စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ်ကို ညာဘက်ဦးနေှာက်ဖွ့ံဖြိုးစေမယ့် နည်းလမ်းကောင်းများ

Posted by Htoo Yan Aung September 6, 2019
Khtwt6pg3advgbhwinox

သာမန်လူတေွဟာ ဘယ်ဘက်ဦးနေှာက်ကိုပဲ သုံးတာဖြစ်ပြီး ကလေးငယ်တေွကတော့ သူတို့ရဲ့ ဦးနေှာက်တစ်ခုလုံးဖြစ်တဲ့ ဘယ်ဘက်ဦးနေှာက်ရော ညာဘက်ဦးနေှာက်ကိုပါ အသုံးချနိုင်တာ ဖြစ်တဲ့အတွက် သာမန်လူတေွနဲ့ များစွာ ကွာခြားပါတယ်။ ဘယ်ဘက်ဦးနေှာက်ဖွ့ံဖြိုးခြင်းကို အသားပေးတဲ့ ပညာရေးစနစ်တေွှကားမှာ ကိုယ့်ရဲ့ရင်သေွးငယ်ကို ဦးနေှာက်တစ်စုံလုံးအသုံးပြုနိုင်ဖို့ ညာဘက်ဦးနေှာက်ဖွ့ံဖြိုးအောင် အိမ်မှာပဲ လေ့ကျင့်ပေးနိုင်တဲ့နည်းလမ်းကောင်းလေးတေွကို မှျဝေပေးသွားပါမယ်။

Djqrpcp0imhba6qt2yfu

ပုံပြင်စာအုပ်လေးတေွ ဖတ်ပြပေးတာက ပေါ့သေးသေးမဟုတ်ပါဘူး။ အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ဘဝကတည်းက ကလေးတေွကို စာအုပ်ဖတ်ပြပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက စာအုပ်တေွကို အော်ပြီးဖတ်ပြပေးရပါမယ်။ နေ့တိုင်းဖတ်ပြပေးရပါမယ်။ အသက်တစ်နှစ်အောက်မှာ စာအုပ်ဖတ်ပေးမယ်ဆိုရင် ကလေးရဲ့အမြင်အာရုံကို တိုးတက်စေပြီး အာရုံစူးစိုက်နိုင်မှုနဲ့ တီထွင်ဆန်းသစ်နိုင်မှုတေွကို သိသိသာသာ မြင့်တက်စေပါတယ်။

S0enwxsvshw7wd20skfe

Puzzle ဆိုတာက ပုစ္ဆာကို ဖြေရှင်းရတာပါပဲ။ ဒီလိုအဖြေထုတ်တဲ့နေရာမှာ စိတ်ရှည်မှု ၊ အာရုံစူးစိုက်မှုနဲ့ ယုတ္တိရှိရှိ စဉ်းစားနိုင်မှုတေွ လိုအပ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ခက်ခဲမှုအတိုင်းအတာကို တွက်ဆပြီး ဖြေရှင်းခိုင်းရပါမယ်။ လူကြီးတေွဆော့တဲ့ ဆူဒိုခုလိုမျိုး ခက်တဲ့ဟာလေးတေွကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးသင့်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ရဲ့ IQ မြင့်မားစေမယ့် အဓိကအချက်ပါပဲ။

Mkwcxazs3banjxfnhlox

ကာယလေ့ကျင့်ခန်းမှာ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးက ကလေးငယ်ကို ဒီတိုင်းလွှတ်ထားပြီးတော့ ပေးကစားတာပါ။ ဒီလိုမျိုးကစားနေတဲ့ဟာက Exercises ရပါတယ်။ ကလေးကိုစိတ်ထဲရှိသလို ကစားခိုင်းတာပါ။ အဲ့ဒါထက်ပိုကောင်းတဲ့ နောက်တစ်မျိုးက Instruction ပါတဲ့ လေ့ကျင့်ခန်းမျိုးပါ။ ကိုယ်ကအရေှ့ကလုပ်ပြတာကို ကလေးငယ်လိုက်လုပ်တာပါ။ အကြောလေှျာ့တာတေွ ၊ ကတာတေွ ၊ ယောဂတေွ စသဖြင့် လုပ်ပေးရတာပါ။ မြင်တဲ့အတိုင်း လိုက်လုပ်ဖို့ဆိုတာ ကလေးတစ်ယောက်အတွက် ထင်သလောက်မလွယ်ကူပါဘူး။ ဦးနေှာက်ကို အလုပ်ပေးရတာဖြစ်တာကြောင့် ဉာဏ်ရည်ဖွ့ံဖြိုးမှုအတွက် အရေးပါပါတယ်။

Ieoe7enkmeqcbmh0ol0x

Flash Card လေးတေွကိုလည်း ကလေး၆လသားအရွယ်မှာ စပြလို့ရပါတယ်။ Flash Card လေးတေွက သင့်ကလေးငယ်ရဲ့ ဝေါဟာရ မှတ်သားနိုင်မှုစွမ်းရည်ကို မြင့်မားစေနိုင်ပါတယ်။ Flash Card ကို မြန်မြန်ဆန်ဆန်ပြပေးနိုင်ရင် ညာဘက်ဦးနေှာက်ဖွ့ံဖြိုးတိုးတက်စေပြီး နေှးနေှးပြပေးနိုင်မယ်ဆိုရင်တော့ ဘယ်ဘက်ဦးနေှာက်ကို ဖွ့ံဖြိုးတိုးတက်စေပါလိမ့်မယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.