟာ ၁၉၆၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ စီချှမ်အစားအစာဖြစ်တဲ့ မာလာရှမ်းကောမှာ ထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမေွှးအကြိုင်တေွ တင်သွင်းခြင်းကို ပိတ်ပင်ထားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းခတ်အမေွှးအကြိုင်တေွနဲ့ ငရုတ်သီးတေွမှာ ပါဝင်တဲ့ မှုိနဲ့ ဘက်တီးရီးယားတေွကို တေွ့ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။၂ဝဝ၅ခုနှစ်လောက်မှာတော့ ဒီစီချှမ်ဟင်းခတ်အမေွှးအကြိုင်တေွ ပိတ်ပင်ခြင်းကို ပိုမိုတိုးမြှင့်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဟင်းခတ်အမေွှးအကြိုင်တေွကို အပူချိန် 70C (158F)အထိ အပူပေးပိုးသတ်ကာ တင်သွင်းခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ မာလာရှမ်းကောထဲမှာ ထည့်သွင်းထားတဲ့ ပါဝင်ပစ္စည်းတေွကို ဒီလိုမျိုးပိုးသတ်ပြီးမှ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလို တင်းကျပ်တဲ့ စစ်ဆေးတားမြစ်မှုတေွ မရှိတာကြောင့် မာလာရှမ်းကောကို ကြိုက်နှစ်သက်တဲ့သူတေွအနေနဲ့ ကောင်းကောင်း သတိထားသင့်ပါတယ်။

၃။ အစားအစာတေွမှာ ပါဝင်တဲ့ Sodium (ဆားဓာတ်) ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုသွားရင်တော့ သေွးတိုးရောဂါအပါအဝင် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းတေွကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ မာလာရှမ်းကောမှာဆိုရင်တော့ ဆားဓာတ်ပါဝင်မှုဟာ သာမန်ဟင်းပွဲတေွထက် ပိုမိုများပြားတတ်တာကြောင့် မကြာခဏစားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို အချိန်နဲ့အမှျ ထိခိုက်သွားစေနိုင်မှာပဲ ဖြစ်ပါတယ်။
#Ref(အင်တာနက် - အစားအစာနဲ့ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)