
လေ့လာတေွ့ရှိချက်တေအရ လူတစ်ရာမှာ တစ်ယောက် အနည်းနဲအများ စကားထစ်နိုင်ပါတယ်။ စကားထစ်ခြင်းဆိုတာ အသံ ၊ သရ ၊ ဗျည်းနဲ့ စကားလုံးများ ပြောကြားရာတွင် ကြန့်ကြာနေခြင်း ဖြစ်ပါတယ်။ စကားထစ်ပြီး စကားပြောရပ်သွားခြင်း ၊ စကားသံရှည်ဆွဲပြောခြင်း ၊ စကားလုံးထပ်ခြင်းတို့ကြောင့် နားထောင်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ စကားထစ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ခြင်း ၊ နှုတ်ခမ်းတွန့်ခြင်းတို့ကို နောက်ဆက်တွဲ လက္ခဏာတေွအဖြစ် တေွ့နိုင်ပါတယ်။

လူအများရေှ့မှာ စကားပြောချိန်နဲ့ တယ်လီဖုန်းမှတစ်ဆင့် စကားပြောချိန်မှာ စကားပိုထစ်တာကို တေွ့ရပါတယ်။ သီချင်းဆိုချိန် ၊ တစ်ဦးတည်းအသံထွက်စာဖတ်ချိန် ၊ တစ်ယောက်တည်း စကားတိုးတိုးပြောချိန်တေွမှာတော့ အထစ်အငေါ့မရှိ ပြောနိုင်ကြပါတယ်။ အသက်အရွယ်မရေွး စကားထစ်ခြင်း ဖြစ်နိုင်ပါတယ်။ ဘာသာစကားဖွံ့ဖြိုးမှု တိုးတက်နှုန်းအမြင့်မားဆုံးဖြစ်တဲ့ အသက်၂နှစ်နဲ့၅နှစ်အကြားမှာ အဖြစ်များပြီး ကလေး၅%အထိ ပုံမှန်တေွ့နိုင်ပါတယ်။

စကားထစ်ခြင်းဟာ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောကျင်္ားလေးဟာ မိန်းကလေးထက်၂ဆ ဖြစ်လေ့ရှိပါတယ်။ ဖွံ့ဖြိုးမှုဖြစ်စဉ်ကြောင့် တေွ့ရတဲ့ စကားထစ်ခြင်းဟာ ရက်သတ္တပတ်အနည်းငယ်ကနေ ၁၅လအထိ ကြာနိုင်ပြီး သူ့အလိုလို ပျောက်ကွယ်သွားနိုင်ပါတယ်။ မိန်းကလေးစကားထစ်ခြင်းဟာ ပိုပြီးပျောက်ကင်းဖို့လွယ်ကူတာကြောင့် စကားထစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးအချိုးဟာ ၃း၁ ကနေ ၄း၁ အထိ တဖြည်းဖြည်း ကွာလာနိုင်ပါတယ်။

စကားထစ်နေတဲ့ ကလေးငယ်ကို မိဘများက စိတ်လှုပ်ရှားမှုရှိရင် ပုံမှန်ကလေးများမှာတောင် စကားထစ်နိုင်ကြောင်း အားပေးစကား ပြောကြားပေးရပါမယ်။ အသက်၅နှစ်ကျော်ရင် ၈၀ရာခိုင်နှုန်းဟာ သူ့အလိုလို ပျောက်ကွယ်သွားမှာပါ။ စကားထစ်ခြင်း စဖြစ်ပြီး ၁၅လအတွင်း ကုသရင် ပျောက်ကင်းဖို့ လွယ်ကူပါတယ်။ အသက်၅နှစ်နောက်ပိုင်းမှ ကုသမယ်ဆိုရင်တော့ အနည်းငယ် ခက်ခဲသွားမှာပါ။ စကားထစ်ခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာတေွကလည်း ပျောက်ကင်းဖို့ ခက်ခဲပါတယ်။

မိဘတေွအနေနဲ့ ကလေးကို အားပေးစကားပြောကြားပါ။ စကားပြောတဲ့အခါ ရင်ကော့ ၊ ခေါင်းမော့ပြီး မျက်လုံးချင်းဆိုင် စကားပြောစေပါ။ စကားထစ်တာ မရှက်ဖို့ မကြောက်ဖို့နဲ့ ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝ့ံ စကားပြောဖို့ အားပေးပါ။ အိမ်မှာ စကားပိုပြောခိုင်းပြီး အိမ်သားအားလုံးကလည်း ဂရုတစိုက်နားထောင်ပေးရပါမယ်။ စိတ်ဖိအားများနေချိန်မှာတော့ အတင်းတွန်းအားမပေးပါနဲ့။ မဆူပါနဲ့ ။ မလေှာင်ပါနဲ့ ။ ဒါဟာ အရေးကြီးပါတယ်။ အသက်မှန်မှန်ရှူပြီး ဖြည်းဖြည်းနဲ့အေးဆေးပြောပါစေ။

မှန်ကြည့်ပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ်စကားပြောခိုင်းပါ။ ဒါကို အသံသွင်းပြီး ပြန်နားထောင်ခိုင်းပါ။ သာမန်အချိန်လောက်ထစ်မှာ မဟုတ်တာကြောင့် သင့်ကလေး ယုံကြည်မှု ပိုရစေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတေွကို အသုံးပြုမယ်ဆိုရင်တော့ သင့်ကလေးစကားထစ်ခြင်း အမြန်ဆုံး ပျောက်ကင်းမှာ ဖြစ်ပါတယ်။
HYA (kyarlay)