စျေး မီဒီယာ
အခြား

ဘေဘီလေးတေွအန္တရာယ်မဖြစ်အောင် သတိပြုသင့်တဲ့ အချက်လေးတေွ ..

Posted by Harry June 7, 2018
Bnr73zq6swemxybklgew

မေမေတို့ရေ သားသားမီးမီးလေးတေွ အန္တရာယ်မဖြစ်စေဖို့အတွက် ဒီအချက်လေးတေွကို မပြုလုပ်မိအောင် ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ ပုံလေးတေွတစ်ပုံချင်းစီအလိုက် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေလေးတေွကို မေမေတို့က ဂရုစိုက်ပေးပါနော်။

ကစားစရာပစ္စည်းလေးတေွကို ဂရုစိုက်ပေးဖို့လိုပါတယ်။ သားသားမီးမီးတို့ မြိုချပြီး အန္တရာယ်ဖြစ်စေမယ့် ကစားစရာတေွ၊ အကြေွစေ့၊ ဂေါ်လီလုံးအသေးလေးတေွမျိုးတေွကို ပေးမဆော့သင့်ပါဘူးနော်။

Sv7ducg0d2onz5eicqqy

နောက်တစ်ခုကတော့ မီးဖိုချောင်အတွင်း ကလေးတေွကိုလွှတ်မထားသင့်ပါဘူး ဂက်စ်မီးဖိုတေွအနီး ကလေးငယ်တစ်ဦးတည်းသွားရောက်ပြီး ဆော့ကစားမနေစေဖို့ ဂရုစိုက်ပေးပါနော်။

Mt3pqdwuyf7y1e3pxltn

ဟင်းအိုး၊ ထမင်းအိုးတေွတည်ထားတဲ့ မီးဖိုချောင်အတွင်း ကလေးငယ်တေွ သွားရောက်ပြီး ဆွဲယူဆော့ကစားတာမျိုးကိုလည်း ဂရုစိုက်ပေးပါနော်။ အန္တရာယ်များပါတယ် မေမေတို့ရေ။ ဖြစ်နိုင်ရင်တော့ လမ်းလေှျာက်တတ်စ တစ်တောက်တောက်လေှျာက်သွားတတ်တဲ့အချိန်မျိုးမှာ ကလေးတေွကို တစ်ယောက်တည်း ပစ်မထားတာအကောင်းဆုံးပါပဲနော်။

P0lzbbjtnmcwsevwpgi1

တံခါးအဖွင့်အပိတ်တေွကိုလည်း ကလေးတေွရှိနေ၊ မနေ ဂရုစိုက်ပေးရပါမယ်။

Sjvj6tn1q0zhpopegkd7

မေမေတို့ရေ ဘီဒိုတေွ၊ စားပွဲ၊ စင်တေွပေါ်ကို တက်ဆော့ပြီး ပုံလေးမှာပြထားတဲ့အတိုင်း အန္တရာယ်အခြေအနေတေွ ကြုံတတ်တာကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ မေမေတို့သာမက မိသားစုတေွအားလုံးက ဂရုပြုသတိထားပေးရမှာပါနော်။

Fzxxaoupteecxet1wg6e

မေမေတို့ရေ နောက်ထပ်အန္တရာယ်များတဲ့အရာတစ်ခုကတော့ မီးခလုတ်တေွ မီးပလပ်တေွပါ။ နေအိမ်တေွမှာ ကလေးတေွအလွယ်တကူထိတေွ့နိုင်တဲ့နေရာအနီးက မီးခလုတ်တေွကိုတော့ ကလေးတေွ လက်နိှုက်ပြီး တော့ကစားလို့မရအောင် အကာလေးတေွနဲ့ ပြုလုပ်ထားသင့်ပါတယ်။

Djob9gtnfioj693e3z9c

နောက်ထပ်အရေးကြီးတာကတော့ အန္တရာယ်ရှိစေတဲ့ အရက်ပြန်လို၊ ပိုးသတ်ဆေးလို၊ ခြင်ဆေးလိုအရာမျိုးတေွ၊ ကလေးတေွယူပြီး ပါးစပ်ထဲထည့်လို့အန္တရာယ်ရှိစေမယ့်အရာတေွကို ကလေးငယ်တေွ လက်လှမ်းမမီတဲ့နေရာမှာပဲ ထားတာဟာအကောင်းဆုံးပါနော်။

Zsbppyjr10qbijhppnbo

မေမေ၊ ဖေဖေတို့ရေ သားသားမီးမီးလေးတေွနဲ့ အပြင်သွားတဲ့အခါ ကလေးငယ်တေွထိုင်တဲ့ ထိုင်ခုံနဲ့ ကားခါးပတ်သေချာလေးတွဲထားပေးဖို့လိုသလို ကလေးငယ်ကိုလည်း ခုံမှာ ခါးပတ်သေချာပတ်ထားပေးဖို့လိုပါတယ်။ ဒါမှလည်း အန္တရာယ်ကင်းစေနိုင်မှာပါ။

Fjfifsfbpihosyl3som8

မေမေတို့ရေ ရေတွင်း၊ ရေကန်တေွအနီး ကလေးငယ်တေွ ဆော့ကစားမနေဖို့ကိုလည်း ဂရုစိုက်ပေးပါနော်။

Tkkqe72mcbgayca0roeb

ငယ်ရွယ်စဉ်ကလေးငယ်တေွရဲ့ ရေချိုးချိန်၊ အိမ်သာတက်ချိန်တေွဆိုရင်တော့ လူကြီးတစ်ဦးဦးက အနားမှာအမြဲရှိနေဖို့လိုပါတယ်။ ကလေးတေွကိုဒီအတိုင်း လွှတ်ပြီး ဆော့ကစားမနေစေသင့်ပါဘူးနော်။

Ori8ufpbwohbap8ll33d

ကလေးငယ်ရှိတဲ့နေအိမ်တေွမှာရှိတဲ့ တံခါးပေါက်တေွ၊ ၀ရံတာကိုထွက်တဲ့တံခါးပေါက်တေွ၊ ပြတင်းတံခါးတေွမှာ အကာအရံလေးတေွထားထားတာတော့ အကောင်းဆုံးပါပဲနော်။

Kkxsytmzpnro9h2qkuwd

မေမေတို့ရေ နောက်ထပ်သတိထားရမှာကတော့ ကြွပ်ကြွပ်အိတ်တေွ၊ ပလတ်စတစ်အိတ်တေွနဲ့ ကလေးငယ်တေွ ဆော့ကစားနေတာမျိုးမရှိအောင် ဂရုစိုက်ပေးရမှာပါ။ အကောင်းဆုံးကတော့ ကလေးတေွအလွယ်တကူယူမဆော့နိုင်တဲ့နေရာမှာ သိမ်းဆည်းထားဖို့ပါပဲ။ မတော်တဆအန္တရာယ်ဖြစ်စေနိုင်တာတေွကြောင့် မေမေ၊ ဖေဖေတို့သာမက မိသားစုတေွ၊ ကလေးငယ်လေးတေွကို ထိန်းကျောင်းသူတေွအားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်နော်။

Photo Credit

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.