
ချောကလက်ဟာ ကလေးငယ်တွေသာမက လူကြီးတွေလည်း နှစ်သက်စွဲလမ်းကြတဲ့ စားစရာတစ်ခုပါ။ ချောကလက်ကို နှစ်သက်ကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ရင်သွေးလေးကို လွယ်ထားရချိန်မှာ ပုံမှန်စားသုံးလေ့ရှိပါတယ်။ တစ်ချို့သော မိခင်လောင်းတွေကတော့ ချောကလက်ဟာ သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆကာ ရှောင်ကြဉ်ကြပါတယ်။

တကယ်တော့ ချောကလက်စားသုံးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။ ကနေဒါတက္ကသိုလ်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်တွေ ချောကလက်စားသုံးခြင်းဟာ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုနှုန်းကို မြင့်မားစေမှာဖြစ်ကြောင်း လေ့လာတွေ့ရှိထားခဲ့ပါတယ်။

ကိုယ်ဝန်ပထမသုံးလပတ်မှာ ချောကလက်ပမာဏ အနည်းငယ်ကို ပုံမှန်စားသုံးပေးခြင်းဟာ အချင်းရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း အများအပြားစားသုံးရင်တော့ မကောင်းပါဘူး။ တစ်နေ့ကို ချောကလက် ၂၀၀မီလီဂရမ်ထက် ပိုစားရင်တော့ အန္တရာယ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ချောကလက်မှာ ကိုယ်ဝန်ဆောင်မိခင်တေွရဲ့ ဇီဝကမ္မဖြစ်စဉ်တေွကို အနေှာင့်အယှက်ပေးမယ့် ကဖိန်းဓာတ်ပါဝင်နေပါတယ်။ ဒ့ါကြောင့် မိခင်လောင်းတေွ ချောကလက်အများအပြား စားသုံးမိပါက ဆီးချိုရောဂါနဲ့ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ချောကလက်စားတဲ့အခါ ပမာဏအနည်းငယ်လောက်သာ စားသုံးသင့်ပြီး ဒါဟာ သင်နဲ့ သင့်ရဲ့သန္ဓေသားကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)