
နို့သောက်ခြင်းက ကလေးငယ်များကို ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ ကလေးငယ်များရဲ့ အရိုးများကို သန်မာစေရုံသာမက ကလေးငယ်ရဲ့ ကျန်းမာရေးတစ်ခုလုံးကောင်းမွန်ရန်အတွက်ပါ သင့်လျော်ပါတယ်။ ကလေးငယ်လေးအနေနဲ့ တစ်နေ့ ကို နို့တစ်ခွက် သောက်ပေးရုံနဲ့ အံ့သြစရာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။

နို့က ကလေးငယ်လေးများကို ကယ်လဆီယမ်ဓာတ် အဓိက ဖြည့်တင်းပေးတဲ့ အစားအစားဖြစ်ပါတယ်။ ကလေးငယ်လေးများ အရိုးကျန်းမာရေးကောင်းမွန်ရန် သန်စွမ်းရန်နှင့် အရိုးကျိုးခြင်းများမှလည်း ကာကွယ်ပေးပါသေးတယ်။ နို့သောက်ခြင်းက ကလေးငယ်လေးများကို ခေါင်းကိုက်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ကယ်ဆီယမ်ဓာတ်က ကလေးငယ်လေးများအဝလွန်ခြင်းမှလည်းကာကွယ်ပေးသလို သွားကျန်းမာရေး၊ သေွးခဲခြင်း၊တို့နဲ့ ကလေးငယ်လေးများရဲ့ ကြွက်သားများဖြေလေှျာ့ခြင်းအတွက်မှာပါ ကောင်းမွန်ပြီး ကလေးငယ်ရဲ့ ကိုယ် ခန္ဓာအတွင်းမှ ဟော်မုန်းနဲ့ ဓာတုပစ္စည်းများထုတ်လုပ်ခြင်းကိုလည်း ကူညီပေးပါသေးတယ်။

နို့မှာပါ၀င်တဲ့ ဗီတာမင် D ကလေးငယ်လေးမျာရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပြီး နို့မှာပါ၀င်တဲ့ ဖောစဖောရပ် ကလည်း ကလေးငယ်များရဲ့ ခံတွင်းကျန်းမာရေးနဲ့ သွားများကြံ့ခိုင်ခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။ နို့ပုံမှန်သောက်ပေးခြင်းက ကလေးငယ်ရဲ့ သေွးပေါင်ချိန်ကိုလည်း မှျတစေသလို ကလေးငယ်ရဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါသေးတယ်။

နို့ပုံမှန်သောက်ပေးခြင်းက ကလေးငယ်လေးများမှာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများမှလည်း ကာကွယ်ပေးသလို ကလေးငယ်တနေ့တာ ဖြတ်သန်းရန်အတွက် လိုအပ်သော စွမ်းရည်ကိုလည်း ဖြည့်တင်းပေးပါသေးတယ်။ နို့မှာ ပါ၀င်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များက ကလေးငယ်လေး မျက်လုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အသားဓာတ်က ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပြင်ဆင်ရန်နှင့် ကြီးထွားရန်အတွက်လည်း ကောင်းမွန်တဲ့အတွက် မေမေတို့က ပြင်ဆင်ပေးရမယ်နော်။
MIGI