
မြန်မာနိုင်ငံတွင် လိုက်ချီးသီးကို အသီး အနေနှင့်တစ်ဖုံ ၊ ဖျော်ရည်အနေနှင့်တစ်မျိုး ၊ တာရှည်ခံထုပ်ပိုးမှုဖြင့် တစ်မျိုးလုပ်ကာ လူအများက စားသုံးကြပါတယ်။ပြီးတော့ ဒီလိုက်ချီးသီးဟာ လူကြိုက်များတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျှန်တော်တို့တေွဟာ စားသုံးခဲ့ကြပြီး လူတိုင်းနီးပါးကလည်း အရမ်းကြိုက်နှစ်သက်ကြပါတယ်။ လိုက်ချီးသီးကို ထမင်းစားပြီးတော့ အချိုပွဲအဖြစ် စားသုံးလေ့ ရှိကြတယ်။ ဒီလိုက်ချီးသီးဟာ ရာသီစာ ဆိုပေမယ့် ဆီးသီးလောက်စျေး မပေါ၊ သရက်သီးလိုလည်း အလွယ်တကူ မရရှိနိုင်ပါဘူး။ ဒါကြောင့် လိုက်ချီးသီးကို အချိုပွဲအဖြစ် စားသုံးသည့်အခါ တစ်လုံးကနေ ၃လုံးလောက်ပဲ စားသုံးကြရပါတယ်။

လိုက်ချီးသီးကို စားသုံးပြီးတော့ သေဆုံးနိုင်ပါသလား
-------------------------------------------------------
ယခုနှစ် ဖေဖော်ဝါရီလထုတ် BBC သတင်းအရ အိန္ဒိယမှ ကလေးငယ်အများအပြား လိုက်ချီးသီးကို စားသုံးပြီးနောက် သေဆုံးခဲ့ကြတယ်။ အမေရိကန်နှင့် အိန္ဒိယသိပ္ပံပညာရှင်များရဲ့အဆိုအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အစာအိမ်ထဲမှာ အစာမရှိဘဲ လိုက််ချီးသီး စားသုံးခြင်းကြောင့် တစ်နှစ်လှျင် ကလေးငယ် ၁ဝဝ ကျော်ခန့် ထူးဆန်းသော ရောဂါဖြင့်သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ လေ့လာဆန်းစစ်မှုတေွအရ အိန္ဒိယနိုင်ငံ ဘီဟား ဒေသရှိ ပုံမှန်ကျန်းမာသော ကလေးငယ်တေွဟာ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါခံစားရပြီးတော့ သတိမေ့ကာ ဆေးရုံသို့ ရောက်ရှိခဲ့ကြပါတယ်။ နောက်တော့ ဆေးရုံတက်လူနာတေွရဲ့ထက်ဝက်ခန့်မှာ အသက်ဆုံးပါးသွားကြတယ်။ ဒါကို ဆရာဝန်တေွက လိုက်ချီးသီးကြောင့် အဆိပ်သင့်သည်ဟု သုံးသပ်ခဲ့ကြပါတယ်။ ဤကဲ့သို့ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါဖြစ်ပွားသည့် ကလေးငယ်အများစုမှာ ဆင်းရဲနွမ်းပါး သူများဖြစ်ကြပြီး လိုက်ချီးသီးအများဆုံးထွက်ရှိတဲ့ ဒေသတွင်နေထိုင်သူတေွ အများဆုံးဖြစ်ကြောင်း လေ့လာတေွ့ရှိရပါတယ်။ မြေကြီးပေါ်သို့ ကြေွကျနေသော လိုက်ချီးသီးတေွကို ထိုကလေးများက အားရပါးရ ကောက်ယူ စားသုံးကြတယ်။ ဤကဲ့သို့ စားသုံးသည့်အချိန်မှာ သူတို့လေးတေွ ညနေစာလည်း မစားရသေးပေ။ သူတို့၏ အစာအိမ်ထဲတွင် လိုက်ချီးသီးမှ ထွက်လာသည့် ဓာတ်တစ်မျိုးမှ ကလေးတေွရဲ့ ကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့ပါးသွားစေတယ်။

ကျှန်တော်တို့တေွဟာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ အလုပ်လုပ်ရန် ရှင်သန်နိုင်ရန်အတွက် ဂလူးကို့စ် ခေါ် သကြားဓာတ်ကို လိုအပ်ပါတယ်။ သကြားဓာတ်နည်းလှျင် ကျှန်တော်တို့ ခန္ဓာကိုယ်ရှိ ဆဲလ်များ မရှင်သန်နိုင်ပါ၊ အခန့်မသင့်ရင် သေဆုံးသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ သကြားဓာတ်နည်းခြင်းကို ဆတ်ဆတ်ထိမခံနိုင်သော ဆဲလ်များ ဦးနေှာက်တွင်ရှိပါတယ်။ သကြားဓာတ်အနည်းငယ် နည်းလှျင် ခံစားရနိုင်တဲ့ လက္ခဏာတေွမှာ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချေှးစေးပြန်ခြင်းများဖြစ်ပြီး ဤလက္ခဏာရပ်တေွကို အသက်ကြီးလွန်းသူ အဘိုး၊ အဘွားများနှင့် အသက်ငယ်သော ကလေးများက ပြောပြတတ်မည် မဟုတ်ချေ။ ထို့ထက် ပို၍ သကြားဓာတ်နည်းနည်းလာသော် ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ ကယောင်ကတမ်း ပြောဆိုခြင်းနှင့် သတိမေ့ခြင်းတို့တေွ ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။

ဤဘီဟား ဒေသမှ ကလေးတေွဟာ ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ သတိမေ့ခြင်း စတဲ့လက္ခဏာများဖြစ်ရာ သေွးတွင်းရှိ သကြားဓာတ်နည်းခြင်းကြောင့် ဖြစ်တာ ဖြစ်ကြောင်း လေ့လာတေွ့ရှိရပါတယ်။ အချို့ကလေးတေွဟာ ကိုမာခေါ် သတိမေ့မြော သွားပြီး သေဆုံးသွားကြရခြင်းမှာ သကြားဓာတ် အလွန်အမင်း နည်းသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဤကလေးများတွင် အစာအိမ်ထဲ၌ အစာမရှိသဖြင့် သကြားဓာတ်ကျခြင်းကို ခန္ဓာကိုယ်မှ ပြန်ပံ့ပိုးပေးနိုင်ခြင်း မရှိတော့ပါဘူး။ ထို့ပြင် စားလိုက်သည့် လိုက်ချီးသီး၏ အစွမ်းဟာလည်း စောစော စီးစီး ပြလိုက်တာကြောင့်လည်း ဖြစ်တာပါ။

ဤသုတေသန တေွ့ရှိချက်အပေါ် နောက်ထပ် အလားတူဖြစ်ရပ်များ မဖြစ်စေရန် ဆရာဝန်ကြီးတေွက ကျန်းမာရေးပညာပေးမှုများ ပြုလုပ်ကြရပါတယ်။
ဒါကြောင့် ကလေးငယ်များနှင့် ကလေး အုပ်ထိန်းသူမိဘများကို ညနေစာစားပြီးမှ လိုက်ချီးသီးစားဖို့ အကြံပေးလိုက်ရပါတယ်။ တန်ဆေး လွန်ဘေးဆိုသကဲ့သို့ လိုက််ချီးသီးကိုလည်း တက်နိုင်သမှျ အများကြီး မစားသင့်ကြောင်း စေတနာ မေတ္တာနဲ့ အကြံပြုတင်ပြလိုက်ရပါတယ်။
#Ref(ပါမောက္ခ ဒေါက်တာခင်ဖြူပြာ - လိုက်ချီးသီးနဲ့ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)