
ကလေးငယ်များဟာ လူကြီးများထက် သင်ယူလေ့လာနိုင်စွမ်း ပိုမိုကောင်းမွန်ကြပါတယ်။ ထို့အတွက် ကလေးငယ်များကို မိခင်ဘာသာ စကားအပြင် အခြားဘာသာစကားတစ်မျိုးကို ငယ်ရွယ်စဉ်မှာ သင်ကြားပေးခြင်းက ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုဖြစ်မှာပါ။ အင်္ဂလိပ်စကားကတော့ ကမ္ဘာသုံးဘာသာစကားဖြစ်ပြီး သင်၏ကလေးငယ်ကို အိမ်မှာသင်ကြားဖို့ အသင့်တော်ဆုံးဘာသာ စကားတစ်မျိုးဖြစ်ပါတယ်။ သင်ကိုယ်တိုင်က အင်္ဂလိပ်လူမျိုး တစ်ယောက်မဟုတ်ဘဲ ကလေးငယ်ကို သင်ကြားပေးချင်တယ်ဆိုရင်တော့ ခုဖော်ပြမယ့်အချက်လေးတေွက အထောက်အကူဖြစ်မှာပါ။

ကလေးငယ်လေးနဲ့ အင်္ဂလိပ်လိုပြောပေးပါ။ စကားပြောပေးခြင်းက ကလေးငယ်များအတွက် အင်္ဂလိပ်စကားသင်ယူရန်အကောင်း ဆုံးနည်းလမ်းဖြစ်ပါတယ်။ အစဦးအပိုင်းမှာတော့ အခြေခံစကားပြောလေးများနှင့်စတင်သင့်ပြီးတော့ တစ်ခါပြောလှျင် တစ်ကြောင်း နှစ်ကြောင်းဖြင့် စတင်ခြင်းက ကလေးငယ်ကို ဘာသာစကားနဲ့ ရင်းနှီးစေမှာပါ။ နောက်ပိုင်းမှာတော့ ဖတ်နေသော စုအုပ်အကြောင်း၊ဆော့နေသော ဂိမ်းအကြောင်းတို့ကို ပြောပေးနိုင်ပါတယ်။ ဒီနေ့ဘာစားချင်လဲမေးခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ အရောင်များ၊ အရုပ်များ၊ တိရစ္ဆာန်များနဲ့ အပင်များ၏ ဝေါဟာရကို သင်ကြားပေးခြင်းကလည်းကောင်းမွန်သော အစပျိုးမှုဖြစ်ပါတယ်။

ကလေးငယ်များကို ပုံပြင်ဖတ်ပြခြင်းကလည်းကောင်းမွန်တဲ့ သင်ကြားခြင်းတစ်မျိုးဖြစ်မှာပါ။ကလေးငယ်များရဲ့ အိပ်ယာဝင်ပုံပြင်များကို ဟန်ပါပါ စွဲဆောင်မှုရှိသောစကားပြောဟန်ဖြင့်ပြောခြင်းကလည်း ကလေးငယ်ကို စိတ်ကူးယဉ်အားပိုမိုကောင်းမွန်စေပြီး ဘာသာစကားနဲ့လည်း ပိုမိုရင်းနှီးစေမှာပါ။ မှန်ကန်သော သဒ္ဒါသင်ကြားပေးခြင်းကလည်း ကလေးငယ်ကို မှန်ကန်သော ဘာသာစကားကို အသုံးပြုဖို့ အထောက်အကူပြုမှာပါ။ ကလေးငယ်ကို ဘာသာစကား အချုပ်တစ်ခုလုံးကို သင်ပေးရန်မဖြစ်နိုင်သော်လည်း နေ့စဉ်မှန်ကန်သော ၀ါကျ အသုံးပြုများနဲ့ ကလေးငယ်ကို ပြောပေးပါက ကလေးငယ်အတွက်ကောင်းမွန်သော အခြေခံကို ရရှိစေမှာပါ။ကလေးငယ်က မှားယွင်းသော သဒ္ဒါ အသုံးပြုမှုရှိလှျင်လည်း ချက်ချင်းပြင်ပေးပြီး ပိုမိုရှုပ်ထေွးသော သဒ္ဒါများကိုပါ နောက်ပိုင်းသင်ပေးနိုင်ပါလိမ့်မယ်။

ကလေးငယ်များကို အင်္ဂလိပ်စာလုံးဆက်ကစားနည်း ကစားခိုင်းခြင်း၊ လုပ်ဆောင်ချက်များတွင် ကလေးငယ်ရဲ့ အခန်းကဏ္ဍမြှင့်တင်သော ကိစ္စများဖြစ်တဲ့ ဆုံးဖြတ်ချကချရာမျိုးတွင် ကလေးငယ်များကို ၀င်ပြောစေခြင်းဖြင့်ကလေးငယ်များရဲ့အင်္ဂလိပ်စွမ်းရည်ကိုတိုးတက်စေမှာပါ။ ကလေးငယ်များကို စိတ်ကူးထားသည်များကို ချရေးစေခြင်းကလည်း ပြောခိုင်းခြင်းကလည်း ကလေးငယ်ရဲ့ ကလေးငယ်ရဲ့ ဖန်တီးမှုစွမ်းရည်ကိုပါမြှင့်တင်ပေးနိုင်မှာပါ။

ကလေးငယ်များဟာ ကာတွန်းဇာတ်လမ်းများကြည့််ရှူရခြင်းကို ကြိုက်နှစ်သက်သည့််အတွက် ကောင်းမွန်သော အင်္ဂလိပ်စကားပြောကိုသင်ယူနိုင်သော ဇာတ်လမ်းများကို်ရေွးချယ်ပေးခြင်းက ကလေးငယ်ရဲ့ အင်္ဂလိပ်စာတိုးတက်မှုကို အထောက်အကူဖြစ်စေမှာပါ။ ကလေးငယ်များဟာ အမြင်အာရုံနှင့် သင်ကြားသော လေ့ကျင့်ခန်းများကို မှတ်မိလွယ်သောကြောင့် ကလေးငယ်များကို သင်ကြားရာမှာ အမြင်အာရုံအသားပေးသော ပုုံနှင့်စာတွဲသော သင်ထောက်ကူပစ္စည်းများကို အသုံးပြုခြင်းဖြင့် ကလေးငယ်ရဲ့ အင်္ဂလိပ်စာ သင်ယူမှုကိုပိုမိုအားကောင်းစေမှာပါ။
MiGi