မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ သွားနဲ့ခံတွင်း သန့်ရှင်းရေးအတွက် မေမေတို့က ဂရုတစိုက်နဲ့ ပြုစုစောင့်ရေှာက်ပေးဖို့ လိုအပ်ချက်လေးတေွကို မှျဝေပေးချင်ပါတယ်နော်။ ကလေးတေွရဲ့ သွားကျန်းမာရေးအတွက် သွားပေါက်တဲ့အချိန်မှသာ သန့်ရှင်းပေးရမှာမဟုတ်ပါဘူးနော်။ သွားမပေါက်မီအချိန် ငယ်စဉ်မှာကတည်းက ရေချိုးချိန်တိုင်းမှာ ရေစိုတစ်ရှူးသန့်သန့်လေးနဲ့ လှျာတေွ၊ သွားဖုံးတေွကို သန့်စင်ပေးဖို့လိုပါတယ်။ ကလေးတေွအတွက် ထုတ်လုပ်ထားတဲ့ လှျာပွတ်တံ၊ သွားပွတ်တံလေးကို အသုံးပြုပြီးသန့်စင်ပေးသင့်ပါတယ်။ နောက်ပြီး သွားစပေါက်ပြီဆိုကတည်း သွားတိုက်တဲ့အလေ့အကျင့်ကို ပြုလုပ်ပေးထားသင့်ပါတယ်။ ဖြည့်စွက်စာကျေွးတဲ့အချိန်မှာလည်း အစားအစာတေွကျေွးပြီးချိန်တိုင်းမှာ ရေတိုက်ပေးတာ၊ အရွယ်ရောက်လာချိန်မှာ အစားစားပြီး ပလုတ်ကျင်းဖို့အတွက် လေ့ကျင့်ပေးတာတေွ ပြုလုပ်ရမှာပါ။
မေမေတို့ရေ ဖြစ်နိုင်မယ်ဆိုရင်တော့ ကလေးတေွ တစ်နှစ်အရွယ်လောက်ကစတင်ပြီး သွားကျန်းမာရေးဆရာဝန်နဲ့ ၆ လတစ်ကြိမ်လောက် ပြသပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)