စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

သံလုံးကောင်အကြောင်းသိကောင်းစရာ~

Posted by Thinzar Win Myint Aung August 28, 2019
Vuol5ygciscrpfi6aolg

သံကောင်ဖြစ်တဲ့ရောဂါဟာ ကလေးတေွတော်တော်များများမှာ တေွ ့ရတတ်ပါတယ်။
သံကောင်ရောဂါဟာ အသား ၊ငါးစားလို ့ဖြစ်တာမဟုတ်ပဲ ကျန်းမာရေးအသိနည်းပါးပြီး တစ်ကိုယ်ရည် သန် ့ရှင်းမှုမရှိကြလို ့ဖြစ်တာပါ။

သံကောင်ရောဂါ ဘယ်လိုဖြစ်တာလဲ?

Dhlc5momssaml91hnurq

အိမ်သာတက်ပြီးတိုင်း လက်ကိုမဆေးပဲ အစားအစာတေွကို ကိုင်ပြီးစားလိုက်တဲ့အခါမှာလဲ လက်သည်းထဲကနေတစ်ဆင့် သံဥတေွက ၀မ်းထဲရောက်သွားပါတယ်။
တစ်ချို ့အိမ်တေွမှာဆိုရင်လဲ ထမင်းမစားခင် လက်ကို ဆပ်ပြာနဲ ့သေချာမဆေးပဲ ရေဇလုံထဲမှာလက်ကိုရေစွတ်ပြီး စားတတ်ကြတဲ့အကျင့်ဟာလဲ သံကောင်တေွကို
ဖိတ်ခေါ်နေသလိုပါပဲ။
သဲတေွထဲမှာ ခြေဗလာနဲ ့လမ်းလေှျာက်ရင်လဲ သဲထဲက သံချိတ်ကောင်တေွဟာခြေထောက်ကတစ်ဆင့် ကိုယ်ထဲရောက်သွားပြီး သေွးအားနည်းတဲ့ရောဂါဖြစ်တတ်ပါတယ်။

သံကောင်ကင်းဝေး နေထိုင်ရေး~

Am1uyloljue2lcr2hhbz

အစားအသောက်တေွကို ပြင်ဆင်ရာမှာလဲ လက်ကိုစင်ကြယ်အောင်ဆေးရပါမယ်။
ဟင်းသီးဟင်းရွက်နဲ ့အသား ၊ငါးတေွကိုလဲ မချက်ပြုတ်မှီမှာ ပိုးသေအောင် ရေထဲမှာ ဆားတေွထည့်ပြီးသေချာဆေးသင့်ပါတယ်နော်။
ဟင်းရွက်တေွကို အစိမ်းစားခြင်းကိုရေှာင်ပါ။ အိမ်မှာ ရှိတဲ့အမှိုက်ပုံးကိုလဲ သေချာလုံလောက်ပိတ်ထားမှ ယင်ကောင်တေွမလာနိုင်မှာပါ။
ချက်ပြုတ်ပြီးသားအစားအစာတေွကိုလဲ အုပ်ဆောင်းသေချာအုပ်ထားပါမှ ယင်ကောင်တေွကနေ တစ်ဆင့်ရောဂါမရမှာပါ။

သံကောင်ရောဂါလက္ခဏာများ~

Z7fk7twf5qhmm5llvrrk

ကလေးတေွမှာ သံကောင်ရောဂါစွဲကပ်နေတဲ့အခါ ကလေးက ခံတွင်းပျက်မယ် ၊ အော့အန်မယ် ၊ ခဏခဏဝမ်းပျက်မယ် ၊ဗိုက်နာတာတေွှဖစ်ပါမယ်။
သံချိတ်ကောင်ကြောင့်ဖြစ်တဲ့ သေွးအားနည်းခြင်းနဲ ့အာဟာရချို ့တဲ့ခြင်းတေွလဲဖြစ်တတ်ပါတယ်။
သံကောင်များ အူလမ်းကြောင်းမှာပိတ်တာကြောင့် ဗိုက်ဖောင်းပြီး အော့အန်ခြင်း နဲ ့အသည်းမှာ သံကောင်ဝင်ပြီး အသည်းကြီးလာတာကြောင့် အသားဝါလာခြင်းတေွှဖစ်ပြီး
ပန်းနာရင်ကျပ်ရောဂါတေွလဲဖြစ်တတ်ပါသေးတယ်။

သံကောင်ရောဂါမဖြစ်အောင်~

Ovyicyrhrioncyj0r6p9

ကလေးတေွရဲ ့ခြေသည်း ၊လက်သည်းတေွကိုသေချာညှပ်ပြီး လက်သည်းလုံးဝမကိုက်ခိုင်းပါနဲ ့နော်။
အိမ်သာသွားပြီးတိုင်း နဲ ့အစာမစားခင်တိုင်းမှာ လက်ကိုဆပ်ပြာနဲ ့သေသေချာချာဆေးပေးပါ။
လက်ဆေးနည်းအမှန်ကို သေချာသင်ပြထားပေးပါ။
တစ်ကိုယ်ရည်သန် ့ရှင်းရေးကလဲ အရေးအကြီးဆုံးပါပဲ။
တစ်အိမ်သားလုံး တစ်နှစ်ကို အနည်းဆုံး ၂ခါ သံချသင့်ပါတယ်နော်...

TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.