
ကလေးငယ်များရဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများဟာ တကယ်ကို အရသာရှိကြတာကတော့ ထုံးစံပါပဲ။ ကလေးငယ်လေးများကို အသက် ၆ လသားထိ မိခင်နို့ရည်တစ်မျိုးတည်းသာတိုက်ကျေွးရုံနဲ့ လိုအပ်သော အစာအာဟာရနဲ့ ကျန်းမာရေးထောက်ပံ့မှု အပြည့်အဝ ရပါတယ်။ အသက် ၆ လသားကျော်မှာတော့ မိခင်နို့ရည်က မလုံလောက်တော့ဘဲ ကလေးငယ်များကို ဖြည့်စွတ်စာစကျေွးရပါတော့တယ်။ မေမေများကလည်း ကလေးငယ်လေးကို အစားအစာအစုံစမ်းကျေွးတတ်ကြပြီး အစားအစာများထဲမှ ရေခဲမုန့်အကြောင်းကို ပြောပြချင်ပါတယ်။

ရေခဲမုန့်ဟာ နို့ထွက်အစားအစာတစ်ခုဖြစ်လို့ ကလေးငယ် ၁ နှစ်ပြည့်ပြီးချိန်မှာ စတင်ကျေွးနိုင်ပါတယ်။ ကလေးငယ်လေးများဟာ နို့မှာပါတဲ့ အချိုဓာတ်ကို ချေဖျက်ရန်ခက်ခဲတဲ့အခါ ၀မ်းလေှျာခြင်းဖြစ်တတ်ပါတယ်။ ရေခဲမု့န်ဟာ နို့နဲ့ မလိုင်အနှစ်ရောစပ်ထားတဲ့အတွက် တစ်နှစ်အောက်ကလေးငယ်များစားသုံးရန် မသင့်တော်ပါဘူး။

အသက်တစ်နှစ်အရွယ်ကလေးမှာတောင် အာဟာရပြည့်ဝသော အစားအစာများသာ အဓိကထားကျေွးရမှာဖြစ်ပြီး ရေခဲမုန့်မကျေွးသင့်တဲ့ အခြားအကြောင်းရင်းများလည်း ရှိပါသေးတယ်။ ဆိုင်မှာ တင်သော ရေခဲမုန့်များမှာ တာရှည်ခံအောင် ထည့်ထားသော ဆေးများဟာ ကလေးငယ်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ အရောင်ဆိုးဆေးများကလည်း ကလေးငယ်အတွက် အန္တရာယ်ရှိပြီး ကလေးငယ်လေးကိုမကျေွးတာ အကောင်းဆုံးဖြစ်မှာပါ။

ရေခဲမုန့်ကိုဆိုင်ကပဲ ၀ယ်ဝယ် အိမ်မှာပဲ လုပ်လုပ် ဘတ်တီးရီးယားပေါက်ဖွားခြင်းကို ပေါက်ဖွားနိုင်ချေကတော့ ရှိပါတယ်။ ကလေးငယ်လေးများရဲ့ ကိုယ်ခံစွမ်းအားဟာ ရောဂါဘယများကို အလွယ်တကူ ကာကွယ်နိုုင်လောက်အောင်အားမကောင်းသေးပါဘူး။ထို့အတွက် ရေခဲမုန့်စားခြင်းက ကလေးငယ်လေးကို နေမကောင်းဖြစ်နိုင်ချေပါရှိနေပါသေးတယ်။ ပြင်းထန်ရင် ဆေးသောက်ရုံနဲ့ မပြီးသောကျန်းမာရေးပြဿနာများတောင်ဖြစ်နိုင်ပါသေးတယ်။

ကလေးငယ်လေးကို ကျေွးချင်ရင်တော့ သန့်ရှင်းသော ပါဝင်ပစ္စည်းများကို အသုံးပြုကာ အိမ်တွင်သာ ကိုယ်တိုင်ပြုလုပ်ပြီး ကလေးငယ်ကို ပမာဏအနည်းငယ်သာ စမ်းကျေွးနိုင်ပါတယ်။ ရေခဲမုန့်မှာပါ၀င်တဲ့ မြေပဲ၊ စပျစ်သီးခြောက်တို့နဲ့လည်း ကလေးငယ်ဟာ အစာဓာတ်တည့်ခြင်းရှိမရှိတော့ စောင့်ကြည့်သင့်ပါတယ်။
MiGi