မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ဒီတစ်ပတ်ပိတ်ရက်မှာ ပူတင်းပေါင်းလေး စီစဉ်ပေးလိုက်ရအောင်နော်။။
ဘာမှလည်းအများကြီးမလိုပါဘူးနော် မေမေတို့ရေ။ ကြက်ဥလေးတစ်လုံးရယ်၊ နွားနို့ပျစ်ပျစ်လေး ပန်းကန်လုံးတစ်ဝက်ရယ်၊ သကြားရည်ပျစ်ပျစ်စားပွဲဇွန်းတစ်ဇွန်းရယ်ပဲလိုပါတယ်နော်။
ပြုလုပ်ရမှာလည်း လွယ်လွယ်လေးပါပဲနော်။ အရင်ဆုံးကြက်ဥလေးကို ဖောက်ထည့်ပြီးသမအောင်ခေါက်ပေးရပါမယ်။ နာနာလေးခေါက်ပေးဖို့တော့လိုပါတယ်နော်။ ပြီးရင်တော့ သကြားရည်နဲ့ နွားနို့ထည့်ပြီး သမအောင်ထပ်ပြီး ခေါက်ပေးရပါမယ်။ အားလုံးသမပြီး ကြက်ဥအမြှုပ်ထွက်တဲ့အထိ သမအောင်ခေါက်ပြီးရင်တော့ ပုံစံခွက်လေးနှစ်ခုထဲမှာထည့်ပေးရပါမယ်။ ပြီးရင်တော့ ပေါင်းအိုးထဲကို ရေထည့်ပြီး အပေါ်က ဇကာခြင်းထည့်ပေးပါ။ ဇကာပေါ်မှာ ကြက်ဥခေါက်များထည့်ထားသည့် ပုံစံခွက်လေးတေွကိုတင်ပြီး အပေါ်ကနေ အပူခံစက္ကူနဲ့အုပ်ကပ်ပေးပြီး အပေါ်က အဖုံးအုပ်ကာ မိနစ် ၂၀ ခန့်ပေါင်းပေးရမှာပါ။
ပြီးခဲ့တဲ့အခါမှာတော့ မီးဖိုပေါ်မှချပြီး အအေးခံကာ ပန်းကန်လေးနဲ့ပြင်ဆင်ထည့်ပြီး သားသားမီးမီးလေးတေွကို ကျေွးနိုင်ပါပြီနော်။
မိခင်နှင့်ရင်သေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)