
မိဘတေွတော်တော်များများကို တေွ ့ဖူးပါတယ်။ ကိုယ့်ရဲ ့ကလေးတေွကို အကြီးဆုံးမို ့၊ အငယ်ဆုံးလေးမို ့ ပိုချစ်တယ်ဆိုတဲ့ စကားတေွကို နှိုင်းယှဉ်မှန်းမသိ နှိုင်းယှဉ်ပြီးပြောနေမိကြတာပါ။
အနှိုင်းယှဉ် ခံရတဲ့ကလေးဘက်က ဘယ်လိုခံစားသွားရမလဲဆိုတာ မတေွးမိကြပဲ မိဘတေွဟာ တစ်ခါတစ်လေမှာ အတ္တဆန်သွားတတ်ကြပါတယ်။
ကို်ယ်ပြောလိုက်တဲ့ အပျော်အပျက်စကားကနေ သားသမီးတေွ တစ်ယောက်နဲ ့တစ်ယောက်အမုန်းမပွားစေဖို ့ဆိုတာ မိဘတိုင်းပေါ်မှာ မူတည်ပါတယ်။
သားဆက်နီးခြင်း~

မေမေတို ့ရဲ ့ကလေးတေွတစ်ယောက်နဲ ့တစ်ယောက် အနည်းဆုံး အသက်၂နှစ်ခြားသင့်ပါတယ်။ အဲ့ထက်စောပြီး ကိုယ်ဝန်ဆောင်မယ်ဆိုရင်တော့ သားဆက်နီးတယ်လို ့သတ်မှတ်ရပါမယ်။
ကလေးတစ်ယောက်နဲ ့တစ်ယောက် အသက် ၂နှစ်ခြားဖို ့ဆိုတာဟာ ပထမကလေး အသက်၁နှစ်ကျော်မှာ မေမေကနောက်ကိုယ်ဝန်ဆောင်တာကိုပြောတာပါ။
ကိုယ်ဝန်ရှိစမှာ မေမေတိုင်း နာမကျန်းဖြစ်တတ်ကြတာမို ့ပထမကလေးလေးကို ဂရုစိုက်မှုတေွလျော့နည်းတတ်ပါတယ်နော်။
၁နှစ်ကျော်ကလေးငယ်ဟာ မေမေ့ဂရုစိုက်မှုတေွကိုလိုချင်ပြီး မေမေ့နားပဲကပ်နေချင်သေးတဲ့အရွယ်ပါ။
မေမေနဲ ့နီးစပ်မှု~

တစ်ချို ့မိဘတေွက ပထမကလေးက၁နှစ်ကျော်အရွယ်လေးဆိုရင် ဘာမှမသိသေးလို ့မနာလိုမဖြစ်တတ်ဘူးလို ့ထင်တတ်ကြပါတယ်။
တကယ်က ကလေးတိုင်းဟာ မေွးကင်းစအရွယ်ကတည်းက ခံစားချက်လေးတေွကိုယ်စီနဲ ့ပါ။
မေမေက ကိုယ်ဝန်ထပ်ရှိတဲ့အခါ ကလေးက တခြားတစ်ယောက်နဲ ့နေရမယ်။ အဲ့အချိန်ကစပြီး ကလေးမှာနွမ်းလျတဲ့စိတ်ကလေးကပ်လာပါပြီ။
အပြင်မှာအလုပ်ထွက်လုပ်တဲ့မေမေဖြစ်ရင်တောင် ကလေးအတွက် အချိန်လေးတေွ ပေးထားသင့်ပါတယ်။
အစားအစာစားတဲအခါ~

ဒုတိယကိုယ်ဝန်လရင့်လာပြီဆိုတာနဲ ့ပထမကလေးလေးကိုမချီနိုင်တော့ပါဘူး။ကလေးလေးနဲ ့အတူတူထမင်းစားတဲ့အခါ မေမေ့အနားမှာထိုင်ခိုင်းပြီး ခွံ ့ကျေွးပါ။
ကလေးတေွတိုင်းဟာ မေမေနဲ ့တစ်ချိန်လုံးတူတူမရှိနေရရင်တောင် မေမေခွံ ့ကျေွးတဲ့ထမင်းလေးကိုစားရတာနဲ့တင် စိတ်ကျေနပ်နေတတ်ကြပါတယ်။
အသားချင်းထိတေွ ့မှု~

မေမေနဲ ့လက်ပွန်းတတီးနေရပြီး မေမေ့နို ့ရည်ကိုသောက်သုံးရတဲ့ ကလေးတေွဟာ မိခင်နဲ ့ယုံကြည်မှုနဲ ့ခင်မင်မှုခိုင်မာပြီး ကိုယ့်ကိုယ်ကိုလဲယုံကြည်မှုရှိတတ်ကြပါတယ်။
ကလေးကိုကိုယ်တိုင်ရေချိုးပေးပြီး အကျင်္ ီအဝတ်အစားလဲပေးတာကလဲ အသားချင်းထိတေွ ့မှုရဲ ့ဗျူဟာတစ်မျိုးပါပဲ။
ကေလးကိုမခံစားေစလိုပါ~

ညအိပ်ရင် ကလေးကကိုယ်ဝန်ကိုကန်မိမှာစိုးတာကြောင့်အိပ်ယာခွဲသိပ်တာမျိုးလုပ်ခဲ့ရင် ကလေးကိုအရမ်းခံစားစေတာပါ။
ကလေးကို မေမေတို ့တတ်နိုင်သလောက် ရင်းနှီးစွာနေပေးပါ။
အဓိကအချက်ကတော့ မေမေတို ့ဒုတိယကိုယ်ဝန်ရှိတဲ့အခါ ကလေးငယ်လေးကိုခွဲခြားပြီး မဆက်ဆံပါနဲ ့နော်။
ကလေးရဲ ့ရင်ထဲမှာ မေမေကသူ ့ကိုချစ်တယ်ဆိုပြီး လုံခြုံတဲ့စိတ်အမြဲရှိနေစေပါနော်...
TZWMA(Kyarlay)