
ကလေးငယ်လေးဟာ တစ်နှစ်သား နှင့် တစ်နှစ်ခွဲလောက်မှာ ညအချိန် အိပ်စက်ရာမှာ အခက်အခဲရှိပြီး မိခင်များကပါ စိတ်ညစ်ကြရပါတယ်။ ကလေးငယ်လေးများ ညအချိန် အိပ်ရာက နိုးလာရတဲ့ အကြောင်းရင်းလေးများ ရှိပြီး မေမေတို့အနေနဲ့ ပြင်ဆင်နိုင်တာလေးတေွက်ုိ ပြင်ဆင်ပေးနိုင်မယ်ဆိုရင် ကလေးငယ်လေးတေွမှာ ကောင်းမွန်သော အိပ်စက်ခြင်းရရှိပြီး မေမေများလည်း အနားရမှာဖြစ်ပါတယ်။

ကလေးငယ်လေးမှာ ပူလွန်းသော အေးလွန်းသော အခြေအနေမျိုးမှှာ အိပ်စက်ရန် အခက်အခဲရှိတတ်ပါတယ်။ မေမေတို့က ကလေးငယ်လေး နေွးထေွးအောင် အနှီးအများအပြား ဖြင့်ထုပ်ပိုးထားခြင်းကလည်း ကလေးငယ်များအိပ်စက်သော အခါ ပူအိုက်ခြင်းကို ဖြစ်စေသလို အနှီးမလုံလောက်ခြင်းကလည်း အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးအိပ်စက်ရာ နေရာမှာ အလင်းရောင်များစွာရှိနေခြင်းကလည်း ကလေးငယ်ရဲ့ အိပ်စက်ခြင်းကို အနေှာင့်အယှက်ဖြစ်စေသဖြင့် ေဖေဖေမေမေ တို့က သတိထားပေးရမယ်နော်။

ကလေးငယ်လေးအိပ်နေချိန်မှာ ဆူညံသံများဖြစ်ခြင်းကလည်း ကလေးငယ်လေးကို နိုးလာစေမှာပါပဲ။ကလေးငယ်လေးဟာ မကြာခင်က နေမကောင်းဖြစ်ထားရင်လည်း ညအချိန်မှာ နိုးလာရတတ်ပါတယ်။ကလေးငယ်လေးရဲ့ အိပ်ချိန် အလှည့်အပြောင်း၊ဖြစ်ခြင်းကလည်း ကလေးငယ်လေးအိပ်စက်ရန် အခက်အခဲဖြစ်စေတဲ့ အတွက် ဖေဖေမေမေ တို့က ကလေးငယ်ရဲ့ အိပ်ချိန်ကို ပုံမှန်ထားပေးဖို့လိုအပ်ပါတယ်။

ကလေးငယ်လေးမှာ သင်ယူမှုတစ်ခုခု ရရှိတဲ့ အခါမျိုးမှာ ညအချိန်မှာ စမ်းသပ်တတ်ပါတယ်။အဲ့လို စမ်းသပ်မှုလေးတေွ လုပ်နေရင်လည်း ကလေးငယ်လေးဟာ ညအချိန် အိပ်စက်ဖို့မလွယ်ကူပါဘူး။ကလေးငယ်လေးဟာ ဖွ့ံဖြိုးမှုမှတ်တမ်း တစ်ခုခုနဲ့ နီးလာရင်လည်း ညအချိန် အိပ်စက်ခြင်းမှာ ခက်ခဲခြင်းတေွရှိလာနိုင်ပါတယ်။

ကလေးငယ်လေးဟာ နို့ဘူးနဲဲ့ အိပ်ကျင့်ရှိသွားတဲ့ အခါမှာလည်း နို့ဘူးမရှိတော့တဲ့အချိန်မျိုးမှာ အိပ်ရခက်ခဲတာလေးတေွရှိပါတယ်။ တချို့ကလေးငယ်များကတော့ လွှဲယမ်းနေတဲ့ ပခက်များမှာ အိပ်စက်ရာမျိုးမှာ အခက်အခဲရှိတာမျိုးရှိ်တတ်ပါတယ်။ထို့အတွကလည်း ဖေဖေ မေမေတို့က ပြင်ဆင်ပေးနိုင်ပါတယ်။ကလေးငယ်လေး အိပ်ချိန်နီးကပ်ချိန်မှာ အစားဝအောင် မစားရခြင်းကလည်းအကြောင်း တစ်ခုဖြစ်တဲ့အတွက် ဖေဖေ မေမေ တို့က မအိပ်ခင်မှာ ကလေးငယ်ကို အစာချေလွယ်မယ့် အစားအစာများ ကျေွးပေးခြင်းက ကောင်းမွန်သော အိပ်စက်ခြင်းကို ရရှိစေမှာပါ။
MiGi