ယနေ့ခေတ် အမျိုးသားများသာမက အမျိုးသမီးအများစုကလဲ အရက်၊ ဘီယာများကို သောက်သုံးနေကြတာကို တေွ့ရတတ်ပါတယ်။
အထူးသဖြင့် မိမိတို့ရင်သားလေး လွယ်ထားချိန်နှင့် လွယ်ဖို့ စီစဉ်နေရင်တော့ အရက်ကို မသောက်သင့်ပါဘူး။
အမျိုးသားများက အရက် သောက်သုံးရင်လဲ ကလေး မရတတ်ကြပါဘူး။
ကိုယ်ဝန်ဆောင် အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်စ ပထမ သုံးလဟာ ရင်သေွးလေးတေွရဲ့ ခြေတေွ လက်တေွ ဖန်တီးနေတဲ့ အချိန် ဖြစ်လို့ အရက်တေွသောက်ရင် ကလေးကို ထိခိုက်စေနိုင်ပါတယ်။
သန္ဓေသားလေးဖြစ်စ ၃လ မှာ အရက်သောက်ရင် ကိုယ်ဝန်ပျက်ကျဖို့ များပါတယ်။
အထူးသဖြင့် ဦးနေှာက်ဉာဏ်ရည်ဉာဏ်သေွးကို ထိခိုက်စေပါတယ်။
ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ သားအိမ်ထဲမှာရှိတဲ့ ရင်သေွးလေးဆီကို သေွးသွားသေွးလာ နည်းစေခြင်းကြောင့် ကလေးရဲ့ ကြီးထွားမှုကိုလည်း နေှးစေပါတယ်။
ဗိုက်ထဲမှာ ကလေးသေဆုံးခြင်းကို ဖြစ်စေပါတယ်။
မေွးလာရင်လည်း အရက်သောက်တဲ့ မိခင်၊ ဖခင် တေွရဲ့ ကလေးတေွဟာ ပုံမှန် မိခင်တေွမှ မေွးဖွားလာကြတဲ့ ကလေးတေွနှင့် မတူပါဘူး။
စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတေွ ရှိပါတယ်။
အရက်သောက်တဲ့ မိခင်တေွရဲ့ ကလေးတေွဟာ
ခေါင်းလေးတေွဟာ ပိုသေးကြပြီး၊ မျက်နှာပြင်မှာလည်း ထူးခြားတာလေးတေွ ပါလာပါတယ်။
ခြေလက်၊နဲ့ အဆစ်တေွမှာလည်း ချို့ယွင်းချက်တေွပါလာပါတယ်။
ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းပြီး မှတ်မိအောင် မှတ်သားရခက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုလေးတေွလည်း ရှိတတ်ပါတယ်။
စိတ်လှုပ်ရှားလွယ်ပြီးပုံမှန်မဟုတ်တဲ့ အပြုအမူတေွ၊ ကြီးလာတော့လည်း အရက်သောက်ခြင်း၊ ဆေးစွဲခြင်းတေွ ဖြစ်တတ်ကြပါတယ်။
အဲဒါကြောင့် မေမေတို့ဖေဖေတို့ အရက်မသောက်ဖဲ ပျော်ရွှင်နေတဲ့ မိသားစုလေး ဖန်တီးနိုင်ကြပါစေနော်။
မေ့ရင်သေွး မဂ္ဂဇင်းမှ ကောက်နုတ်သည်။
San Su Kyi Naing