စျေး မီဒီယာ
အခြား

ဆိတ်သားဟင်းနုနွယ်ချက်ထမင်းပြင်ဆင်ရအောင်နော် ..

Posted by Harry June 16, 2018
B2xhifbyh40xypy3ofku

မေမေတို့ရေ တစ်နှစ်အထက် သားသားမီးမီးလေးတေွအတွက် ဖြည့်စွက်စာလေးတေွ ပြင်ဆင်ပေးတဲ့အခါမှာတော့ စားလို့ကောင်းခွန်အားတိုးစေမယ့် ဆိတ်သားဟင်းနုနွယ်ဟင်းလျာလေးနဲ့ ပြင်ဆင်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- ဆိတ်သား ... ၁၅ ကျပ်သား
- ဟင်းနုနွယ် ... ၂ စီး (အရွက်ချည်းခြေွထားပါ)
- အိုင်အိုဒင်းဆား ... အနည်းငယ်
- နနွင်း ... အနည်းငယ်
- မဆလာ ... အထုပ်သေးတစ်ထုပ်
- ရှာလကာရည် ... အနည်းငယ်
- ဂျင်း ... အနည်းငယ်
- ကြက်သွန်ဖြူ ... အနည်းငယ်
- ကြက်သွန်နီ ... အနည်းငယ်
- ဟင်းချက်သံလွင်ဆီ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- ကြက်သွန်ဖြူ၊ နီကိုအခွံခွာရေဆေးပြီး နုတ်နုတ်စင်းထားပါ။
- ဂျင်းကိုအခွံခွာရေဆေး ထောင်းပြီးအရည်ညှစ်ထားပါ။
- ဆိတ်သားကိုရေဆေးပြီး အတုံးလေးများတုံးထားပါ။
- အိုးသန့်သန့်လေးထဲသို့ သံလွင်ဆီထည့်ပြီး ကြက်သွန်ဖြူ၊ နီထည့်ဆီသတ်ပါ။
- ဆီသတ်နံ့မေွှးလာပါက ဆိတ်သားထည့်ပြီး ဂျင်းရည်၊ ရှာလကာရည်၊ ဆား၊ နနွင်း၊ မဆလာထည့်ပြီးမေွှပေးပါ။
- ပြီးလှျင် ငါးမိနစ်ခန့်အဖုံးပိတ်ပြီးအိုးတည်ထားပါ။
- ပြီးပါက ရေအနည်းငယ်ထည့်ပြီး အဖုံးလုံအောင်ပိတ်ပြီးတည်ထားပါ။
- ရေခမ်းသွားပါက အသားနူးမနူးစမ်းပြီး နူးအိဖို့လိုသေးပါက ရေထပ်ထည့်ပြီး တည်ထားပါ။
- အသားနူးသွားလှျင် ဟင်းနုနွယ်ရွက်ထည့်မေွှပေးပြီး တစ်ရေခမ်းအောင်ထပ်တည်ပါ။
- ရေခမ်းစပြုပါက မီးဖိုပေါ်မှချပြီး ထမင်းပျော့ပျော့လေးပေါ်သို့ ဟင်းထည့်ကာ သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.