မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ အရည်အသေွးတေွ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားလို့ရပါတယ်နော်။ လူတိုင်းမှာ ကိုယ်ပိုင်အရည်အသေွးရှိတယ်ဆိုပေမယ့် အဲ့ဒီကိုယ်ပိုင်အရည်အသေွးတေွကို ပိုမိုပြီးထက်မြက်လာစေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမှာက ဖေဖေ၊ မေမေတို့အနေနဲ့ ဆောင်ရွက်ပေးလို့ရပါတယ်နော်။
မေမေတို့ရေ ကလေးငယ်တေွရဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသေွးတိုးတက်ဖို့ကတော့ မေမေတို့ရဲ့အရည်သေွးနဲ့လည်း သက်ဆိုင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွအတွက်ကတော့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ ပိုမိုတိုးတက်စေလိုတယ်ဆိုရင်တော့ မေမေတို့တေွက ငယ်စဉ်ကတည်းက သက်ဆိုင်ရာလေ့ကျင့်မှုတေွကို ဂရုတစိုက်ပြုလုပ်ပေးဖို့လိုပါတယ်။ မေမေတို့နဲ့အတူတူ သင်ကြားလေ့ကျင့်ပေးတာတေွှပုလုပ်ပေးနိုင်ပါတယ်။ အရောင်ကွဲတေွ၊ ပုံသဏ္ဍာန်ကွဲတဲ့ပစ္စည်းတေွကို ကလေးငယ်တေွကိုယ်တိုင်က မှန်မှန်ကန်ကန်ရေွးချယ်တတ်အောင် သင်ကြားပေးခြင်းနဲ့လည်း ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွကို တိုးတက်လာစေဖို့ ကြိုးပမ်းနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ကလေးတေွကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့လည်း လေ့ကျင့်ပေးရမှာပါ။ သူတို့တေွကို စိတ်ကြိုက်ပြုလုပ်ခွင့်ပေးထားဖို့လိုပါတယ်။ လူတိုင်းဟာအမှားနဲ့မကင်းတဲ့အတွက် ကလေးတေွရဲ့ပြုလုပ်ချင်စိတ်တေွကို ဟန့်မတားမိအောင် သတိထားပေးဖို့လိုပါတယ်။ ကလေးငယ်တေွရဲ့ စိတ်ကြိုက်လွတ်လပ်စွာ ပြုလုပ်စေခွင့်နဲ့အတူ အမှားရှိလာတဲ့အခါ ရှင်းပြပေးပြီး ထပ်မံကြိုးစားစေတဲ့ နည်းလမ်းကလည်း ကလေးတေွရဲ့ အရည်အသေွးတေွကို တိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ စုပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးမှုကလည်း ကလေးတေွရဲ့ တိုးတက်မှုတေွမှာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်နော်။ နောက်ပြီး ကလေးတေွကို ငယ်စဉ်ကတည်းက လူတေွှကားထဲမှာ နေထိုင်တတ်အောင်၊ လူအများကြားမှာ ထားရှိပေးပြီး မိဘတေွက ဘေးကနေထိန်းကျောင်းပေးဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီလိုအချက်ကလေးတေွက မခက်ခဲဘူးဆိုပေမယ့် ကလေးတေွရဲ့ အနာဂတ်အတွက်တော့ ကောင်းမွန်တဲ့အရည်အချင်းတေွကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အပံ့ကောင်းတေွှဖစ်ပါတယ်တဲ့ မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)