
ကလေးတေွကို၆လအရွယ်ကစတင်ပြီးဖြည့်စွက်စာကိုကျေွးနိုင်ပါပြီ။
ဖြည့်စွက်စာဆိုတာဟာ ကလေးအတွက် အာဟာရဓာတ်အပြည့်အဝရနိုင်အောင် ကျေွးရတာဖြစ်ပါတယ်။
၁နှစ်အရွယ်ပိစိလေးတေွအတွက် ဖြည့်စွက်စာလုပ်နည်း ၂မျိုးကို ပြောပြချင်ပါတယ်ရှင်။
မုန်လာဥနီဆန်ပြုတ်~

-မုန်လာဥနီ
-ဆန်
-ပဲနီလေး။
ပြုလုပ်နည်း~
ဆန်ကိုရေးဆေးပြီးပြုတ်ထားရပါမယ်။
မုန်လာဥနီကိုရေဆေးပြီး အတုံးသေးသေးစိပ်စိပ်လေးတေွတုံးပါမယ်။
ဆန်ပြုတ်ထဲကို မုန်လာဥနီနဲ ့ပဲနီလေးထည့်ပါမယ်။
အကုန်နူးရင် အအေးခံပြီး ကလေးကိုကျေွးနိုင်ပါပြီနော်။
ကြက်ဥပူတင်း~

-ကြက်ဥ ၂လုံး
-နွားနို ့၁ခွက်
ပြုလုပ်နည်း~
ကြက်ဥ ၂လုံးကို ပန်းကန်ထဲမှာဖောက်ထည့်ပါမယ်။
ပြီးရင် အနှစ်သက်သက် ၊ အကာသက်သက် ခွဲထုတ်ပါမယ်။
နွားနို ့နဲ ့ကြက်ဥအနှစ်တေွကို ပန်းကန်ထဲထည့်ပြီး ရောမေွှထားပါမယ်။
အိုးအလွတ်ထဲကိုရေတစ်ဝက်ထည့်ပြီး ကြေွခွက်ထဲကို ခုနကမေွှထားတာကိုထည့်ပါမယ်။
အိုးထဲကရေတေွဆူလာတဲ့အခါမှာ ကြက်ဥပူတင်းကလဲ ကျက်တဲ့အနေအထားကိုရပါပြီ။
မျက်နှာပြင်တင်းလာပြီဆိုရင်တော့ ကလေးကိုကျေွးရမယ့် အနေအထားကိုရပါပြီနော်.....
၁နှစ်နဲ ့အောက်ငယ်တဲ့ကလေးတေွဟာ အရမ်းနူးညံ့ပြီးထိခိုက်လွယ်တာမို ့မေမေတို ့အနေနဲ ့ကလေးအတွက် စားစရာတေွကို အိမ်မှာပဲ သေချာ သန် ့ရှင်းအောင် ချက်ပြုတ်ကျေွးသင့်ပါတယ်နော်......
TZWMA(Kyarlay)