
ကလေးငယ်လေးများ တွားသွားတာကို မြင်ရရင် မေမေများက ကလေးငယ်လေးတေွထက်ကို ပိုပြီးစိတ်လှုပ်ရှားပျော်ရွှင်ကြမှာပါ။ တွားသွားခြင်းကတော့ ကလေးငယ်ရဲ့ လှုပ်ရှားမှုစွမ်းရာည်တေွထဲက ပထမဆုံး အောင်မြင်မှုပါပဲ။ ကလေးငယ်လေးများဟာ တွားသွားပြီး ပတ်ဝန်းကျင်က အရာများကို စူးစမ်းပြီး နားလည်အောင်လုပ်ကြပါတယ်။

ကလေးငယ်လေးအများစုကတော့ အသက် ၉ လသားမှာ စပြီး တွားသွားခြင်းပြုလုပ်ကြပါတယ်။ တချို့ ကလေးငယ်လေးများကတော့ အသက် ရလသားမှာတင် သွားနိုင်ပါတယ်။ဒါပေမယ့် ကလေးငယ်တိုင်းကတော့ တူညီတဲ့ အသက်အရွယ်မှာ တွားသွားခြင်းမရှိပါဘူး။ ကလေးငယ်လေးတေွ တွားသွားတာကို လှုံဆော်ဖို့ မိဘများအနေနဲ့ လုပ်ပေးနိုင်တဲ့ အရာလေးတေွရှိပါတယ်။

ကလေးငယ်ရဲ့ ၀မ်းဗိုက်ကြွက်သားလှုပ်ရှားမှုပုံမှန်လုပ်ပေးပါ။ ကလေးငယ်လေးရဲ့ ၀မ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းက ကလေးငယ်လေးများရဲ့ ကြွက်သားအားလုံးကို သန်မာစေဖို့ အကူအညီပေးနိုင်ပါသေးတယ်။ တနေ့ကို ၅ မိနစ်ခန့် နေ့ညလုပ်ပေးရင်လုံလောက်ပါတယ်။ကလေးငယ်လေးများရဲ့ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးပြီး ကလေးများစိတ်ဝင်စားမယ့် အရာလေးတေွဆီရောက်အောင်လုပ်ပါ။

ထိုသို့ လုပ်ပေးခြင်းက ကလေးငယ်ရဲ့ ရေွ့လျားမှုစွမ်းရည်ကို တိုးမြှင့်ပေးမှာဖြစ်ပြီး မိဘများအနေနဲ့ ကလေးငယ် စိတ်ဝင်စားမယ့် အရာလေးများကို ကလေးရဲ့ ၀န်းကျင်မှာ ထားပေးရုံပါပဲ။ထိုသို့လုပ်ပေးခြင်းက ကလေးငယ်ကို ရေွ့လျားလိုစိတ်ကိ်ု မြှင့်တင်ပေးပြီး ကလေးငယ်ရဲ့ တွားသွားခြင်းကို အကူအညီပေးနိုင်မှာပါ။ ကလေးငယ်လေးကို ထိုင်ခိုင်းပါ။ ကလေးငယ်လေးများထိုင်ခြင်းဖြင့် နောက်ကျောကြွက်သားများ ကိုသန်မာစေပြီး မိဘများအနေနဲ့ ကလေးငယ်များထိုင်တဲ့ ကိုယ်အနေအထားလုပ်ပေးပြီး ကလေးငယ်ကို အချိန် အနညး်ငယ်အကြာ လွှတ်ပေးထားရုံပါပဲ။

ကလေးငယ်လေးများ လေးဘက်ထောက်မသွားနိုင်ခင်မှာ မြေပြင်ကိုပွတ်တိုက်သွားတာကလည်း တကယ်ကို အရေးကြီးပါတယ်။ ကလေးငယ်လေးအိမ်ထဲပွတ်ပြီး လေှျာက်သွားစေတာက ချစ်စရာကောင်းသလို ကလေးငယ်လေးဘက်ထောက်သွားနိုင်ဖို့လည်း အထောက်အကူများစွာဖြစ်ပါတယ်။ ကလေးငယ်လေးဟာ စပြီး တွားသွားနိုင်ပြီဆိုရင်တော့ ကလေးငယ်လေးရဲ့ နှုန်းကို မြှင့်တင်ပေးနိုင်ရန် အရုပ်လေးများဖွတ်ပြီး လာယူခိုင်းခြင်း၊ တူတူပုန်းတိုင်းကစားခြင်းတို့ လုပ်ပေးနိုင်ပါတယ်။ ကလေးငယ်လေးများ လဲကျခြင်းရှိခဲ့ရင်လည်း ကလေးငယ်ထပ်သွားအောင် လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်နော်။
migI