
သင်က မိဘတစ်ယောက်အနေနဲ့ ကလေးငယ်လေးရဲ့ ကို်ယ်ခံစွမ်းအားကိုမြှင့်တင်ပေးချင်တယ်ဆိုရင်တော့ သဘာဝအတိုင်း ဘေးထွက်ဆိုးကျိုးနားသောနည်းလမ်းများကို အသုံးပြုသင့်ပါတယ်။ ယခုဖော်ပြမယ့် အချက်များကတော့ ကလေးငယ်လေးကို ပိုမိိုကောင်းမွန်သော ကိုယ်ခံအားစနစ်ကိုရရှိစေရန် နည်းလမ်းလေးများပဲဖြစ်ပါတယ်။

ပထမဆုံးနည်းလမ်းကတော့ နို့တို်က်ခြင်းပဲဖြစ်ပါတယ်။ ကလေးငယ်ကို မေွးပြီး ၆ လ အရွယ်အထိ မိခင်နို့တစ်မျိုးထဲကိုသာ တိုက်ကျေွးခြင်းက လုံလောက်ပါတယ်။ ကလေးငယ်အတွက် လိုအပ်သော ဗီတာမင် သတ္တုဓာတ်များနဲ့ ကလေးငယ်အတွက်လိုအပ်သော ကိုယ်ခံစွမ်းအင် အလုံအလောက်ကို မိခင်နို့ချိုကပေးစွမ်းနိုင်ပါတယ်။ ကလေးငယ်ဟာ ဖြည့်စွတ်စာစားတဲ့ အရွယ်ရောက်ရင်တော့ ကလေးငယ်ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာများမှာ လတ်ဆတ်တဲ့ အသီးအနှံများ နဲ့ အစိမ်းရောင် အသီးအရွွက်များက ကာရိုတီနွိုက် နဲ့ဗီတာမင်C ဓာတ်ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်များရဲ့ ကိုယ်ခံစွမ်းအား မြှင့်တင်မှုကို အကူအညီပေးမှာပါ။

ကောင်းမွန်သော အိပ်စက်ခြင်းကလည်း သဘာဝအတိုင်း ကလေးငယ်ရဲ့လိုအပ်သော ကိုယ်ခံစွမ်းအားမြှင့်တင်ခြင်းအတွက် အရေးပါသောကိစ္စတစ်ခုဖြစ်ပါတယ်။ ကလေးငယ်ဟာ လုံလောက်သော အိပ်စက်ချိန်ကို မရရှိတဲ့အခါ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့ ဆဲလ်များက အလုပ်မလုပ်နိုင်ဘဲ ကူးစက်ရောဂါများနဲ့ အခြားကင်ဆာဆဲလ် ပြန့်ပွားမှုတို့ကို မထိန်းသိမ်းနိုင်တော့ပါဘူး။ ထို့အတွက် ကလေးငယ်ရဲ့ အိပ်စက်ခြင်းကို အနေှာင့်အယှက်ဖြစ်စေမယ့် အရာများကနေ ကာကွယ်ပေးသင့်ပါတယ်။

တစ်ကိုယ်ရည်သန်ရှင်းရေးကိုလည်း အသက်ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးသင့်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအား မကောင်းချိန်မှာတောင် တစ်ကိုယ်ရည် သန့်ရှင်းရေးကြောင့်ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးအကျင့်ကောင်းလေးများဖြစ်တဲ့ လက်ဆေးခြင်း၊ လက်သုတ်ပဝါဆောင်၍ ရောဂါပိုးမွှားများ ကူးစက်ခြင်းကနေကာကွယ်ခြင်းနဲ့ သွားပုံမှန်တိုက်ခြင်းကဲ့သို့ အပြုအမူများကို ကျင့်သုံးသင့်ပါတယ်။

လေကောင်းလေသန့်ရစေရန် စိမ်းစိုသောဒေသများကို လမ်းလေှျျာက်ထွက်ခြင်း၊ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ တို့ကိုလည်း ပြုလုပ်ပေးသင့်ပြီး ပိုးသတ်ဆေ းများသောက်သုံးခြင်းက ကလေးငယ်ရဲ့ ကိုယ်ခံအားကို ထိခိုက်စေတဲ့အတွက် ပိုးသတ်ဆေးသောက်ခြင်းကိုလည်းရေှာင်ရှားသင့်ပါတယ်။ ဖော်ပြပါ အချက်လေးများက ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအာကို မြှင့်တင်ပေးပြီးကျန်းမာပျော်ရွှင်တဲ့ အခြေအနေလေးကို ဖန်တီးပေးနိုင်မှာပါ။
MiGi