မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် အာဟာရရှိပြီး စားလို့လည်းကောင်းအရသာလည်းရှိစေမယ့် ကြက်သားပန်းစိမ်းစွပ်ပြုတ်ပြုလုပ်နည်းလေးကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်နော်။
ပါ၀င်ပစ္စည်းများ ..
- ကြက်သား (အသားချည်း) .. ငါးကျပ်သား
- ပန်းဂေါ်ဖီစိမ်း .. အသေးတစ်ဖူး (သို့) အကြီးတစ်ခြမ်း
- ခရမ်းချဉ်သီး .. တစ်လုံး
- အားဖြည့်ဆန် .. စားပွဲဇွန်းနှစ်ဇွန်း
- ကြက်သွန်နီ .. တစ်ခြမ်း
- ချိစ်ခဲ .. နှစ်ခဲ
ပြင်ဆင်ချက်ပြုတ်နည်း ...
- အားဖြည့်ဆန်ကို ရေဆေးပြီး အိုးသန့်သန့်ထဲသို့ ရေပန်းကန်လုံးနှစ်လုံးထည့်ကာ ဆန်နှင့်ရောပြုတ်ထားပါ။
- ကြက်သားကိုရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ဆန်ပြုတ်အိုးရေဆူလာပါက ကြက်သား၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုထည့်ပြီး ရောမေွှကာ အဖုံးအုပ်ထားပါ။
- ဆန်၊ အသားနှင့် အသီးများနူးအိလာပါက ချိစ်ခဲနှစ်ခဲထည့်မေွှပြီး ရေခမ်းအောင်ထားပါ။
- ရေခမ်းသွားပါက blander ထဲသို့ထည့်ကျိတ်ပြီး သားသားမီးမီးများကို ကျေွးနိုင်ပါပြီ။
(တစ်နှစ်အထက်ကလေးများအတွက် blander ထဲတွင် ကျိတ်ရန်မလိုပါ)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)