မေမေတို့ရေ သားသားမီးမီးလေးတေွမှာ စာနာနားလည်စိတ်ရှိဖို့အတွက် အခြားသူတစ်ဦးဦးအပေါ်မှာ နားလည်မှုနဲ့ စာနာတတ်တဲ့ စိတ်ကောင်းစေတနာလေးတေွရှိစေဖို့အတွက် လေ့ကျင့်ပေးဖို့လိုပါတယ်နော်။ အဲ့ဒီလိုလေ့ကျင့်ပေးတဲ့အခါမှာလည်း မိသားစုတေွမှာ ပတ်ဝန်းကျင်မှာ အခြားသူတေွအပေါ် အနိုင်အထက်ပြုကျင့်မှုတေွမရှိဖို့တော့ မေမေတို့က ဂရုတစိုက်နဲ့ ဘေဘီလေးတေွရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးဖို့လိုပါတယ်နော်။
စတင်လေ့ကျင့်ပေးနိုင်တာကတော့ ကလေးတေွကို စာတေွများများဖတ်ပြဖို့ပါပဲ။ ကလေးတေွကို ပုံပြင်တေွဖတ်ပြတာ၊ စာတေွဖတ်ပြပြီးရုပ်ပုံလေးတေွှပပေးတာတေွကို ကလေးတေွစကားပြန်မပြောတတ်သေးတဲ့ အရွယ်မှာကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။ စာတေွဖတ်ပြရင်းနဲ့ ပုံပြင်တေွထဲက ဇာတ်ကောင်းတေွရဲ့ အပျော်တေွ၊ ၀မ်းနည်းမှုတေွကို သားသားမီးမီးလေးတေွ နားလည်အောင် ပုံဖော်ပြောပြတတ်ဖို့လည်း လိုပါတယ်။ ရုပ်ပုံပါတဲ့ စာအုပ်တေွဆိုရင်လည်း ၀မ်းနည်းမှု၊ ၀မ်းသာပျော်ရွှင်မှု စတဲ့ခံစားချက်လေးတေွကို သားသားမီးမီးလေးကို ပြသ၊ ပြောပြပြီး အခြားသူကို ၀မ်းနည်းနာကျင်အောင်မလုပ်မိဖို့တေွအတွက် ပြောပြသင်ပြပေးထားဖို့ လိုပါတယ်နော်။ အဲ့ဒါမှလည်း ကလေးတေွဟာ အခြားသူတစ်ပါးသူအပေါ်မှာ ပြုသင့်တဲ့အရာတေွ၊ မပြုသင့်တဲ့အရာတေွကိုသိရှိပြီး စာနာနားလည်မှုတေွကို ခံစားမိသွားစေမှာပဲဖြစ်ပါတယ်။
ကလေးကို တစ်ဦးတည်းဆော့ကစားစေတာမျိုးထက် ပတ်ဝန်းကျင်ကအခြားသူငယ်ချင်းတေွ၊ အခြားမောင်နှမတေွနဲ့ အတူတကွ ဆော့ကစားစေတာ၊ စုပေါင်းပြီး ဆော့ကစားရတဲ့ ကစားနည်းမျိုးတေွကို ကစားစေတာ၊ အစားအစာတေွကို အခြားသူတေွကို မှျဝေပေးတတ်အောင်၊ ကစားစရာတေွကို မှျဝေဆော့ကစားတတ်အောင် လေ့ကျင့်ပေးထားမယ်ဆိုရင်လည်း ကလေးရဲ့စာနာနားလည်စိတ်ကို တိုးပွားစေပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာ တကိုယ်ကောင်းဆန်တဲ့သူတစ်ဦးအဖြစ် ကြီးပြင်းသွားစေတာထက် ကိုယ့်ရဲ့ရင်သေွးလေးတေွဟာ နားလည်စာနာစိတ်နဲ့ စိတ်ကောင်းစေတနာကောင်းတေွရှိတဲ့ သားသားမီးမီးလေးတေွအဖြစ် ကြီးပြင်းသွားစေဖို့ မိဘတေွအနေနဲ့ လေ့ကျင့်ပေးလိုက်ရအောငေ်နာ်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)