
ကလေးငယ်လေးတစ်ယောက် လူ့လောကထဲကို ရောက်လာပြီဆိုရင် ဖြတ်သန်းရတဲ့ တစ်ညတာတိုင်းက ဖေဖေမေမေတို့အတွက် သိပ်တော့ မဖြောင့်ဖြူးနိုင််ပါဘူး။ ညဘက်ဆို ကလေးက တရေးနိုး ထထငိုတာ၊ ပြန်သိပ်ရတာ၊ နို့ပြန်တိုက်ရတာနဲ့ အိပ်ရေးတေွ အတော်ပျက်ရပါတယ်။ နေ့နဲ့ ည လွဲနေတဲ့ကလေးတေွနဲ့ဆို ပိုဆိုးပါလေရော။ ဒါဟာ ကလေးတိုင်းဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် ကလေးလေး ဘာကြောင့်ငိုတာလဲဆိုတဲ့အပေါ် စိတ်ပူကြတဲ့ မိဘတေွလည်း အတော်ကိုများပါတယ်။ ဒါကြောင့် ညဘက် ထငိုတတ်တာက ဘာကြောင့်လဲဆိုတဲ့ ဖြစ်နိုင်ခြေ ရှိတဲ့အကြောင်းရင်းလေးတေွ သိထားရင် စိတ်အေးစရာ စိတ်အေးရပါတယ်၊ ဒါဆို ကိုယ်လုပ်ပေးစရာရှိတာလည်း လုပ်ပေးနိုင်တယ်လေ။ ကလေးက လိုတာတစ်မျိုး၊ မေမေတို့က လုပ်ပေးနေတာက တလွဲဆိုရင် ကလေးက ပိုပြီးတောင် ငိုနေဦးမှာပါ။ ဥပမာ - လေနာကြောင့် ငိုနေတဲ့ကလေးကို သက်သာအောင် မလုပ်ပေးမိဘဲ ဗိုက်ဆာတယ်ထင်ပြီး နို့တိုက်၊ အတင်းပြန်သိပ်တာမျိုး။ သူက ဘာကိုလိုအပ်နေတာလဲ၊ ဘာလို့ ထငိုတာလဲဆိုတာကို မေမေတို့တေွ ကောင်းကောင်း သဘောပေါက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လေးတေွက စကားမှ ကောင်းကောင်း မပြောတတ်သေးလို့ပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဘေဘီလေးတေွ ညဘက် ထထငိုတာ ဒီအကြောင်းတေွကြောင့် ဖြစ်တာလားဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ဗိုက်ဆာလို့
----------------
ကလေးတေွဟာ အများအားဖြင့်တော့ ဗိုက်ဆာလို့ ငိုတာများပါတယ်။ လသားကလေးတစ်ယောက်ရဲ့ဗိုက်ကလေးက သေးသေးလေး။ တစ်ခါနို့စို့ထားတဲ့ပမာဏက မကြာခင်မှာပဲ ကုန်သွားမှာမို့ မကြာခဏ နို့တိုက်ပေးဖို့ လိုအပ်ပါတယ်။ မေွးကင်းစအရွယ် ကလေးတစ်ယောက်ကို တစ်နေ့ ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ၊ ၂ နာရီ သို့မဟုတ် ၃ နာရီခြား တစ်ကြိမ် နို့တိုက်ပေးသင့်ပါတယ်။ ဒါပေမယ့် ၁ လ၊ ၂လသားဆိုရင် တစ်နေ့ကို ရ ကြိမ်ကနေ ၉ ကြိမ်အထိပဲတိုက်ဖို့လိုတယ်။ ၃ လလောက်ရောက်ရင်တော့ နို့ထစို့စရာမလိုဘဲ ၆ နာရီကနေ ၈ နာရီအထိ ဆက်တိုက် အိပ်နိုင်ပါတယ်။ ကလေးက ငယ်လေ ညဘက်တရေးနိုး ထရတဲ့အကြိမ်ရေက ပိုများလေပါပဲ။ ၃လအထက်မှာဆိုရင်တော့ အိပ်ခါနီး နို့တိုက်ပြီး သိပ်လိုက်ရင် ကောင်းကောင်းအိပ်သွားပါလိမ့်မယ်။

၂။ အမေကို ထရှာတာ
------------------------
တစ်ခါတလေ ညဘက်ထငိုတဲ့အခါ ဖင်လေးပုတ်ပြီး သီချင်းညည်းရင်း ပြန်သိပ်လိုက်ရင် အိပ်သွားတာမျိုးပါ။ ဖေဖေမေမေက အနားမှာရှိနေတယ်ဆိုတာကို ကလေးက သိတယ်။ ချော့သိပ်တာလေးနဲ့ပြန်အိပ်မယ်။ အမေကို ထရှာတတ်တဲ့ ငိုခြင်းမျိုးဖြစ်ပါတယ်။ ဒီအချိန်မှာ သတိထားရမှာက ချော့သိပ်တာမျိုးပဲလုပ်ပါ၊။ ကလေးကို တစ်ခုခုနဲ့ ချော့မြျုတာ၊ အငိုတိတ်အောင် ကစားပေးတာမျိုးတေွ မလုပ်လိုက်ပါနဲ့။

၃။ ချမ်းလို့ ဒါမှမဟုတ် အိုက်လို့
---------------------------------
ပူအိုက်နေရင် ဒါမှမဟုတ် ချမ်းနေရင် ကလေးက အိပ်လို့ အဆင်မပြေဖြစ်ပြီးတော့ နိုးလာနိုင်ပါတယ်။ ခြေလက်ကလေးတေွကို စမ်းကြည့်သင့်ပါတယ်။ အေးနေရင် စောင်လေး၊ အကျႌလက်ရှည် ၊ ဘောင်းဘီရှည်လေး ဝတ်ပေးတာမျိုး၊ အိုက်နေရင် အနေွးထည်ချှတ်၊ စောင်ခွာပေးတာမျိုး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ အနေွးထည်ထူထူကြီးတေွ ဝတ်မပေးဘဲ ချည်ထည်လေးတေွ၊ အနှီးလေးတေွပဲ သုံးသင့်ပါတယ်။ ကလေးအတွက် စောင်က အထူ၊အလေးကြီးတေွ ဖြစ်မနေသင့်ပါဘူး။

၄။ ရှူရှူး ဒါမှမဟုတ် အီးအီးပေနေလို့
----------------------------------------
ကလေးက အညစ်အကြေး စွန့်ပြီးတဲ့အခါ အေးစက်စက်ဖြစ်နေတာ၊ ပေနေတာနဲ့ နိုးတော့တာပါပဲ။ ကလေးငိုတယ်ဆို ရှူးပေါက်ထားလား၊ အီးအီးပါထားလား စမ်းကြည့်ပါ။ သေးခံ(diaper) ဝတ်ထားတယ်ဆိုပြီးလည်း တစ်ယောက်တည်း ပစ်မထားပါနဲ့။ အညစ်အကြေးတေွကို မသန့်စင်ပေးဘဲ တစ်ညလုံးထားရင် ကလေးအရေပြားနုနုလေးမှာ သေးခံလောင်တဲ့ပြဿနာဖြစ်လာတာက နောက်ဆက်တွဲပြဿနာတေွပါပဲ။ ဒါကြောင့် ကလေးကို အသာအယာလဲပေး၊ သန့်စင်ပေးပြီးတော့ ပြန်သိပ်ပါ။

၅။ တစ်ခုခုကြောင့် စိတ်အနေှာင့်အယှက်ဖြစ်သွားလို့
-------------------------------------------------------
ပုံမှန်ဖြစ်လေ့ရှိတဲ့ ကြွက်သားတွန့်တာ၊ ဆတ်ခနဲဖြစ်တာလေးတေွကြောင့်လည်း ကလေးကိုနိုးစေပြီး ငိုစေနိုင်ပါတယ်။ အသံ ၊ အလင်း စတာတေွကြောင့်လည်း ကလေးကို နိုးစေနိုင်ပါတယ်။ ရုတ်တရက်လန့်နိုးလည်း ငိုတတ်လိို့ သေချာ ပြန်ချော့သိပ်ပေးပါ။

၆။ လေနာ ဖြစ်လို့
-------------------
ကလေးက အကြောင်းမရှိဘဲ ချော့မရအောင် အချိန်ကြာကြာ ငိုနေတာ( တစ်နေ့ကို ၃ နာရီကျော်လောက်)ဆိုရင် လေနာဖြစ်စေနိုင်ပါတယ်။ ကလေးက လက်သီးလေး ကျစ်ကျစ်ဆုပ်ထားမယ်၊ ဗိုက်ကလေးက တင်းပြီးတော့ ဖောင်းသလိုဖြစ်နေမယ်။ ခြေထောက်လေးတေွ ကေွးထားမယ်ဆိုရင် လေနာဖြစ်နေနိုင်ပါတယ်။ လေနာဆိုတာ နေ့တိုင်း ဒီအချိန်ပဲ၊ တူညီတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ်။ အများအားဖြင့်တော့ လေနာတာဟာ ညနေပိုင်းမှာပဲ အဖြစ်များပါတယ်။ ရောဂါတစ်ခု မဟုတ်သလို နောက်ဆက်တွဲပြဿနာလည်း မရှိနိုင်ပေမယ့် ၁ လဝန်းကျင် ကလေးငယ်တေွမှာ ဖြစ်တတ်တဲ့ဝေဒနာပါ။ ၂လကျော်ရင် လျော့ပါးလာတတ်ပြီးတော့ ၄ လလောက်မှာ အပြီးပျောက်သွားလေ့ ရှိပါတယ်။ လေနာသက်သာဖို့က gripe water( Gripe Mixture) လို ကလေးတေွအတွက်သီးသန့်ထုတ်တဲ့လေဆေးလေးတေွ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်လို့ရပါတယ်။ လက်ချောင်းထိပ်နဲ့ ဗိုက်ကို အသာလေး ဖွဖွနှိပ်နယ်ပေးပါ၊ သီချင်းလေးဆိုပြီး အာရုံပြောင်းချော့ပါ။

၇။ နေမကောင်းဖြစ်နေလို့
----------------------------
ကလေးက ညဘက်တထ ငိုတဲ့အကြောင်းရင်းက နေထိုင်မကောင်းတာ တစ်ခုခုဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဖျားတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ စတဲ့ ဘယ်လိုနေထိုင်မကောင်းတာပဲဖြစ်ဖြစ် ကလေးက ညဘက်ကောင်းကောင်း မအိပ်နိုင်ပါဘူး။ ကလေး သက်တောင့်သက်သာဖြစ်ဖို့ရယ်၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းရယ် ပြုစုစောင့်ရေှာက်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးတာဝန်တေွကြောင့် နေ့လည်းမနားရ၊ ညလည်း မအိပ်ရတဲ့အခါ ဒေါသမထွက်ပါနဲ့၊ စိတ်မပျက်ပါနဲ့။ ဒါဟာ မိဘတိုင်းကြုံတေွ့ရင်ဆိုင်ရတဲ့ ကိစ္စမို့လို့ မကြာခင် ကျော်လွှားနိုင်မှာပါနော်။ အရာအားလုံးဟာ ကိုယ့်ရင်သေွးလေးအတွက် ကိုယ့်မိသားစုအတွက်ပဲမို့ ဖေဖေမေမေတို့ အားတင်းထားသင့်ပါတယ်။ သူ့တာဝန်၊ ငါ့တာဝန် မခွဲခြားဘဲ နှစ်ယောက်အတူတူ နားလည်မှုနဲ့ ဖြေရှင်းရင် ပျော်ဖို့တောင် ကောင်းသေးတယ်မဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ကာလတေွဟာ ကလေးလေး အရွယ်ရောက်လာတဲ့အခါ ပြန်ပြောဖြစ်ကြမယ့် အမှတ်တရလေးတေွပါပဲ။
#Ref(Hello - ကလေးငယ်နဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)