စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

သန် ့ရှင်းကျန်းမာ ကလေးခန္ဓာရှိစေရာ~

Posted by Thinzar Win Myint Aung September 5, 2019
Khhpdyybkpdtlivkt13r

ကလေးလေးတေွကိုမေွးဖွားလာတဲ့အချိန်ကစပြီး သန် ့ရှင်းစင်ကြယ်နေအောင် မိဘတေွက လုပ်ဆောင်ပေးရပါမယ်။
သန် ့ရှင်းနေမှ ကလေးလေးက လန်းဆန်းပြီး စိတ်ကြည်လင်နေစေမှာပါ။

ဘယ်လိုသန် ့ရှင်းမလဲ?

Kvvaj3n1rmkfbdczjcjo

ကလေးကို မနက်အိပ်ယာနိုးကာစမှာ မျက်နှာသစ်ပြီး နားရွက်အနောက် ၊လည်ပင်း တို ့ကို ရေစိုအဝတ် (သို ့) ရေစိုလက်လေးနဲ ့ညင်သာစွာ ပွတ်ပေးရပါမယ်။
သန် ့ရှင်းပြီးတဲ့အခါမှာလဲ အဝတ်သန် ့သန် ့လေးနဲ ့ပြန်ပြီးခြောက်အောင်သုတ်ပေးရပါမယ်။
ဒီအတိုင်းရေစိုကြီးနဲ ့ထားမယ်ဆိုရင်တော့ လည်ပင်းလေးတေွကပုတိုနေသေးတာကြောင့် ရေတေွ ၊ချေွးတေွ ရှိပြီး အနံ ့အသက်လဲမကောင်းစေတဲ့အပြင် အနာတေွကိုပါဖြစ်စေပါတယ်။
မေွးကင်းစကလေးကို ပေါင်ဒါ ၊သနပ်ခါး လုံးဝပေးမလိမ်းပါနဲ ့နော်။ လိမ်းခြင်းကြောင့် မလိုလားအပ်တဲ့ အရေပြားပြည်တည်နာတေွှဖစ်တတ်ပါတယ်။ကလေးအသားအရမ်းနုသေးတာမို ့ပါ။

ဆံပင်လေးတေွကို ဘယ်လိုသန် ့ရှင်းအောင်ထားမလဲ?

Umznfbfaiewfzltvkjui

ကလေးကိုခေါင်းလေှျာ်တဲ့အခါ ကလေးသုံးဆပ်ပြာလေးတေွကိုသာသုံးသင့်ပါတယ်။
ကလေးခေါင်းလိမ်းဆီတေွကိုလဲ အများကြီးမထည့်ပေးသင့်ပါဘူး။
ငယ်ထိပ်နားကို ဆီများများလူးမိတဲ့အခါ ကြာလာတော့ ဆီကြေးတေွှဖစ်ပြီး ကလေးကခေါင်းယားလို ့အမြဲငိုနေနိုင်ပါတယ်။

ခေါင်းကိုဘယ်နှကြိမ်လေှျာ်နိုင်လဲ?

Sa1rf1h6fwotann7mo6j

ဦးခေါင်းမှာရှိတဲ ့ဆံပင်ကို ဗောက် ၊သန်း ၊ဒက် ၊အနာအဆာကင်းစေဖို ့နဲ ့သန် ့ရှင်းစေဖို ့အတွက် တစ်ပါတ်ကို ၁ခါပဲလေှျာ်ပေးသင့်ပါတယ်။
ချေွးထွက်သန်တဲ့ကလေး ၊ ဆံပင်သန်တဲ့ကလေးတေွကိုတော့ တစ်ပါတ်၂ကြိမ်လေှျာ်ပေးလို ့ရပါတယ်။
ကလေးခေါင်းချေွးထွက်ရင် အဝတ်ခြောက်နဲ ့မကြာခဏသုတ်ပေးပြီး ခြောက်အောင်ထားပါ။
ခေါင်းချေွးရွှဲနေရင် ကလေးကိုနှာစေးစေပါတယ်။

ရေချိုးပေးပါ~

Sdhmxdpijo8ahh61repq

ကလေးငယ်လေးတေွကို ချက်ကြေွှပီးမှ ရေချိုးပေးသင့်ပါတယ်။
အေးတဲ့ရာသီမှာ ရေနေွးလေးနဲ ့ရောစပ်ပြီး ချိုးပေးပါ။ အေးနေတဲ့အခါမှာ နေ ့လယ်နေပူချိန်သာ ချိုးပေးပါနော်။ လသားလေးတေွကို ညနေ ၅နာရီနောက်ပိုင်းမချိုးပေးပါနဲ ့။
အအေးမိတတ်လို ့ပါ။
ရေချိုးရင် ကလေးသီးသန် ့ထုတ်ထားတဲ့ဆပ်ပြာတုံးလေးတေွကိုသာသုံးပေးသင့်ပါတယ်။
ခေါင်းလေှျာ်ရင် နားထဲရေမဝင်အောင်သတိထားပေးပါ။
နားထဲရေဝင်ရင် နားနာတာ ၊နားပြည်တည်တာတေွှဖစ်တတ်ပါတယ်။
ကလေးရဲ ့ပေါင်ကြား ၊လည်ပင်းကြား ၊ဂျိုင်းကြားစသဖြင့်တေွကို သေချာဆပ်ပြာလေးနဲ ့တိုက်ပေးသင့်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ ့ကလေးလေးတေွကိုပိုင်ဆိုင်နိုင်ကြပါစေရှင်....

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.