
ကိုယ်ဝန်ဆောင်မေမေတွေဟာ ဒုတိယကာလအပိုင်းအခြားမှာစပြီး ညဘက်တွေအိပ်ဖို့ ခက်လာပါပြီ။
ကိုယ်ဝန် ဒုတိယနဲ့ တတိယကာလတွေမှာ ပူလာတဲ့ဗိုက်လေးက ဘယ်လိုပဲအိပ်အိပ်ထောက်နေတာမို့ မေမေတို့ကို နေရထိုင်ရတာ နည်းနည်းခက်ခဲစေပါတယ်။
ယခုခေတ် စျေးကွက်ထဲမှာတော့ ကိုယ်ဝန်သည်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ခေါင်းအုံးတွေ ပေါ်လာပါပြီ။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ မေမေတို့ရဲ့ခါးတွေ ၊ ကြွက်သားတွေက ပိုနာလာပြီး နေရထိုင်ရတာ မသက်မသာဖြစ်လာပါတယ်။
ဗိုက်ပိုပူလာတာနဲ့အမျှ ပိုပင်ပန်းလာတာမို့ အနားယူဖို့ပိုပြီး လိုအပ်ပါတယ်။
အဲ့အခါမှာကိုယ့်အတွက် သက်သာစေမယ့် ခေါင်းအုံးမျိုးကိုရွေးချယ်လာရပါပြီ။
သင့်တော်ရာရွေးချယ်ပါ~

ကိုယ်ဝန်ဆောင်ခေါင်းအုံးကို ရွေးရာမှာ မေမေတို့ကိုယ်အလေးချိန်နဲ့ချိန်ပြီး ရွေးချယ်သင့်ပါတယ်။
ခေါင်းအုံးက မေမေတို့ရဲ့ဗိုက်ပူပူလေးရယ် ၊ ခါးရိုးရယ် ၊ တင်ပါးနဲ့ ခြေထောက်တွေနဲ့ အဆင်ပြေမယ့်ခေါင်းအုံးကိုရွေးချယ်ပါ။
အသုံးဝင်ပုံ~

ကိုယ်ဝန်ဆောင်ခေါင်းအုံးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာပဲ အသုံးဝင်တာမျိုးမဟုတ်ဘဲ ကလေးမွေးပြီးလို့နို့တိုက်ရာမှာလဲ ဆက်ပြီးသုံးနိုင်ပါသေးတယ်။
နို့တိုက်ရာမှာ သက်တောင့်သက်တာဖြစ်စေပါတယ်။
လျှော်ဖွတ်ရာမှာလဲလွယ်ကူစေပါတယ်။
ဒီဇိုင်းအမျိုးမျိုးနဲ့ တံဆိပ်မျိုးစုံလာတာမို့ ကိုယ်နဲ့သင့်တော်ရာကိုသာရွေးချယ်ပါနော်။
ပုံစံအမျိုးအစားများ~

စျေးကွက်ထဲမှာ ကိုယ်ဝန်ဆောင်တွေအတွက် ခေါင်းအုံးအမျိုးအစားပေါင်းစုံလာပါတယ်။
မြင်းခွာပုံစံခေါင်းအုံး ၊ ဒိုးနတ် ပုံစံခေါင်းအုံး ၊တကိုယ်လုံးကိုကာပေးတဲ့ခေါင်းအုံးနဲ့ တြိဂံပုံစံခေါင်းအုံးတို့ပဲဖြစ်ပါတယ်။
မေမေတို့နဲ့ အဆင်ပြေမယ့် ပုံစံမျိုးကို ဆိုင်တွေမှာ သေချာစမ်းသပ်ကြည့်ပြီးမှ ရွေးချယ်ပါနော်။
ကိုယ်နဲ့ကိုက်ညီတာကို သေချာရွေးမှသာစိတ်ကျေနပ်မှုရှိပြီး ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါနော်.....
TZWMA(Kyarlay)