
ကလေးငယ်လေးများကို ၆လ သားအထိ မိခင်နို့ရည်တစ်မျိုးတည်း တိုက် ကျေွးခြင်းဖြင့် ကလေးငယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်လေးကို ရောဂါများမှ ကာကွယ်ရန်လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ ကောင်းမွန်စေပါသေးတယ်။ ကလေးငယ်လေးအသက် ၆ လကျော်လာရင်တော့ မိခင်နို့ရည် တစ်မျိုးတည်း တိုက်ကျေွးရုံနဲ့ မလုံလောက်တော့ဘဲ ဖြည့်စွတ်စာများ စတင်ကျေွးဖို့ လိုအပ်လာပါတယ်။

မေမေတို့က ကလေးငယ်ကို မိခင်နို့ အစား အခြားနွားနို့ နဲ့ ဆိတ်နို့များ တိုက်တတ်ကြပါတယ်။ ထိုအခါ ကလေးငယ်လေးမှာ နို့နဲ့ ဓာတ်မတည့်ဘဲ အစာဓာတ်မတည့်ခြင်း ဖြစ်ပွားရပါတယ်။ နို့နှင့် ဓာတ်မတည့်ခြင်းကတော့ ကလေးများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။

နို့နှင့်ဓာတ်မတည့်ခြင်းဆိုတာကတော့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်က နို့ရည်ကို အာဟာရထက် ရောဂါပိုးမွှားတစ်ခုလို တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။မိခင်နို့ရည်ကိုပါ ဓာတ်မတည့်သလိုတုံ့ပြန်နေရင်တော့ မိခင်နို့ရည်က မဟုတ်ဘဲ မိခင်စားသုံးလိုက်သော အစားအစာက ကလေးငယ်ဆီ မိခင်နို့ရည်က တဆင့်ရောက်သွားခြင်းဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောကြပါတယ်။

နို့နဲ့ဓာတ်မတည့်ခြင်းမှာ ၂ မျိုးရှိပြီး နို့ကို လုံံးလုံး ဓာတ်မတည့်ခြင်းနှင့် နို့တွင် ပါ၀င်သော သကြားဓာတ်ကို ဓာတ်မတည့်ခြင်းတို့ဖြစ်ကြပါတယ်။ နို့ကို လုံးလုံး ဓာတ်မတည့်ခြင်းမှာတော့ ကလေးငယ်ရဲ့ ကိုယ်ခံအား စနစ်ပါ၀င်ပြီး သကြားဓာတ်ကို ဓာတ်မတည့်ခြင်းမှာတော့ ကလေးငယ်ရဲ့ အစာချေ စနစ်သာ ပါ၀င်ပါတယ်။ နို့ကို လုံးလုံးဓာတ်မတည့်ခြင်းကတော့ ကလေးငယ်ဟာ နို့ ကို လုံးဝမသောက်သုံးသင့်ပေမယ့် သကြားဓာတ်ကို ဓာတ်မတည့်ခြင်းမှာတော့ ကလေးငယ်ဟာ သကြားမပါ၀င်သော နို့ကိုသောက်သုံးနိုင်ပါတယ်။

ကလေးငယ်လေးများမှာ နို့ဓာတ်မတည့်ခြင်းဖြစ်လာရင်တော့ အသားအရည်မှာ အဖုအထစ်များထလာခြင်း၊ ကလေးငယ်ရဲ့ မျက်နှာပြင်တစ်ဝိုက် ဖူးယောင်လာခြင်း၊ အသက်ရှူရန်ခက်ခဲခြင်းနှင့် ချောင်းဆိုးခြင်း၊ ကလေးငယ်ဟာ နှာစေးခြင်းကို လည်းခံစားရနိုင်ပြီး အစာအိမ် လမ်းကြောင်းအတွင်း အဆင်မပြေဖြစ်ခြင်းနဲ့ ကလေးငယ်လေးမှာ ၀မ်းပျက်ဝမ်းလေှျာဖြစ်သောအခါသေွးပါခြင်းများပါ ဖြစ်နိုင်ပါသေးတယ်။ထို့အတွက် ဖေဖေ မေမေ တို့က ကလေးငယ်လေးများကို အစားထိုးနို့ တိုက်တဲ့ အခါ သတိထားပေးရမယ်နော်။
mIgI