မနက်ခင်းတေွမှာ တက်ကြွမှုမရှိပဲ တော်တော်နဲ့ မထနိုင်တဲ့နေ့ရက်မျိုးတေွကို အားလုံးပဲ ကြုံတေွ့ရင်ဆိုင်ဖူးကြမှာပါ။ဘာဖြစ်လို့ ဒီလိုမျိုးတေွ ဖြစ်လာရတဲ့ အကြောင်းအရင်းတေွက ဘာကြောင့်လဲဆိုတာကိုရော သင်တို့တေွ ကောင်းကောင်း သတိထားမိရဲ့လား။ မနက်ခင်းတေွမှာ ဒီလိုမျိုးဖြစ်တယ်ဆိုတာ ညဘက်တေွမှာ အိပ်ရာဝင်တာ နောက်ကျတာတေွကြောင့် မဟုတ်ပဲ တစ်ခြားအကြောင်းအရာတေွကြောင့်လည်း ဒီလိုမျိုးတေွ ဖြစ်လာရတာပါ။ ဘာကြောင့်ဒီလိုမျိုးတေွ ဖြစ်တာလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
၁။ မေှာင်နေတဲ့အခန်း
-----------------------
အရမ်းမေှာင်လွန်းတဲ့အခန်းထဲမှာ အိပ်နေတာမျိုးတေွက တကယ်တော့ စိတ်ကို အရမ်းထိုင်းမှုိင်းစေပြီး မနက်ခင်းတေွကို ရောက်လာတဲ ့အချိန်တေွမှာလည်း မနက်ခင်းရဲ့အလင်းရောင်တေွကို မမြင်ရတော့ပဲ အိပ်ချင်စိတ်တေွက ထိန်းမရတော့ပဲ အမြဲတမ်းအိပ်ချင်စိတ်ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် မဖြစ်မနေထရတဲ့အချိန်မှာတော့ စိတ်မကြည်မလင် ဖြစ်နေစေတာပေါ့။
၂။ အိပ်ယာဝင် နောက်ကျတာ
--------------------------------
အိပ်ယာဝင်တာနောက်ကျနေရင်တော့ ဘယ်သူမဆို တက်တက်ကြွှကွနဲ့တော့ နိုးမလာနိုင်ပါဘူး။ လူတစ်ယောက်က တစ်နေ့တာမှာရှိသင့်တဲ့ အိပ်ချိန်ပမာဏ ၈နာရီလောက် လုံလုံလောက်လောက် ရှိမှသာ သေချာ ရွှင်ရွှင်လန်းလန်းနဲ့နေနိုင်မှာပဲဖြစ်ပါတယ်။ အိပ်ယာဝင်တာတေွ အရမ်းနောက်ကျတဲ့နေ့မျိုးတေွဆိုရင်တော့ မနက်ပိုင်းတေွမှာလည်း ဘယ်လို့မှ ကောင်းကောင်း မထနိုင်တော့လောက်ပါဘူး။
၃။ စိတ်ဖိစီးမှုတေွ အရမ်းများနေတဲ့အခါ
------------------------------------------
စိတ်ဖိစီးမှုတေွများတယ်ဆိုတာ လူတိုင်းမှာ ကြုံတေွ့ရတတ်တဲ့ ကိစ္စတစ်ခုလို့ပဲ ပြောလို့ရပါတယ်။ စိတ်ညစ်စရာတေွများပြီး စိတ်ညစ်ညစ်နဲ့ အိပ်ပျော်သွားတဲ့အခါ မနက်ပိုင်းမှာတော့ ဘယ်လိုမှ ကြည်ကြည်လင်လင်နဲ့ မနိုးထနိုင်တာကတော့ အသေအချာပါပဲ။
၄။ Alarm ပေးပြီးတော့ နိုးတာမျိုး
-----------------------------------
တကယ်တော့ Alarm ပေးပြီးတော့ အိပ်ရာထတာက အဆင်မပြေတဲ့နည်းလမ်းတစ်ခုပါပဲ။ အိပ်ပျော်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် လန့်ပြီး နိုးတာဆိုတော့ စိတ်ကိုလည်း ကောင်းကောင်းမွန်မွန် တက်ကြွလန်းဆန်းစေမှုမျိုး တေွ့ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုနည်းလမ်းတေွကို သေချာသုံးသပ်ပြီးတော့ ဆင်ခြင်လိုက်နာလိုက်မယ်ဆိုရင်တော့ မိတ်ဆေွတို့ရဲ့မနက်ခင်းတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲစိတ်ချမ်းသာစရာတေွပဲ ကောင်းနေတော့မယ်ဆိုတာ သေချာပါတယ်။
#Ref( My Style Myanmar - မနက်ခင်းအတွက် အားသစ်များ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)