
ကလေးများရဲ့ဦးနေှာက်များကတော့ မေွးခါစအချိန်အခါမှာ လုံးဝကိုဗြောင်ပါပဲ။ ဦးနေှာက်ရဲ့ ဖွံဖြိုးမှုဟာ လုပ်ရပ်တစ်ခုအပေါ် တုံပြန်ခြင်း၊ ပတ်ဝန်းကျင်မှ ကမ်းလှမ်းချက်များအပေါ်တေွ့ကြုံရခြင်းများမှ ရရှိပါတယ်။ ကလေးငယ်လေးများ တေွ့မြင်သမှျ ကြားသမှျ တေွ့ကြုံသမှျဟာ ကလေးတေွရဲ့ အတွ့အကြုံ အသိပညာ ဖြစ်လာတာပါပဲ။ ခံစားမှု၊ အထိအတေွ့၊ အနံ့၊ အသံ၊ နဲ့ အရသာခံစားမှုများဟာ ဦးနေှာက်နှင့် ဆက်စပ်နေပါတယ်။ထို့အတွက် ကလေးငယ်ရဲ့ အသိပညာဉာဏ်ကြွယ်ဝမှုဟာ ကလေးယ် ဘယ်လောက်တေွ့ကြုံခံစားဖူးတယ်ဆိုတဲ့ အပေါ်မှာ တိုက်ရိုက် အချိုးကျနေပါတယ်။

ထို့အတွက် မိဘတစ်ယောက်အနေနဲ့ ကလေးငယ်များရဲ့ ဉာဏ်ရည်မြင့်တင်ပေးဖို့ရာလုပ်ပေးနိုင်တဲ့ အရာလေးများကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ လုပ်ပေးရမှာကတော့ ကလေးနဲ့ ဖက်လဲတကင်းနေဖို့ပါပဲ။ တေွ့ရှိချက်များအရ မိဘများနဲ့ အတူနီးနီးကပ်ကပ် နေထိုင်၊ကစား၊ ဂရုစိုက်ခံရတဲ့ကလေးငယ်များဟာ ပိုမို၍ ဉာဏ်ပိုကောင်းတာကိုတေွ့ရမှာပါ။ ထို့အတွက် ကလေးငယ်နဲ့ စကားပြောပါ ကလေးငယ်ပြောစကားကို နားထောင်ပါ။ ကလေးငယ်လေးကို စာဖတ်ပြပါ။ ကလေးငယ်လေးကိုလည်း စာလိုက်ဖတ်စေပါ။

ကလေးငယ်လေးရဲ့ လက်ဝဲဖက်ဦးနေှာက်ခြမ်းကတော့ ယုတ္တိ၊ အကျိုးအကြောင်းနဲ့ ဘာသာစကား ဆိုင်ရာတိုးတက်မှုများနဲ့ သက်ဆိုင်ပြီး ယာဘက်ခြမ်းကတော့ အနုပညာနဲ့ တီထွင်စမ်းသစ်နိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ကလေးငယ်လေးရဲ့ ဦးနေှာက် နှစ်ခြမ်းလုံး ဖွံဖြိုးဖို့ အတွက်ကတော့ စိတ်ဝင်စားစရာကောင်း၍ စိန်ခေါ်မှုရှိသော ကစားနည်းမျိုးကို နေ့စဉ် လုပ်ငန်းဆောင်တာထဲမှာ ထည့်သွင်းသင့်ပါတယ်။

ကလေးငယ်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်များထဲမှာ လုံလောက်သော ကိုယ်လက်လှုပ်ရှားချက်လည်းပါ၀င်ဖို့လိုအပ်ပါသေးတယ်။ ကလေးငယ်ရဲ့ အခြေခံ လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများအတွက် ကလေးငယ်ဟာ နေ့စဉ် တခြား ကလေးငယ်များနဲ့ အချိန် ဖြုန်းခြင်းမျိုးရှိရပါမယ်။ ကလေးငယ်များ အနေနဲ့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းကလည်း သေွးလည်ပတ်မှုအားကောင်းမွန်စေတဲ့ အတွက် အလေ့အကျင့် လုပ်ပေးသင့်တဲ့ ကိစ္စတစ်ခုပါပဲ။

ကလေးငယ်များဟာ ကျောင်းစာများကို ကျက်မှတ်ရာမှာ အခြားသီချင်းများကို လိုက်ပါမှတ်သားတာထက်ကြာတာကို တေွ့ဖူးကြမှာပါ။ ဂီတက ကလေးငယ်များရဲ့ ဉာဏ်ရည်မြှင့်တင်မှုကိုအားပေးပါတယ်။ စိတ်ရှည်ရှည်နားထောင်တတ်ခြင်းကိုလည်း တိုးတက်စေပြီး ကလေးငယ်ကို ဂီတတူရိယာ တစ်မျိုးမျိုး သင်ကြားပေးခြင်းက ကလေးငယ်ကို အချိုးကျသော တေွးခေါ်မှုကို မြှင့်တင်ပေးနိုင်မှာပါ။
ထို့အတွက် ကလေးငယ်များ ဉာဏ်ရည်ကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်ဖို့ မိဘတိုင်းက ပြင်ဆင်ပေးရမယ်နော်။
MiGi