Kyarlay.com

almost 2 years

တစ်နှစ်အောက်ရင်သွေးလေးများရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်


Tz8mnwjd4tmgpi4wza25

မိမိ၏ရင်သွေးလေးများ ဖွံ့ဖြိုးတိုးတတ်မှုကို ဖေဖေ၊ မေမေတို့ သိထားရန် လိုအပ်ပါသည်။ ဆရာဝန်တွေများကဲ့သို့ အသေးစိတ် မသိရှိနိုင်သော်လည်း အရေးကြီးတဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်များကို သိရှိဖို့လိုပါတယ်။ ဖွံ့ဖြိုးမှုမှတ်တိုင်များကို မသိရှိပါက မိမိကလေးရဲ့ ဖွံ့ဖြိုးမှုဟာ ပုံမှန်၊ ဟုတ်မဟုတ် လားဆိုတာကို သိရှိရမယ်။ စောစီးစွာ သိရှိမှသာ အချိန်မှီ ကြိုတင်ကာကွယ်ခြင်းနှင့် မှန်ကန်စွာ ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။


၁နှစ်သားလေးရဲ့ ဖွံ့ဖြိုးမှု မှတ်တိုင်


Ncpjtah9kqmymasw4gtw

၁ နှစ်သားရောက်ပြီဆိုရင် တစ်ခုခုကိုဆွဲပြီး မတ်တပ်ရပ်နိုင်ပါပြီ။
ကိုင်စရာဖြင့်လမ်းစလျှောက်ပါပြီ
တူတူရေးဝါး ကစားတတ်လာပြီ၊ စကားတစ်လုံးစနှစ်လုံးစကို ၀ူးဝူးဝါးဝါး ဖေ၊ မေ မ ခေါ်တတ်လာပြီ။

၁ နှစ်ပြည့်လို့မှ ၀ူးဝူးဝါးဝါး နှင့် လမ်းမလျှောက်တတ်ရင် အရေးကြီးကြီးပါတယ်။

ဖေဖေ၊ မေမေများ ရင်သွေးလေးတွေ အတွက် ကျန်းမာရေး ဗဟုသုတတွေရကြပါစေ။



မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။

San Su Kyi Naing

၁၀လ


Pdxnc4woeotttrfziqoc

၁၀ လသားမှာ လက်မ၊ လက်ညှိုးဖြင့် ပစ္စည်းများကို ကောက်တတ်လာတယ်။ လက်ကိုဝှေ့ရမ်းပြီး “ တာ့တာ” “ Fly Kiss ” လုပ်နိုင်ပါပြီ။


၉လ


Lumxo4gzkhtpigzwipqx

၉လ မှာ လက် ၂ဖက်ကိုဆွဲထူရင် ခေါင်းမကျန်ဘဲပါလာရမယ်။ အိပ်ရာထဲမှာ ဘာအထောက်အကူမှ မပါဘဲ ကောင်းကောင်းထိုင်နိုင်ပြီ ဖြစ်ပါသည်။
ဘာမှ အကူအညီမပါဘဲ ကောင်းကောင်း ထိုင်နိုင်ပါပြီ။

၈လ


Xda3sojjonvfabdms9mp

၈လအရွယ်မှာ မိဘတွေရဲ့ သွားလာလှုပ်ရှားမှုတိုင်းကို ကလေးက လိုက်ကြည့်တတ်ပြီ။

၇လ


Xlwg8mqlrun8dueu1sdu


၇လလောက်မှာ လေးဘက်တွားသွားလာပါတယ်။ ကလေးသီချင်း၊ ကလေးကဗျာလေးတွေကို ဖွင့်ပြရင် နားထောင် သဘောကျတတ်လာတယ်။

၆လ


Angfotbluh1ab5x28f5k

၆လမှာ ကစားစရာ ၀တ္ထုတွေကို လက်တစ်ဖက်မှ လက်တစ်ဖက်သို့ ပြောင်းကိုင်လာနိုင်တယ်။ ၆မှာ အထောက်အကူမပါဘဲ ထိုင်နိုင်လာတယ်။ ၆လကျော်လို့မှ မထိုင်သေး၊ လက်သီးဆုတ်မပြေသေးရင် အရေးကြီးပါတယ်။

၅လ


Kg7o7eoo4cb40yr5pcw9

၅လလောက်မှာ အရာဝတ္ထုတွေကို လိုက်ဆွဲပြီး လက်ထောက်ပြီး ထိုင်နိုင်လာတယ်။

၎လ


Nmoneup0amncabuglvrf

၎လမှာ ခေါင်းနှင့် ပခုံးပါ ပိုထောင်လာနိုင်တယ် မှောက်နိုင်လာတယ်။ တွားသွားလာပြီး လိုချင်တဲ့ အရာတွေကို လှမ်းယူတတ်ကြပါတယ်။ လက်သီးဆုတ် ပြေလာတတ်တယ်။

၃လ


Cw0sbhvti99cmycfzsre


၃လမှာ ခေါင်းပိုခိုင်လာပြီး ခေါင်းထောင်ပြီး မှောက်နိုင်လာပါတယ်။ ချော့မြှူသူရဲ့ မျက်လုံးကို ကောင်းကောင်းကြည့်တတ်လာတယ်။

၂လ


I0m59z3p0nhvcrogs8pf

၂လလောက်မှာ ခေါင်းထောင်စပြုပြီး အသံလာရာဘက်ကို ခေါင်းလှည့်ကြည့်တတ်ပါတယ်။

၁လ


Obliabfvabgjvxgo1p3q

မွေးစမှ ၁ လအထိမှာ လက်သီး တင်းတင်းကြပ်ကြပ် ဆုတ်တတ်ကြပါတယ်။ အကြားအာရုံကာင်းတဲ့ ကလေးဟာ အသံလာရာဘက်ကို လိုက်ကြည့်တတ်ကြပါတယ်။အသံကျယ်ကျယ်ကြားရင် လန့်ပြီး ထငိုတတ်ပါတယ်။