ကလေးငယ်လေးများဟာ ၀ူးဝူးဝါးဝါး အသံလေးများကို အသက် ၂ လ အရွယ်မှာ စတင်ပြုလုပ်ကြပါတယ်။ ထိုအသံလေးတေွကတော့ ကလေးငယ် စကားပြောဖို့အတွက် အခြေခံပါပဲ။အသက် ၄ လသားမှာတော့ ပိုမြန်မြန် အသံပြုလုပ်နိုင်ပြီးတော့ အသက် ၁ နှစ်သား နောက်ပိုင်းမှာတော့ အခြေခံစကားလုံးလေးများကို စပြောတတ်လာတတ်ပါတယ်။
ကလေးငယ်လေးများ စကားမြန်မြန် စပြောရန် မိဘများအနေနဲ့ လုပ်ပေးနိုင်တဲ့ အရာလေးတေွ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကလေးငယ်လေးကို စကားစပြောပေးရမှာပါ။ စောစောပြောပေးနိုင်သမှျ ပြောပေးတာအကောင်းဆုံးပါပဲ။ ၃ လသားထဲက စကားပြောပေးလို့ရပါပြီ။ကလေးငယ်လေးက ပြောသမှျကို သင်ယူနေမှာ ဖြစ်တဲ့အတွက် ဖေဖေ မေမေတို့ များများပြောပေးလေ ကလေးငယ်လေးဟာ များများသင်ယူနိုင်လေဖြစ်မှာပါ။
ကလေးငယ်လေးများကို သားချော့တေးဆိုပြခြင်း ပုံပြင်ဖတ်ပြခြင်းတေွ လုပ်ပေးရပါမယ်။ ပုံပြင်ဖတ်ပြခြင်းက ကလေးငယ်လေးများအတွက် နားလည်ပါ့မလားလို့ စိုးရိမ်တတ်ကြပါတယ်။ကလေးငယ်လေးများ နားလည်ခြင်းထက် စကားပြောပေးခြင်းက ကလေးငယ်လေးကို ၀ါကျများနဲ့ စကားလုံးများကို စိတ်ဝင်စားစေပါတယ်။ မိခင်များရဲ့့ သားချော့တေးကလည်း ခေတ်အဆက်ဆက် ကလေးငယ်များအိပ်စက်ရန် အကောင်းဆုံးဖြစ်တဲ့ အတွက် ကလေးငယ်လေးတေွကို သီချင်းဆိုပြသင့်ပါတယ်။
ကလေးငယ်လေးများကို အတုယူ ပြန်ပြောစေပါ။ မေမေက ကျားလေး ကျားလေး ဟုပြောရင် ကလေးငယ်လေးများကိုလည်း လိုက်ပြောစေပါ။ ကလေးငယ်လေးများက ၀ူးဝူးဝါးဝါးပြောလှျင်လည်း မေမေတို့က ဝူးဝူးဝါးဝါး လိုက်ပြောပေးပါ။ကလေးငယ်လေးများဟာ လေးဘက်ထောက်သွားတဲ့ အရွယ်မှာ မေမေတို့ပြောတာကို ပိုမိုပြီး တိတိကျကျ ပီပီသသ လိုက်ပြောလာနိုင်ပါလိမ့်မယ်။
ကလေးငယ်လေးကို အရာဝတ္တုများကို ပြသပြီး နာမည်များပြောခြင်း၊ လူများကိုပြသပြီး နာမည်များပြောခြင်းတို့ကို ပြုလုပ်ပေးပါ။ကလေးငယ်လေးရဲဲ့ ဝေါဟာရကြွယ်ဝမှုကို အထောက်အကူပေးပါလိမ့်မယ်။ကလေးငယ်လေးဟာ လေးဘက်ထောက်သွားတဲ့ အရွယ်ရောက်ပြီ ဆိုရင် ကလေးငယ်လေးများ အဆင်မပြေတစ်ခု ဖြစ်လို့ သင့်ဆီလာတာမျိုးဆို မေးခွန်းမေးခြင်းမျိုးပြုလုပ်ပေးပါ။ ကလေးငယ်များကို မေးခွန်းမေးပေးခြင်းကလည်း ကလေးငယ် အဖြေရှာသော တေွးခြင်းစွမ်းရည်ကို ကောင်းမွန်စေပါတယ်။ ဖော်ပြပါနညး်လမ်းလေးများက လွယ်ကူရိုးရှင်းလို့ ဖေဖေ မေမေ တို့ အတွက်လည်း အဆင်ပြေမယ်လို့မေှျာ်လင့်ပါတယ်။
MiGi