စျေး မီဒီယာ
အခြား

သီးစုံ Oats ဖြည့်စွက်စာ ပြင်ဆင်နည်း ..

Posted by Harry June 15, 2018
Sklcevwvvtctvl1kjvia

မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးလေးတေွအတွက် အရသာတစ်မျိုးလေးထူးစေမယ့် သီးစုံ Oats ဖြည့်စွက်စာလေးတေွကို ပြင်ဆင်ပေးလိုက်ရအောင်နော်။ ဒီဖြည့်စွက်စာလေးကိုတော့ အသက်တစ်နှစ်အထက် ဘေဘီလေးတေွအတွက် ပြင််ဆင်ပေးနိုင်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ ..
- Oats ... ပန်းကန်လုံးတစ်ဝက်
- မုန်လာဥနီ ... အသေးတစ်လုံး
- ခရမ်းချဉ်သီး ... အသေးတစ်လုံး
- ပဲစိမ်း ... စားပွဲဇွန်းတစ်ဇွန်း
- ထောပတ် ... စားပွဲဇွန်းတစ်ဇွန်း
- ကြက်သွန်ဖြူ ... အနည်းငယ်
- ကြက်သွန်နီ ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- နနွင်း ... အနည်းငယ်
- ပြောင်းဖူးအစိမ်းခြေွှပီး ... စားပွဲဇွန်းတစ်ဇွန်း
- တရုတ်နံနံ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- အိုးသန့်သန့်ကိုမီးဖိုပေါ်တင်ပြီး ထောပတ်ထည့်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
- ကြက်သွန်ဖြူ၊ နီ နုတ်နုတ်စင်းထားသည်ထားထည့်ပြီး ဆီသတ်ပါ။ ဆီးသတ်နံ့မေွှးလာပါက ပဲစိမ်းထည့်ပါ။ ပြောင်းဖူးထည့်ပါ။
- ခရမ်းချဉ်သီးရေစင်အောင်ဆေးပြီး အတုံးလေးများတုံးထားသည်များထည့်ပါ။
- မုန်လာဥနီအခွံခွာရေဆေးပြီး အမှျင်လေးများဖြစ်အောင်ပြုလုပ်ထားသည်များထည့်ပြီးမေွှပါ။
- ဆားထည့်မေွှပါ။
- တအောင့်မေွှပြီးလှျင် ရေပန်းကန်လုံးတစ်လုံးထည့်ပြီး အဖုံးအုပ်တည်ထားပါ။
- ရေပွက်ပွက်ဆူပြီး ပါ၀င်ပစ္စည်းများနူးအိသွားပါက oats ထည့်မေွှပြီး အဖုံးပြန်ပိတ်ထားပါ။
- နောက်တစ်ကြိမ်ထပ်ပြီးရေဆူလာလှျင် တရုတ်နံနံပင်အုပ်ကာ မီးဖိုပေါ်မှချပြီး သားသားမီးမီးလေးတို့အတွက် ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.