
အရေးပေါ်သားဆက်ခြားဆေးဆိုတာကတော့ ပုံမှန်သားဆက်ခြားဆေး မရှိဘဲ လိင်ဆက်ဆံမိပြီး သန္ဓေသားမတွယ်ခင် ကိုယ်ဝန်မရအောင်သုံးတဲ့ သားဆက်ခြားနည်း ဖြစ်ပါတယ်။ အမျိုးသားရဲ့ သုတ်ပိုးနဲ့ သားဥတေွ့ပြီး သန္ဓေသားလောင်းလေးဖြစ်ပြီး ၅ရက် ကြာမှ သားအိမ်မှာ စတွယ်တာပါ။ သူကလေးမတွယ်ခင်မှာ မတွယ်နိုင်အောင်တားပေးပြီး အရေးပေါ် သားဆက်ခြားနိုင်ပါတယ်။

ထို့အတွက် သိရမယ့်အချက်က လိင်ဆက်ဆံပြီး ၅ ရက်အထိ အချိန်အတွင်း အရေးပေါ်သားဆက်ခြားဆေးသောက်ပြီး သန္ဓေတားနိုင်ပါသည်။အစောဆုံးသောက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ပရိုဂျက်စထိုဂျင် ဟော်မုန်း တစ်မျိုးတည်းပါသော ဆေးများနဲ့ အီစရိုဂျင် ပရိုစထိုဂျင် ဟော်မုန်း နှစ်မျိုးပေါင်း စပ်ထားသော ဆေးများရှိပါတယ်။ ဆေးနှစ်လုံးကို တစ်ခါတည်း သောက်နိုင်ပါတယ်။ ဆေးနှစ်လုံးကို တစ်ခါတည်းသောက်နိုင်သလို ၁၂ နာရီခြားပြီး ၂ ကြိမ် ခွဲသောက်နိုင်ပါတယ်။

အရေးပေါ် သားဆက်ခြားဆေးကတော့ အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းပြီး သင့်လျော်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ဟော်မုန်းပါသောသားဆက်ခြားဆေးများကို ပုံမှန်မသုံးစွဲနိုင်သော သူများအပါအဝင် အမျိုးသမီးတိုင်း အရေးပေါ် သားဆက်ခြားဆေးများကို အန္တရာယ်ကင်းပြီး ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ အမျိုးသမီး အရေးပေါ်သားဆက်ခြားဆေးဟာ တစ်လမှာ တစ်ကြိမ်မှ နှစ်ကြိမ်သာ သောက်ရသည့် အတွက် အမျိုးသမီးကို အန္တရာယ် ဖြစ်စေမည့် ကျန်းမာရေး အခြေအနေများ မရှိပါ။

အများအားဖြင့်တော့ ဆေးသောက်ပြီး မူးမော်ခြင်း၊ ပျို့အန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဆေးသောက်ပြီး ၂ နာရီအတွင်း ပျို့အန်ပါက နောက်တစ်ကြိမ်ပြန်သောက်ရပါတယ်။ ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားတင်းမာခြင်းများ လည်း ဖြစ်တတ်ပါတယ်။ ဆေးသောက်ပြီး သေွးအနည်းငယ်ဆင်းတတ်ပါတယ်။ လစဉ် ရာသီ သေွးဆင်းတဲ့အချိန်လည်း အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ အဲဒီ လက္ခဏာတေွက ရောဂါတစုံတရာ၏ လက္ခဏာများ မဟုတ်ပါ။

အရေးပေါ်သားဆက်ခြားဆေးများကို ကိုယ်ဝန်ရှိသူများအသုံးပြုပါကလည်း ကိုယ်ဝန်ပျက်ကျခြင်းကို မဖြစ်စေပါ။ ကိုယ်ဝန်ကိုလည်း အထိအခိုက်မဖြစ်စေသလို ကလေးတွင် မေွးရာပါ ကိုယ်လက် အင်္ဂါချို့ယွင်းမှုများကို မဖြစ်စေပါ။ကျန်းမာရေးကို မထိခိုက်စေပါဘူး။နောက်ပိုင်း သားသမီးရခြင်းကိုလည်း မထိခိုက်စေပါဘူး။ အရေးပေါ်သားဆက်ခြားဆေးကို သုံးပြီးနောက် ကိုယ်ဝန်ရှိနေသည်ဟုယူဆပါက အထူးသဖြင့် နောက်လတွင် ရာသီသေွးမလာပါက သို့ တစ်ပတ်ထက်ပိုနောက်ကျပါကတော့ ဆရာဝန်နဲ့ ပြန်လည်ပြသရန်လိုအပ်ပါတယ်။
MiGi