
ကလေးငယ်များကို တော့ ၆ လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျေွးရုံဖြင့် ကလေးငယ်အတွက်လိုအပ်သော အစာအာဟာရများနဲ့ ကလေးငယ်ကျန်းမာရေးအတွက်လိုအပ်သော ကိုယ်ခံစွမ်းအားကိုပါ ဖြည့်တင်းပေးပါတယ်။ ကလေးငယ် ၆ လသားအရွယ်ရောက်လညချိန်မှာတော့ ဖြည့်စွတ်စာများစကျေွးနိုင်ပြီး အစားအစာများထဲမှ ကလေးငယ်ကို အနည်းငယ်စမ်းကျေွးကြည့်သင့်တဲ့ ထန်းလျက်ခဲအကြောင်းပြောပြပေးချင်ပါတယ်။

ထန်းလျက်ကိုတော့ မေမေများသိတဲ့ အတိုင်းအလွယ်တကူ ၀ယ်ယူနိုင်ပြီး ချိုသောအရသာရှိပါတယ်။ ထန်းလျက်မှာ ကလေးငယ်များအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးပါတယ်။ ထန်းလျက်မှာ သံဓာတ် ကြွယ်ဝစွာပါ၀င်တဲ့အတွက် ဟေမိုဂလိုဘင် တည်ဆောက်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ပြီး ကလေးငယ်များ သေွးအားနည်းခြင်းကို လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ထို့အတွက် ကလေးငယ်ရဲ့ နေ့စဉ်စားရာထဲမှာ ထန်းလျက် အနည်းငယ်ပါသင့်ပါတယ်။

ထန်းညက်က ကလေးများသာ မက လူကြီးများကိုပါ ထမင်းစားပြီးချိန်မှာ အစာချေနိုင်ရန်ကူညီပေးပါသေးတယ်။ ထန်းလျက်ကို ပုံမှန်စားပေးခြင်းက ကလေးငယ်များ ၀မ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ််။ အစာချေ အင်ဇိုင်းများကိုလည်း ထုတ်ပေးသဖြင့် ကလေးငယ်လေးများ အစစာမကြေဖြစ်ခြင်းကိုလည်း တားဆီးပေးပါသေးတယ်။

ပြန်လည်ပြုပြင်ထားသော သကြားများက ကိုယ်ခန္ဓာမှ အဆိပ်အတောက်များ ကိုဖယ်ရှားပေးပါတယ်။ထန်းလျက်က ကလေးငယ်လေးရဲ့ကိုယ်ခန္ဓာမှာ ရှိတဲ့ အဆိပ်အတောက်များက်ို အကုန် ကုန်စင်အောင် စစ်ထုတ်ပေးပြီး အသည်းကိုလည်း သန့်စင်ပေးပါသေးတယ်။ကလေးငယ်လေးများမှာ ဖြစ်လေ့ဖြစ််ထရှိတဲ့ အအေးမိ တုပ်ကေွးရောဂါများကိုလည်း ကုသရာမှာ အထောက်အကူဖြစ်ပါသေးတယ်။ ကလေးငယ်ကို ရေနေွးလေးနဲ့ ရောတိုက်လိုက်ရုံပါပဲ။

ထန်းလျက်ခဲဟာ ကယ်လဆီယမ် နဲ့ ဖော့စဖောရပ်လည်း ကြွယ်ဝစွာပါ၀င်တဲ့အတွက် ကလေးငယ်ရဲ့ အရိုးများကျန်းမာရေးနဲ့ တစ်သှျူးများကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါသေးတယ်။ အန်တီအောက်ဆီးဒန့်နဲ့ ဆယ်လီနီယမ် နဲ့ ဇင့် တို့လို သတ္တုဓာတ်များလည်း ပါ၀င်သောကြောင့် ဆဲလ်များပျက်ဆီးခြင်းကို ကာကွယ်ပေးပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါသေးတယ်။
MiGi