စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နေစဉ် သခွားသီးစားပေးခြင်းက ရရှိလာမယ့် ကောင်းကျိုး (၁ဝ)ချက်

Posted by Zaw Lin Aung August 26, 2019
Lhu1wtqyjfhzzpyyewj2

အားလုံးပဲ မင်္ဂလာပါ။အခုလို မိုးရာသီမှာ အေးအေးလေးနဲ့အလုပ်မှာ အဆာပြေစားဖို့ ကယ်လိုရီနည်းနည်းနဲ့ သရေစာလိုအပ်နေပါက သခွားသီးက အသင့်တော်ဆုံးပါပဲ။ဒါအပြင် သခွားသီးက ဝိတ်ကိုလည်း လျော့ချပေးပါတယ်။ဒါပေမယ့် ဒါဟာ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် တကယ်စားလို့ဖြစ်ရဲ့လားဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Kax0uacerdzzipaergwl

၁။ ကိုယ်ဝန်ဆောင်ချိန်မှာ သခွားသီးကို တကယ်စားလို့ဖြစ်ရဲ့လား
----------------------------------------------------------------------

ဖြစ်ပါတယ်။သခွားသီးဟာ ကိုယ်ဝန်စာတေွမှာ မပါပေမယ့် နည်းနည်းတော့ စားလို့ရပါတယ်။ဒါပေမယ့် သခွားသီးဟာ ဓာတ်မတည့်တာတေွ၊ ရေဓာတ်များလို့ ဆီးခဏခဏသွားရတာတေွ၊ လေပွတာနဲ့ အစာမကြေတာတေွ ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။

H3vwyqd1hfykqvj2p4on

၂။ ကယ်လိုရီနည်းခြင်း
------------------------

သခွားသီးမှာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။သခွားသီးဟာ အဆာခံနိုင်တဲ့အတွက် သရေစာတေွ အများကြီး မစားမိတော့တာကြောင့် ဝိတ်လည်းမတတ်တော့ပါဘူး။

Cpvcymdtjxvzplplcmvx

၃။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း
-------------------------------------------

သခွားသီးမှာ ရေဓာတ် ၆၉ရာခိုင်နှုန်း ပါဝင်တာကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တေွ ကျန်းမာစေဖို့ ရေများများ သောက်ဖို့ လိုပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ သခွားသီးစားတာက ကောင်းပါတယ်။

Zhebdtg20k2kmhbnh9ez

၄။ သဘာဝဆီးဆေး
----------------------

သခွားသီးမှာ ရေဓာတ်ပါဝင်မှု များတာကြောင့် ဆီးရွှင်ပြီး အဆိပ်အတောက်တေွကို ဖယ်ရှားပေးပါတယ်။ဒါအပြင် ဖောရောင်တာကိုလည်း သက်သာစေပါတယ်။

Axjbwd8qbattmrjtvb8q

၅။ အသားအရေကို ကောင်းစေခြင်း
--------------------------------------

သခွားသီးမှာပါဝင်တဲ့ အအေးဓာတ်ကြောင့် အရေပြားဟာ အဟာရပြည့်ဝပြီး အမြဲတင်းရင်းနေမှာပါ။

Jqecb9rmvwvributtnhs

၆။ စိတ်ကြည်လင်စေခြင်း
---------------------------

သခွားသီးမှာ ပါတဲ့ ဗီတာမင် Bဟာ စိတ်ကြည်လင်စေပါတယ်။စိတ်လှုပ်ရှားမှုကို သက်သာစေပြီးတော့ စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။

Ishljtr7ek115gv8ljb7

၇။ အမှျင်ဓာတ်ပါဝင်မှုများခြင်း
-------------------------------

သခွားသီးမှာ ပျော်ဝင်နိုင်တဲ့ အမှျင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမှျင်ဓာတ် ၂မျိုးစလုံးပါဝင်ပါတယ်။ပျော်ဝင်နိုင်တဲ့ အမှျင်ဓာတ်က သေွးတွင်းသကြားဓာတ်နဲ့ ကိုလက်စရောကို လေှျာ့ကျစေပြီး မပျော်ဝင်နိုင်တဲ့ အမှျင်ဓာတ်ကတော့ ဝမ်းပျော့စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

Vfn6ngjoxi0hrci5bls1

၈။ ကိုယ်ခံအားကို ကောင်းစေခြင်း
------------------------------------

သခွားသီးမှာ ဓာတ်ကို ဆန်ကျင်တဲ့ ပစ္စည်းတေွှဖစ်တဲ့ ဗီတာမင် C ၊ ဘီတာ ကယ်ရိုတင်းနဲ့ မဂ္ဂနီစ်တို့ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကူးစက်ရောဂါတေွကို ကာကွယ်ပေးပါတယ်။

Fjpwyarhvkrr9krfpdlm

၉။ သန္ဓေသားကို ကောင်းမွန်စွာ ကြီးထွားစေခြင်း
----------------------------------------------------

သခွားသီးတွင် ဗီတာမင် B1 ၊ ဗီတာမင် B 2 ၊ ဗီတာမင် B5 ၊ဗီတာမင် B6 ၊ ဗီတာမင် B9 ၊ကယ်လ်ဆီယမ် ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ သွပ်ဓာတ်၊ ကော့ပါး၊ အိုင်အိုဒင်းနဲ့ ဆာလ်ဖာဓာတ်တေွ ပါဝင်တာကြောင့် ကလေးကိုကောင်းကောင်းကြီးထွားစေပြီးတော့ မေွးရာပါ ချို့ယွင်းချက်ဖြစ်တာကို ကာကွယ်ပေးပါတယ်။


Vfl6xx581p3a4ogcsn34

၁ဝ။ သေွးဖိအားကို ထိန်းပေးခြင်း
-----------------------------------

သခွားသီးဖျော်ရည်ဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်ကို မှျတစေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သေွးဖိအားကို ထိန်းညိှပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် သခွားသီးစားမယ်ဆိုရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။ဒါပေမယ့် ပိုအရေးကြီးတာကတော့ စားမယ့် သခွားသီးက သဘာဝထွက် လတ်လတ်ဆတ်ဆတ် ဖြစ်နေဖို့ လိုပါတယ်။
#Ref(ဒေါက်တာ ထက်ထက်ဇော်ဝင်း - ကိုယ်ဝန်ဆောင်နဲ့သခွားသီး ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.