
လူတေွတော်တော်များများ ပြောတတ်ကြတဲ့ “အသွားမတော်တစ်လှမ်း အစားမတော်တစ်လုုတ် ”ဆိုတဲ့စကားပုံဟာ အစားအသောက်တေွ စားသုုံးရာမှာ အခန့်မသင့်ရင် ဒုုက္ခရောက်တတ်တာကိုု ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ အခုုအချိန်မှာ ရာသီစာ ဖြစ်တဲ့ ဒူးရင်းသီးဟာ အစားမတတ်ရင် ဘေး ဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတိုု့ရဲ့ဘုုရင်ဟု တင်စားရလောက်အောင် အနံ့အရသာနဲ့ ပြည့်စုုံရုုံသာမက အားအင်လည်း ဖြစ်စေနိုင်တဲ့ သစ်သီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ ဒူရင်းသီးဟာ မြန်မာနိုုင်ငံတွင်သာမက ထိုုင်းနိုုင်ငံ ၊ မလေးရှားနိုင်ငံ တိုု့မှနေပြီးတော့ အများဆုုံးထွက်ရှိကာ လူကြိုက်များကြတဲ့ သစ်သီးလည်း ဖြစ်ပါတယ်။ ဒူရင်းသီးဟာ စားတတ်ရင် အားအင်ဖြစ်စေသလိုု မစားတတ်ရင် မြေွထက်တောင် အဆိပ်ပြင်းတဲ့ အသီးလိုု့လည်း ပြောလိုု့ရပါတယ်။ မကြာသေးမီက ထိုုင်းနိုုင်ငံသိုု့ အလည်အပတ် သွားရောက်သော နိုုင်ငံခြားသားတစ်ဦး ဒူရင်းသီး အစားမတတ်တာကြောင့် အသက် ဆုုံးရှူံးသွားရတဲ့ ဖြစ်ရပ်တစ်ခုုလည်း ဖြစ်ပွားခဲ့ပါတယ်။

အဆိုုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုု အလွန်ကြိုက်နှစ်သက်တာကြောင့် အများကြီး စားသုုံးခဲ့ကာ နွားနိုု့ နှင့် ကော်ဖီကိုုလည်း သောက်သုုံးခဲ့သောကြောင့် အသက်ဆုုံးရှုံးသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုုတော့ ဒူရင်းသီးနှင့် နွားနိုု့ပေါင်းစပ်လိုုက်ပါက သေွးပေါင်ချိန်အလွန်တက်သွားပြီး ရေှာ့ခ်ဖြစ်ကာ သေဆုုံးခဲ့ရခြင်း ဖြစ်တယ်လိုု့ ဆရာဝန်တေွရဲ့ဆေးစစ်ချက်များအရ သိရပါတယ်။ ဒါကြောင့် ထိုုင်းနိုုင်ငံမှာ ဒူရင်းသီးကိုု စားသုုံးပြီး ၈-နာရီအတွင်း နိုု့ထွက်အစားအသောက်များကိုု မစားသုုံးဖိုု့ ထိုင်းကျန်းမာရေးဝန်ကြီးငှာနက တိုုက်တွန်းထားပါတယ်။ ထိုု့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်တေွကတော့ အရက်၊ ကိုုကာကိုုလာနဲ့ လိုုင်ချီးသီးများ ဖြစ်ပြီး စားသုုံးမိပါက အသက်အန္တရာယ်အထိ ဖြစ်စေနိုုင်တယ်လုုိ့ ဆိုုထားပါတယ်။ ဘာကြောင့် ဒီလိုုပြဿနာတေွ ဖြစ်ရတာလဲဆိုတာ ဗဟုသုတရအောင် တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူရင်းသီးနဲ့အရက်တွဲဖက် မစားသုုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုုတော့ နှစ်ခုုစလုုံးက အပူစာတေွ ဖြစ်နေတာကြောင့် သာမန်လူတေွသာမက သေွးတိုုးနှင့် ဆီးချိုရှိသူတေွဆိုုရင် ဦးနေှာက် သေွးကြောပြတ်ခြင်း ၊ နှလုုံးသေွးကြောပေါက်ခြင်း ၊ သေွးကြောများ ရုုတ်တရက် ပေါက်ခြင်း နှင့်လေဖြတ်နိုုင်ခြင်းတုုိ့ကြောင့် တွဲဖက်စားသုုံးခြင်း မပြုကြဖို့ တိုုက်တွန်းလိုုပါတယ်။
၂။ အပူများတဲ့ ခန္ဓာကိုုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာ ချောင်းဆိုုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင် ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုုံးပါက ရောဂါ အခြေအနေ ပိုုမိုု အရမ်းဆိုုးရွားတတ်တာကြောင့် မစားသုုံးသင့်ပါဘူး။
၃။ ဒူရင်းသီးစားသုုံးခြင်းဟာ အပူများတတ်တာကြောင့် ဒူရင်းသီး စားပြီးပါက ပဲစိမ်းသာကူကျိူကိုု ဝမ်းအေးစေရန် သေချာ သောက်သုုံးပေးသင့်ပါတယ်။

၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါ၀င်တာမိုု့ အဝလွန်ရောဂါရှိသူများနှင့်ကိုုယ်အလေးချိန်များသူများ စားသုုံးရန် မသင့်တော်ပါဘူး။
၅။ ပိုုတက်စီယမ်ဓာတ် အလွန်မြင့်မားစွာ ပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
၆။ ဒူရင်းသီးကိုု တစ်ကြိမ်စားတိုုင်း အများအပြား မစားသုုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာလည်း အရက်န့ံထွက်နေပြီဆိုုရင် ထိုဒူရင်းသီးကို စားသုုံးဖိုု့ မသင့်တော့ပါဘူး။

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန် မသင့်တော်သည့်အပြင် အနံ့ဟာလည်း ပြောင်းလဲတော့မှာ ဖြစ်တာကြောင့် ထိုဒူရင်းသီးကို မဝယ်ယူသင့်ပါဘူး။
၈။ ဒူရင်းသီး စားသုုံးပြီးတဲ့အချိန်မှာ ရေများများ သောက်သုုံးပေးသင့်ပါတယ်။ ဒူရင်းသီးအတွင်း အာဟာရဓာတ် အလွန်ကြွယ်ဝစွာပါ၀င်တာကြောင့် အမြောက်အများ စားသုုံးခြင်းဟာ ခန္ဓာကိုုယ်ကိုု ဒုုက္ခဖြစ်စေရုုံသာမက ၀မ်းချုပ်နိုုင်တာကြောင့် နည်းနည်းပါးပါးပဲ စားသုုံးသင့်ပါတယ်။ ဒူရင်းသီးအများအပြား စားသုုံးမိပါက မင်းကွတ်သီး စားသုုံးပေးခြင်းဖြင့် အပူဓာတ်ကို ကောင်းကောင်း လျော့ချပေးနိုုင်ပါတယ်။ ဒါကြောင့် ဒုူရင်းသီး ကြိုက်နှစ်သက်ကြသော ဒူရင်းသီးချစ်သူများအနေနဲ့ ဆင်ဆင်ခြင်ခြင် စားသောက်နိုုင်ခြင်းနဲ့ အန္တရာယ်ကင်းစေခြင်းအကျ်ိုးငှာ အခုလိုပဲ တင်ဆက်ပေးလိုုက်ပါတယ်။
#Ref(အင်တာနက် -ကျန်းမာရေးနဲ့အစားအစာ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)