
လူတိုင်းရဲ့လက်ဖဝါးရိှ လက္ခဏာကောက်ကြောင်းလေးတေွက မိမိဝိသေသလက္ခဏာနဲ့ မိမိရဲ့ ကံကြမ္မာကို အဓိက ဖော်ညွန်းနေတာလို့ ပညာရှင်တေွက ပြောထားကြပါတယ်။ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရိှသူတေွဟာ တစ်ခြားသူတေွထက် တမူထူးခြားတဲ့သူတေွလို့လည်း ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တေွဟာ ထူးထူးခြားခြား အထုံပါရမီပါရှိသူ၊ ဝမ်းတွင်း အသိရိှသူ၊ နောက်ပြီးတော့ ထူးခြားတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တေွလို့လည်း ဆိုကြပါတယ်။

မိမိချစ်ခင်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရိှပါက အချက်တစ်ချက်ကို အရင်ဆုံး သင် သိထားရပါမယ်။ ဒါကတော့ နောက်ပြောင်ခြင်း၊ မုသားပြောဆိုခြင်းနဲ့ ကလိမ်ကကျစ်ကျခြင်းတေွ လုံးဝ မလုပ်မိဖို့ပါပဲ။လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။

လက်ဖဝါးမှာ M အက္ခရာစလုံး ရိှတဲ့အမျိုးသမီးတေွဟာ အမျိုးသားတေွထက် ဝမ်းတွင်းအသိ ပိုပြင်းထန် ကြပါတယ်။တကယ်လို့ လင်မယားနှစ်ယောက်လုံးမှာသာ အဲလိုရိှပါက အမျိုးသမီးမှာ အမျိုးသားထက် ပိုမိုအားကောင်းနေပါတယ်။

ဒီလို ထူးခြားတဲ့ ပုဂ္ဂိုလ်တေွဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့အတွက် ထူးခြားတဲ့အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။ဒါကြောင့် သင့်ဆီမှာသာ ထိုအခွင့်အလမ်းရှိရင် ထိုအရာကို လက်မလွှတ်တမ်း ကောင်းကောင်း အသုံးချတတ်ဖို့ လိုအပ်ပါတယ်။

ရေှးရိုးရာ ဓလေ့ထုံးတမ်း အစဉ်လာအရ ပရောဖက်တေွအားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရိှကြပြီး သင်က တကယ်လို့ လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တေွထဲက တစ်ဦးဖြစ်နေပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ကြောင်း ကောင်းကောင်း သိမှတ်ထားရပါမယ်။
#Ref(အင်တာနက် - လက္ခဏာနဲ့ဗေဒင် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)