
မိဘတိုင်းက သားသမီးတိုင်းကို လိမ္မာယဉ်ကျေးတဲ့ လူတော်လေးတေွ ဖြစ်စေချင်ကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ယနေ့ခေတ်မှာ သားသမီးတေွကို သူများနဲ့ တန်းတူထားနိုင်ဖို့ ရုန်းကန်နေရတဲ့ မိဘနှစ်ပါးဟာ သားသမီးတေွကို ရင်အုပ်မကွာ ကြည့်ရှုစောင့်ရေှာက်ဖို့မှာ အခက်အခဲတေွ ရှိလာတတ်ပါတယ်။ ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ မြန်မာလူမျိုးအနေနဲ့ ထမင်းစားဝိုင်းလိုက်နာသင့်တဲ့ အိမ်တွင်းယဉ်ကျေးမှုလေးတေွကို မိဘနှစ်ပါးအနေနဲ့ မဖြစ်မနေ ဆုံးမထားပေးရပါမယ်။

သားသားမီးမီးတို့ လူကြီးသူမတေွနဲ့ အတူတူ ထမင်းထိုင်စားတဲ့အခါ ကိုယ့်ထက်အသက်ကြီးတဲ့ မိဘ ၊ ဘိုးဘွား ၊ အစ်ကို ၊ အစ်မစတဲ့ အသက်အရွယ်ကြီးရင့်သူတေွထက်အရင် ဟင်းခွက်တေွကို နှုိုက်မစားရပါဘူး။ လူကြီးသူမတေွကို ခူးခပ်ပြီးမှ စားရပါမယ်။ အသက်အရွယ်ကြီးရင့်ပြီး ရိုသေလေးစားထိုက်တဲ့ သူတေွကို ရိုသေလေးစားခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ။

ထမင်းစားတဲ့အခါ တစ်ပျပ်ပျပ်အသံမြည်အောင် မစားရပါဘူး။ ဟင်းရည်သောက်ရာမှာလည်း တရွှတ်ရွှတ်မြည်အောင် မသောက်ရပါဘူး။ ဇွန်းသံ ၊ပန်းကန်သံကိုလည်း အတတ်နိုင်ဆုံး မမြည်အောင် စားရပါမယ်။ အစားအသောက်အပေါ် ၊ အတူထိုင်နေတဲ့ လူကြီးသူမတေွအပေါ် ၊ လေးစားသမှုပြုတဲ့ အပြုအမူပါပဲ။ အရွယ်ရောက်တဲ့အခါ လူကြီးလူကောင်းဆန်တဲ့ လေးစားထိုက်သူတေွ ဖြစ်လာစေမှာပါ။

ထမင်းစားနေရင်း ပါးစပ်ထဲမှာ ထမင်းလုတ်ကြီးနဲ့ အလျင်စလို ဝူးဝူးဝါးဝါး စကားမပြောရပါဘူး။ ထမင်းလုတ်ကြီးနဲ့ စကားပြောတဲ့အခါ ပါးစပ်ထဲကထမင်းတေွ အပြင်ကိုထွက်ကုန်တာ ၊ ထမင်းသီးတာမျိုးတေွ ဖြစ်တတ်ပါတယ်။ ထမင်းလုတ်ကြီးဝါးနေရင်း စကားပြောတာဟာ တစ်ဖက်လူကို မလေးစားရာလည်း ရောက်ပါတယ်။ ဒါကိုအထူးသတိထားရမှာပါ။

တခြားသူတေွ ထမင်းကို မြိန်ရည်ယှက်ရည် စားနေချိန် ထမင်းဝိုင်းမှာ ချွဲသလိပ်ဟပ်တာ ၊ ချောင်းဟန့်တာ ၊ နှာချေတာ ၊ တံတေွးထေွးတာမျိုး မလုပ်ရပါဘူး။ ထမင်းစားချိန်မဟုတ်ရင်တောင် ဒီအပြုအမူတေွဟာ ရွံစရာကောင်းပါယတ်။ တကယ်လို့ စားနေသောက်နေရင်း ချေင်းဆိုး ၊နှာချေချင်လာရင် တစ်နေရာကို ထသွားပြီး ပြုလုပ်ပါ။ ရုတ်တရတ် ဖြစ်လာတဲ့အနေအထားဆိုရင် ထမင်းဝိုင်းကနေ မျက်နှာလွှဲပြီး လက်နဲ့အုပ်ကာ ပြုလုပ်ပါ။ ပြီးလှျင် အတူစားနေသူတေွကို တောင်းပန်စကား ဆိုရပါမယ်။
HYA (kyarlay)