စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးတေွဘာအကြောင်းကြောင့် ငိုရလဲ?

Posted by Thinzar Win Myint Aung September 2, 2019
Fs3gdlhv9agoeefwgfzl

ကလေးတေွ အာပြဲနဲ ့အော်ငိုကြတဲ့အခါ ဘာဖြစ်လို ့လဲဆိုတဲ့အကြောင်းအရင်းကိုမိဘတေွရှာကြရပါပြီ။
ကိုယ့်ကလေးငိုတဲ့အခါ မေမေတို ့ကအရင်ဆုံး ငိုတာကိုအာရုံလွှဲရပါမယ်။
စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်ငိုတာဟာ အိပ်မပျော်ဖြစ်နေတဲ့အချိန်တေွနဲ ့စိတ်ပျက်စရာတေွကြောင့် ဖြစ်တတ်ပါတယ်။

ကလေးငိုရတဲ့အကြောင်းအရင်း~

Mrd9xu0rc8ohet1cvggh

ကလေးတေွဟာ သူတို ့မကြိုက်တဲ့အရာတေွလုပ်တဲ့အခါမှာ ငိုတတ်ကြပါတယ်။
မေွးကင်းစကလေးတေွမှာ ငိုသံကတစ်ခုထဲဖြစ်တတ်ပြီး အသက်နည်းနည်းကြီးလာတဲ့ကလေးတေွမှာတော့ ဦးနေှာက်ပိုဖံွ ့ဖြိုးလာတာမို ့
သူတို ့လိုချင်တဲ့အရာတေွအလိုက် ငိုသံတေွကပြောင်းလာပါတယ်။
အရမ်းငိုကြတဲ့အခါ ကလေးဘာဖြစ်လဲ၊ ဘာလိုချင်လို ့လဲဆိုတာကို သေချာလေ့လာပြီးမှ အငိုတိတ်အောင်ချော့သင့်ပါတယ်နော်။

ဆာလောင်မှု~

Ygg5oqvdkwuoivvla7v1

မေွးကင်းစကနေစပြီး ကလေးတေွရဲ ့အလိုချင်ဆုံးအရာက အစာပါပဲ။ ဗိုက်အရမ်းဆာတဲ့အခါ အရမ်းငိုတတ်ကြပါတယ်။
တကယ်လို ့များ ကလေးလေးက သူ ့လက်ကို သူစုပ်နေမယ်၊ ခေါင်းကိုလဲတစ်ဖက်ကိုလှည့်ထားမယ် ၊လှျာလေးလဲထုတ်နေမယ်ဆိုရင်တော့ သူလေးကဗိုက်ဆာနေလို ့ပါနော်။

၀မ်းတွင်းပြသနာများ~

Uskn060jcc1x2fellr1p

ကလေးတစ်ယောက်ဟာ မေွးပြီးရက်အနည်းငယ်မှာ ဗိုက်နာတတ်ပါတယ်။ ကလေးရဲ ့အစာခြေစနစ်က မေွးပြီးပထမဆုံးရက်လေးတေွမှာ စပြီးအလုပ်လုပ်တာကြောင့် အစာခြေခြင်း၊ ၀မ်းသွားခြင်းနဲ ့ဝမ်းဖောဝမ်းယောင်ဖြစ်တာတေွကိုဖြစ်စေပါတယ်။
နို ့တိုက်ပြီးတဲ့အခါ ဗိုက်နာရင်တော့ လေနာတာကြောင့်ပါပဲ။
ကလေးကိုနို ့တိုက်ပြီးတိုင်းမှာ လေထုတ်ပေးမှ လေနာတာမဖြစ်မှာပါ။

ဒိုင်ဘာညစ်ပတ်နေတဲ့အခါ~

Obv5qimc8raak2fz9kkv


ဒိုင်ဘာမှာ ဆီးတေွဝမ်းတေွ သွားထားတာပြည့်နေရင်လဲ ကလေးက နေရထိုင်ရတာ အဆင်မပြေဖြစ်တာမို ့ငိုတတ်ပါသေးတယ်။
ကလေးငိုတဲ့အခါ ဒိုင်ဘာထဲကိုလဲသေချာစစ်ဆေးပေးပါနော်။
အညစ်အကြေးတေွှပည့်နေရင် သေချာဆေးကြောပေးပြီး အသစ်လဲပေးသင့်ပါတယ်နော်။

ဘယ်အချိန်တေွမှာငိုတတ်သေးတာလဲ?

Yij1oynp6lbmlp1ndqg5

ကလေးတေွဟာ အရမ်းအိပ်ချင်နေရင်လဲ ငိုတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ကလေးရဲ ့ကျောလေးကိုပွတ်ပြီး ချီသိပ်ပေးပါနော်။
မိဘတေွရဲ ့အာရုံစိုက်ခြင်းကိုလိုအပ်တဲ့အခါမှာလဲ အာပြဲနဲ ့အော်ငိုတတ်ကြပါတယ်။
မေမေရဲ ့နေွးထေွးမှုလေးလိုအပ်တာမို ့မေမေကခဏလောက်ဖြစ်ဖြစ်ချီထားပေးတာကလဲ ငိုတာကိုသက်သာစေပါတယ်နော်။
ကိုယ့်ရဲ ့ကလေးလေးတေွငိုတဲ့အခါ စိတ်ညစ်မနေပဲ ဘာကြောင့်လဲဆိုတာကိုသေချာအဖြေရှာရင်း ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ဆက်လက်ထိန်းသိမ်းကြရအောင်ပါ။

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.