စျေး မီဒီယာ
အခြား

သားသားမီးမီး အားအင်ပြည့်ဝဖို့ ဖြည့်စွက်စာကောင်းကောင်းကျေွးစို့ ..

Posted by Harry June 9, 2018
Bx2wzik6i1idwjr6dcn0

မေမေတို့ရေ သားသားမီးမီးလေးတေွ အားအင်ပြည့်ဖြိုးပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖိုု့အတွက် အသက် ၆ လပြည့်တဲ့အချိန်ကစပြီး ဖြည့်စွက်စာတေွကို စနစ်တကျစီမံကျေွးဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ သားသားမီးမီးလေးတို့အတွက် ပဲဝါလေး၊ အားဖြည့်ဆန်၊ မုန်လာဥနီနဲ့ သံဓာတ်အားပြည့်စေဖို့ ဟင်းနုနွယ်ရွက်လေးတေွနဲ့အတူ အားအင်ပြည့်ဝမယ့် ဖြည့်စွက်စာလေး ပြင်ဆင်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် .. စားပွဲဇွန်း ၁ ဇွန်းခွဲ
- ပဲဝါလေး .. စားပွဲဇွန်း ၄ ဇွန်း
- မုန်လာဥနီ .. ၁ ဥ
- ဟင်းနုနွယ်ရွက် .. ၅ ရွက်
- ကြက်သွန်ဖြူ .. ၁ မွှာ
- ထောပတ် .. လက်ဖက်စားဇွန်းတစ်ဝက်
- အိုင်အိုဒင်းဆား .. အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ အားဖြည့်ဆန်နှင့် ပဲဝါလေးကို ရေဆေးပြီး မိနစ် ၂၀ ခန့်ရေစိမ်ထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။ ဟင်းနုနွယ်ရွက်ကို ရေစင်အောင်ဆေးထားပါ။ ကြက်သွန်ဖြူတစ်မွှာကို ရေစင်အောင်ဆေးထားပါ။
- ဆန်နှင့်ပဲကို ရေစိမ်ပြီးပါက ရေစစ်ပြီး အိုးသန့်သန့်လေးထဲသို့ထည့်ကာ ရေမြုပ်အောင်ထည့်ပါ။
- မုန်လာဥနီထည့်ပါ။ ဟင်းနုနွယ်ရွက်ကို လှီးထည့်ပါ။ ကြက်သွန်ဖြူအမွှာလိုက်ထည့်ပါ။ အိုင်အိုဒင်းဆားအနည်းငယ်ထည့်ပြီးမေွှလိုက်ပါ။
- ပြီးလှျင် ရေအနည်းငယ်ထပ်ထည့်ပြီး ပေါင်းအိုးနှင့်ပေါင်းပါ။ (ရေကို ပါ၀င်ပစ္စည်းများအားလုံးမြုပ်ပြီးသည့်အပြင်အနည်းငယ်ထပ်ထည့်ရမည်ဖြစ်ပါသည်)
- ရေခမ်းအထိချက်ပြုတ်ပြီးပါက မီးဖိုပေါ်မှချပြီး ထောပတ်ထည့်ကာ ကြေညက်အောင် ဇွန်းဖြင့်ချေပေးနိုင်ပါသည်။
(တစ်နှစ်အထက်ကလေးဆိုပါက ကြေညက်အောင်ချေထားသည့် ဖြည့်စွက်စာကို ကျေွးမေွးနိုင်သလို တစ်နှစ်အောက်ကလေး ဆိုပါက blander ဖြင့်ကျိတ်ချေကျေွးနိုင်ပါသည်)

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.