
ကလေးငယ်လေးများကို ခြောက်လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျေွးသင့်ပြီး ကလေးငယ်အတွက် လိုအပ်သောအာဟာရနဲ့ ရောဂါ ကာကွယ်ရန်အတွက် လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးပါသေးတယ်။ ၆ လသားကျော်လာချိန်မှာတော့ မိခင်နို့ရည်တစ်မျိုးတည်းက မလုံလောက်တော့ဘဲ ကလေးငယ်ကို ဖြည့်စွတ်စာများ ကျေွးဖို့လိုအပ်လာပါပြီ။ ဖြည့်စွတ်စာများထဲကမှ ကလေးငယ်များအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးသော ကန်စွန်းဥအကြောင်းမှျဝေပေးချင်ပါတယ်။

ကန်စွန်းဥကတော့ ကာဗွန်ဟိုက်ဒရိတ် နဲ့ အခြားဗီတာမင် နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါ၀င်ပါတယ်။ကလေးငယ်လေးအတွက်လိုအပ်သော အစာအာဟာရဖြည့်တင်းရန်အတွက် အကောင်းဆုံးအစားအစာပါပဲ။ ကန်စွန်းဥမှာ ပါ၀င်တဲ့ ဗီတာမင် A က ကလေးငယ်ရဲ့ အမြင်အာရုံအတွက် မျက်လုံးကျန်းမာရေးကို အထူးကောင်းမွန်စေပြီး ဗီတာမင် A ဓာတ်အကြွယ်ဝဆုံး အစားအစာလို့ပြောလို့ရလောက်အောင် ကောင်းမွန်ပါတယ်။ ဗီတာမင် A က ကလေးငယ်လေးရဲ့ အသားအရည်အတွက်လည်းကောင်းမွန်ပြီး နေလောင်ခြင်း အစက်အပျောက်များထခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ကန်စွန်းဥ မှာအမှျင်ဓာတ်လည်း ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်များ တနေ့တာအတွက် လိုအပ်သော စွမ်းရည်ကိုလည်း ပေးစွမ်းနိုင်ပြီး အမှျင်ဓာတ်များက ကလေးငယ်ရဲ့ အစာချေ ဖျက်မှုကိုလည်း ကောင်းမွန်စေသဖြင့် ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ ကန်စွန်းဥမှာ ဗီတာမင် A အပြင် C,E,K,B1,2,3,4,5,6,B9 တိုလည်း ပါ၀င်တဲ့အတွက် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အထောက်အပံ့အားလုံးကိ်ု ပေးစွမ်းနိုင်ပြီး ကလေးငယ်ရဲ့ကို်ယ်ခန္ဓာအတွင်း အင်္ဂါများအလုပ်လုပ်ခြင်းအတွက်လည်းကောင်းမွန်ပါသေးတယ်။

သတ္တုဓာတ်များကတော့ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်များကျန်းမာစွာ လုပ်ဆောင်နိုင်ရန်အကူအညီပေးပါတယ်။ကန်စွန်းဥ မှာတော့ ကိုယ်ခန္ဓာကလိုအပ်သော ကယ်လဆီယမ်၊ သံဓာတ်၊ မက်ဂနိဆီယမ်၊ ဖောစဖရပ်၊ ပိုတက်ဆီယမ်၊ဆိုဒီယမ်၊ အပြင် ဇင့် ဓာတ်ပါ ပါ၀င်တဲ့အတွက် တကယ်ကို သတ္တုဓာတ်များစွာပါ၀င်သော အစားအစာတစ်ခုဖြစ်ပါတယ်။

ကန်စွန်းဥကို ကျေွးရာမှာ ကန်စွန်းဥကို ပြုတ်ပြီးကျေွးခြင်း၊ မီးဖုတ်ပြီး ကျေွးခြင်းများ ပြုလုပ်နိုင်ပြီး ကလေးငယ်လေး ဝါးရန် အခက်အခဲရှိချိန်မှတော့ ချေပြီး ပူရီပုံစံမျိုးလုပ်ပြီးကျေွးပေးနိုင်ပါတယ်။ ကန်စွန်းဥက ကလေးငယ်လေးများရဲ့ ကျန်းမာရေးကို အထူးကျေးဇူးပြုတဲ့အတွက် ဖေဖေ မေမေတို့က စီစဉ်ပေးရမယ်နော်။
MIGI