သင်ဟာ ပထမဦးဆုံးကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာ မိဘနေရာကို ရောက်ရှိတော့မယ့်သူလား? ဒါဆိုရင်တော့ မိဘနေရာ မရောက်ခင်မှာ အမှတ်တရဖြစ်ကျန်စေခဲ့ဖို့ သင့်ရဲ့ လက်တွဲဖော်အမျိုးသားနဲ့အတူ လုပ်ဆောင်သင့်တဲ့ အချက်လေးတေွ ရှိနေပါတယ်။ ယခုဖော်ပြပေးသွားမယ့် အချက်လေးတေွကိုသာ ကိုယ်ဝန်ဆောင်ကာလမှာ သင်မလုပ်ဆောင်ထားခဲ့ဖူးဆိုရင် နောင်တရနေမှာ သေချာပါတယ်။
ကလေးမေွးဖွားလာချိန်မှာ သင်တို့စုံတွဲအတွက် တစ်ဦးကိုတစ်ဦး အရင်ကလောက် အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုကာလလေးတေွမှာ တစ်ဦးကိုတစ်ဦး အပြည့်အဝ အချိန်ပေးသင့်ပါတယ်။ အရင်ဆုံး လုပ်ဆောင်သင့်တာကတော့ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲလေးကို ဖန်တီးယူးသင့်ပါတယ်။ ဉာဉ့်နက်သန်းခေါင်အထိ ရုပ်ရှင်ဇာတ်လမ်းတစ်ခုခုကို နှစ်ယောက်သား အတူတကွ ကြည့်ရှုသင့်ပါတယ်။
ကိုယ်ဝန်ဆိပ်ဟာ ကိုယ်ဝန်ဒုတိယသုံးလပတ်မှာ အများဆုံး တက်တတ်ပါတယ်။ ဒါ့ကြောင့် မနက်အိပ်ရာထချိန်မှာ သင့်ချစ်သူ ဖန်တီးပေးထားတဲ့ မနက်စာလေးကို အိပ်ရာထဲအထိယူဆောင်ပြီး အတူတူ သုံးဆောင်ကြည့်လိုက်ပါ။ နောက်ပြီး ကြင်စဦးကာလ ဒါမှမဟုတ် မင်္ဂလာဆောင်စဉ်က အမှတ်တရတေွကို ပြန်လည်အသက်သွင်းပြီး ခံစားသင့်ပါတယ်။
သင့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ၊ ဆေွမျိုးတေွဆီကိုလည်း နှစ်ယောက်တည်း အလည်ခရီးထွက်သင့်ပါတယ်။ ခရီးဝေးရင် ပိုကောင်းပါတယ်။ ခံစားချက်တေွ သစ်လွင်နေပါလိမ့်မယ်။ အိမ်မှာ နှစ်ယောက်တည်း ရှိတဲ့အခါမှာလည်း တစ်နေ့တာ စားမယ့်အစားအစာကို အပြင်ကနေမှာယူသုံးဆောင်ခြင်းက ချက်ပြုတ်စားခြင်းထက် ပိုအမှတ်တရ ဖြစ်မှာပါ။
နောက်ဆုံး မိဘနေရာရောက်ခါနီးမှာ သင့်တို့စုံတွဲအတွက် အမှတ်ရဆုံးဖြစ်မယ့် ချစ်တင်းနေှာခြင်းမျိုးကိုလည်း ဖန်တီးယူသင့်ပါတယ်။ မီးဖွားပြီးချိန်မှာ ဒါမျိုးခံစားချက် ပြန်လည်ရရှိဖို့ မလွယ်ကူတော့လို့ပါပဲ။
HYA (kyarlay)