
မာလကာသီးစားခြင်းက ကလေးငယ်ကို ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးပါတယ်။မာလကာသီး ပုံမှန်စာပေးခြင်းက ဗီတာမင် A ကြွယ်ဝတဲ့ အတွက် မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဗီတာမင် C လည်း ပြည့်ဝစွာပါ၀င်သောကြောင့် ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးပြီး အအေးမိ ချောင်းဆိုးခြင်းများမှလည်း ကာကွယ်ပေးပါတယ်။

မာလကာသီးဟာ အန်တီအောက်စီးဒန့် တေွှဖစ်တဲ့ ဗီတာမင် A,C,E,လိုင်ကိုပင်း တို့ပါ၀င်တဲ့အတွက် အသက်အရွယ်ကြီးရင့်ခြင်းနဲ့ ကင်ဆာရောဂါကုုသခြင်းအတွက် အထူးကောင်းမွန်ပါတယ်။ မာလကာသီးမှာ ဦးနေှာက်ဖွံ့ဖြိုးမှုအတွက် ဗီတာမင် B3,B6,K နဲ့ ဖောလိတ်၊ ပန်သိုတန်းနစ်ထ် အက်ဆစ်နဲ့ သီရာမင်းတို့လည်း ပါ၀င်ပါသေးတယ်။ကြွယ်ဝသော အမှျင်ဓာတ်ပါ၀င်သောကြောင့် ကလေးငယ်များ အစာချေစနစ်အတွက်လည်း ကောင်းမွန်ပါသေးတယ်။

မာလကာသီးမှာတော့ အစေ့ငယ်များစွာပါ၀င်တဲ့အတွက် ကလေးငယ်အစာချေရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ထို့အတွက် ကလေးငယ်ကို မာလကာသီးစတင်ကျေွးတဲ့အခါမှာ သတိထားရမယ့် အချက်လေးတေွတော့ ရှိပါတယ်။ ကလေးငယ်ကို ဖြည်းဖြည်းချင်းပဲစားစေရမှာပါ။ ကလေးငယ်လေးဟ ာ မာလကာသီးနဲ့ ဓာတ်တည့်ခြင်းရှိမရှိကိုလည်း စောင့်ကြည့်သင့်ပါတယ်။ ကလေးငယ်လေးများကို သစ်သီးများစမ်းကျေွးတဲ့အခါမျိုးမှာ တစ်မျိုးပြီးမှ တစ်မျိုးကျေွးသင့်ပါတယ်။ ဒါမှလည်း ကလေးငယ်က အသီးတစ်မျိုးကို မကြိုက်လှျင် နောက်မှပြန်မိတ်ဆက်ပေးနိုင်ပါတယ်။

မာလကာသီးစားခြင်းကိုလည်း တစ်ပတ်မှာ တစ်ကြိမ်မှ နှစ်ကြိမ်အထိပဲ သတ်မှတ်ထားသင့်ပါတယ်။ အသီးအနှံများမှာ အက်စစ်ဓာတ် ပါ၀င်သောကြောင့် ကလေးငယ်လေးများကို အများအပြားကျေွးခြင်းကလည်း ကလေးငယ်လေးများ၏ ပါးစပ် နားတဝိုက်မှာ အဖုလေးများ ထတတ်ခြင်းဖြစ်တတ်ပါတယ်။

ကလေးငယ်လေးများကို မာလကာသီး စကျေွးတော့မယ်ဆိုရင်တော့ အခွံနွှာ ရေနေွးနဲ့ နူးည့ံအောင် အနည်းငယ်ကျင်းပြီးတော့ အစေ့လေးများဖယ်ပြီး အသင့်ကျေွးနိုင်ပါပြီ။ကလေးငယ် တစ်ခါစားစရာ အပိုင်းလေးများလုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။ အသီးကိိုလည်း အော်ဂဲနစ် အသီးများရှာပေးနိုင်ရင်တော့ပိုကောင်းပါတယ်။
mIgI