
ပန်းရောင်သန်းတဲ့ လက်ဖဝါးနုနုလေးကို မလိုချင်တဲ့သူဆိုတာ မရှိပါဘူး။ အားလုံးက အမြဲလက်ဖဝါးနုနုလေး ဖြစ်ချင်ကြတဲ့သူတေွချည်းပါပဲ။ ဟုတ်တယ် မဟုတ်လား။ တကယ်လို့ သင့်လက်ဖဝါးက ခြောက်ပြီး ကြမ်းနေတယ်ဆိုရင် သင့်အတွက် သတင်းကောင်းလေး တစ်ခုကို မှျဝေပေးချင်ပါတယ်။ ဒီ ကုသနည်းလမ်းလေးကတော့ လက်ဖဝါးခြောက်ပြီး ကြမ်းနေတဲ့သူတေွအတွက်ဆို နောင်တရစရာ မလိုအောင် ချက်ချင်း ပျောက်ကင်းသွားစေမှာပါ။ ထိုနည်းလမ်းလေးတေွကတော့

၁။ သံလွင်ဆီနဲ့သကြား
------------------------
တကယ်လို့ သင် ပန်းရောင်သန်းတဲ့ လက်ဖဝါးနုနုလေးကို အရမ်းလိုချင်နေပြီဆိုရင်တော့ သံလွင်ဆီနဲ့ နှိပ်နယ်ပေးပြီး သကြားနဲ့သံလွင်ဆီကို သုံးပြီးတော့ scrub လုပ်ပေးပါ။ဒါဆိုရင်တော့ ၁မိနစ်ထဲနဲ့ သင်လက်ဖဝါး နုနုလေး ဖြစ်လာမှာပါ။
ပါဝင်ပစ္စည်း
------------
သံလွင်ဆီ စားပွဲတင်ဇွန်း ၁-၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၁-၂ဇွန်း
အရင်ဦးဆုံး သကြားနဲ့သံလွင်ဆီကို အချိုးအဆ ညီညီ ရောပေးပါ။ ပြီးရင် ရလာတဲ့အရောနဲ့ လက်ဖဝါးပေါ် စက်ဝိုင်းပုံစံ မိနစ် အနည်းငယ်လောက် ပွတ်ပေးပါ။ပွတ်ပေးပြီရင် လက်ပေါ်မှာ ဒီအတိုင်းလေး ထားပေးပါ။ ခနနေရင် ရေနေွးလေးနဲ့ ဆေးပေးပြီး အခြောက်ခံပေးပါ။ ပြီးရင် moisturizer လေးလိမ်းပေးပါ။ ဒါဆိုရင်တော့ နောက်ဆုံးမှာတော့ နူးညံတဲ့ ခံစားမှုမျိုးကို ရလာမှာပါ။ သင့်လက်ဖဝါးလေး အမြဲနူးညံတဲ့ ခံစားမှုမျိုးကို လိုချင်ရင်တော့ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးပါ။

၂။ ပျားရည်နဲ့ သံပုယိုသီး
--------------------------
ပါဝင်ပစ္စည်း
------------
ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
သံပုယိုသီး ၁လုံး
ပျားရည်ချည်းပဲ ဆိုရင်တော့ ကြမ်းနေတဲ့ လက်ဖဝါးအတွက် အကျိုးရှိစေပါတယ်။ အရင်ဦးဆုံး ပျားရည် အနည်းငယ်နဲ့ လက်တစ်ခုလုံးအပေါ် မိနစ်အနည်းငယ် ကြာအောင် ပွတ်ပေးပါ။ပြီးရင် ရေနေွးလေးနဲ့ ဆေးပေးပါ။ခနနေ အခြောက်သုတ်ပေးပြီးတော့ moisturizer လေးလိမ်းပေးပါ။ဒါဆိုရင်တော့ နောက်ဆုံးမှာ နူးညံစေတဲ့ ခံစားမှုမျိုးကို ရလာမှာပါ။ ဒါအပြင် ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးလည်း ရှိပါသေးတယ်။ ထိုနည်းလမ်းလေးကတော့ အရင်ဦးဆုံး ပျားရည်ထဲ သံလွင်ဆီနဲ့သံပုယိုရည်တို့ကို ရောပေးပြီးတော့ ရောမေွှပေးပါ။ ပြီးရင် လက်ပေါ်မှာ လိမ်းပေးပြီးတော့ ၁၅- ၂ဝမိနစ်လောက် ထားပေးပါ။ပြီးရင် ရေနေွးလေးနဲ့ ဆေးပြီးတော့ moisturizer လိမ်းထားပေးပါ။ဒါဆိုရင် သင့်အတွက် အိုကေပါပြီ။ ဒီနည်းလေးကို တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ်လောက် လုပ်ပေးပါ။

၃။ Oatmeal နဲ့ပျားရည်
-------------------------
ပါဝင်ပစ္စည်း
------------
Oatmeal စားပွဲတင်ဇွန်း ၂ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
သံပုယိုရည်အနည်းငယ်
ရေအနည်းငယ်
အရင်ဦးဆုံး Oatmeal ၊ ပျားရည်နဲ့သံပုယိုရည်တို့ကို ရောပေးပြီးတော့ ရေအနည်းငယ်ကို ပျစ်ပျစ်ဖြစ်အောင် ထည့်ရောပေးပါ။ပြီးရင် ဒီအနှစ်နဲ့ လက်ပေါ်မှာ လိမ်းပေးပြီးတော့ မိနစ်အနည်းငယ်လောက် ထားပေးပါ။ ခနနေ မိနစ်အနည်းငယ်လောက် ထားပေးပြီး ၅-၁ဝမိနစ်လောက်နေမှ ဖြည်းဖြည်းခြင်း ပွတ်ပေးပါ။ပွတ်ရင်းနဲ့ ခြောက်သွားရင် ရေအနည်းငယ် ထပ်ထည့်ပြီးတော့ ပွတ်ပွတ်ပေးပါ။ပြီးရင် ရေနေွးလေးနဲ့ ဆေးပေးပြီးတော့ အခြောက်ခံပေးပါ။ဒါဆိုရင်တော့ သင့်အတွက် အိုကေပါပြီ။ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၁ကြိမ် ၃ကြိမ်လောက် လုပ်ပေးပါ။ အားလုံးပဲ လက်ဖဝါး နုနုချောချောလေးတေွ ဖြစ်ကြပါစေ။
#Ref(rapidhomeremedies - အလှအပနဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)