စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

Beri Beri ( ဘယ်ရီဘယ်ရီ ) Vitamin B1ချို့တဲ့ရောဂါမဖြစ်အောင်ကာကွယ်နည်း

Posted by May Thaw Htoo August 7, 2022
Lno2cfcovgcdzbzisgww

• ဗီတာမင် B1 (Vit B1) ဓါတ်ချို့တဲ့လျှင် ဘယ်ရီဘယ်ရီလို့ ခေါ်တဲ့ ထုံနာ/ ကျင်နာ ရောဂါဖြစ်ပွားပြီး
• B1 ချို့တဲ့မှုကြောင့် သေဆုံးမှုအထိ ဖြစ်တတ်ပါသည်။ ကလေးတွေဟာ အသက် ၃လမှ (၆)လ အတွင်း အဖြစ်များပါသည်။

မိခင်မှာတွေ့ရတဲ့ရောဂါလက္ခဏာများမှာ
******************************

• မိခင်၏ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေမယ်၊ မျက်နှာအန်း နေမယ် ထုံနာ၊ ကျင်နာ ဖြစ်နေပါတယ် ( မီးတွင်းအတွင်း ဆပ်ပြာကိုင်လို့ဖြစ်တာမဟုတ်ပါ။)
• ယခုကဲ့သို့ ဖြစ်ခြင်းသည် ကလေးနေမကောင်းမှာစိုး၍ မိခင်အစားရှောင်သောကြောင့် မိခင်၌ တွေ့ရသော B1 ဓာတ်ချို့တဲ့သည့် လက္ခဏာ ဖြစ်ပါတယ်။

ကလေးမှာတွေ့ရတဲ့လက္ခဏာများမှာ
***************************
B1ဓာတ်ချို့တဲ့သော မိခင်၏နို့ရည်ကို သောက်စို့တဲ့ ကလေးဟာ ရုတ်တရက် အသက်ရှုမောကြပ်ခြင်းနှင့် နို့မစို့နိုင်ဘဲ ရုတ်တရက် သေဆုံးတတ်ပါတယ်။
• ၄င်းကလေးသည် ဖောယောင် နေတတ်၏၊ ဆီးသွားနည်းပြီး၊ အသည်းကြီးပြီး နှလုံးခုန်နှုန်း မြန်နေတတ်ပါတယ်။
• ကလေးငိုသော အသံမှာ အသံဝင်ပြီးမောနေကာ (အဲ့အဲ့) ဟု အသံမြည်တတ်ပါသည်။
• နှုတ်ခမ်းကွဲ လျှာကွဲဖြစ်တတ်သည်။



• ဒါကြောင့် B1 မချို့တဲ့အောင် အစားအသောက်မရှောင်ဘဲ B1 ဓာတ်များသော အစားအသောက်များကို စားပေးဖို့လည်း လိုပါတယ်။

B1ဓာတ်ပါသော အစားအစာတွေကတော့
**********************************

• ဆန်လုံးညို၊ မောင်းထောင်ဆန် ကိုစားပါ။ ဖြူဖွေးအောင် ကြိတ်ထားသော ဆန်၌ B1 ဓာတ်အလွန်နည်းပါသည်။
• ထမင်းချက်သည့်အခါ ဆန်ကို အလွန်အကျှံ မပွတ်ဆေးရပါ။
• ထမင်းကိုရေခန်းချက်စားပါ။
• ထမင်းကိုရေငှဲ့လျှင် ထမင်းရည်ကိုသောက်ပါ။
• ပဲအမျိုးမျိုး (ပဲနီ၊ ပဲဝါ၊ ကုလားပဲ စွန်တာနီ၊ မတ်ပဲ etc..)၊
• အသား (၀က်သား) ၀က်သားတွင် B1 ဓာတ် အများဆုံး ပါ၀င်သည်။ နို့တို့ကို ပြည့်စုံစွာ စားသင့်ပါသည်။
• မိခင်ပဲစားလျှင် ကလေးဝမ်းပျက်သည်ဟု ယူဆပြီး အစားမရှောင်ရန် ပဲစား၍ ကလေးဝမ်းမပျက်ပါ။
• ၀၀ကစ်ကစ် ချစ်စရာကလေးများကို အလွန်ကြောက်စရာကောင်းသော သူငယ်နာ ဘယ်ရီဘယ်ရီရောဂါမှ ကာကွယ်ရန် အထက်ပါ အချက်အလက်များကို သေသေချာချာ ဂရုစိုက် လိုက်နာဖို့လိုပါသည်။

• ဒါမှ မိခင်ရောကလေးပါ ဘီဝမ်း ချို့တဲ့မှု ကြောင့် ဖြစ်သော ဘယ်ရီဘယ်ရီ ရောဂါမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်း ဇန်နဝါရီလ 2018 ထုတ်မှ ဒေါက်တာအိအိခင် ( ကလေး)၏ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.