စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်နှင့် ဝမ်းချုပ်ခြင်းပြဿနာ

Posted by Htoo Yan Aung September 3, 2019
Yyvcsiblpo4ne17g9z5t

ကိုယ်ဝန်ဆောင်မိခင်တေွ ဘာကြောင့် ဝမ်းချုပ်ရတာပါလဲ? ကိုယ်ဝန်သန္ဓေတည်ခါစ အချိန်မှာ အတွယ်ကလည်း မမြဲသေးတဲ့အချိန်မှာ သားအိမ်က သန္ဓေသားလေးတွယ်နေတာကို မညှစ်ထုတ်ရအောင် သားအိမ်ကိုငြိမ်အောင် ပုံစံပြောင်းလဲပေးထားရပါတယ်။ သားအိမ်ကို ငြိမ်အောင် လုပ်ဆောင်နေရင်းနဲ့ အူတေွပါ ငြိမ်လာတဲ့အခါ ဝမ်းချုပ်ပါတယ်။ လေတေွပွပါတယ်။ မအီမသာတေွ ဖြစ်လာပါမယ်။

S52hj4y6yqtve5scsfa1

ဝမ်းချုပ်တာဟာ ကိုယ်ဝန်သည်တေွ တေွ့ကြုံရမယ့် သဘာဝပါ။ ကိုယ်ဝန်စရှိပြီ။ ရက်လွန်ပြီဆိုတာနဲ့ ဝမ်းချုပ်တာက ဖြစ်ပါတယ်။ ဒီအချိန်မှာ အစားမှားလို့မရပါဘူး။ ပိုးပါတဲ့ ၊ မသန့်တဲ့ အစားအသောက်တေွကို စားလိုက်သောက်လိုက်မိရင် အူလမ်းကြောင်းမှာ ရောဂါပိုးဝင်သွားတတ်ပါတယ်။ အဲ့ဒီ့အခါမှာ အူတေွရဲ့ လှုပ်ရှားမှုတေွ မြန်လာပြီး ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်ရင် ကလေးပါ ပျက်ကျတတ်ပါတယ်။

Aklew0anu8ebn5z9ftvb

အဲဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းပျက်လို့မရပါဘူး။ ကြိုက်တာစားလို့ရတယ်ဆိုပေမယ့် စားတဲ့ဟာသည် သန့်ရှင်းလတ်ဆတ်ပူနေွးရမယ်။ ဝမ်းမပျက်စေရပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းနှုတ်ဆေးစားလိုက်ရင် ကောင်းမှာပဲဆိုပြီး ဝမ်းနှုတ်ဆေးပြင်းပြင်းတေွ စားလိုက်မိတဲ့အခါ ကလေး ပျက်ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းနှုတ်ဆေးကို လုံးဝ ရေှာင်ကြဉ်ရမှာ ဖြစ်ပါတယ်။

A1nt3x9byq0owzxdmuwr

ဝမ်းပျော့စေဖို့ အစားအစာနဲ့သာ ထိန်းသင့်ပါတယ်။ အရည်များများသောက် ၊ အသီးအနှံများများ စားပေးရပါမယ်။ အလွန်ဆုံး သောက်ချင်ရင် Milk Of Megnesium (MOM) လို ဝမ်းပျော့ဆေးလောက်သာ သောက်သင့်ပါတယ်။ ဒါ့အပြင် အချို့သော ကိုယ်ဝန်ဆောင်တေွ သောက်သုံးတဲ့ အားဆေးများမှာ ပါဝင်တဲ့ သတ္ထုဓာတ်အချို့ဟာ ဝမ်းချုပ်စေနိုင်ပါသေးတယ်

Tisdzsih5funqbz8jrzr

ဒါ့ကြောင့် ဝမ်းသိပ်ချုပ်လာတဲ့အခါ အားဆေးခဏ ဖြတ်ကြည့်ပါ။ ဆေးကြောင့် ဝမ်းချုပ်နေတာမျိုးဆိုရင် ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုနောက် အားဆေးတစ်မျိုး ပြောင်းပြီး သောက်ကြည့်ပါ။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.