
နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်ထဲမှာ အအေးမိတာနဲ့တုပ်ကေွးဖြစ်တာတေွ ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတေွကလည်း အလွန်များပြားလှပါတယ်။ ဒီလိုမျိုး ကိုယ်ခံအားကို ကောင်းကောင်း ထိခိုက်စေနိုင်တဲ့ရောဂါပိုးတေွများနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားနေရတဲ့သူတေွအနေနဲ့ ဖျားတာနာတာကို ကြုံတေွ့ရမှာကတော့ အသေအချာပါပဲ။ ဒီတော့ ဖျားနာနေတဲ့အချိန်မှာ ဘယ်လိုမျိုး အမြန်သက်သာအောင် ပြုလုပ်သင့်သလဲဆိုတဲ့ နည်းလမ်း (၉)ချက်ကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ အဖျားတေွ မဆိုးလာခင်မှာ ကြိုတင်ကာကွယ်ပါ။
-------------------------------------------------------
ခန္ဓာကိုယ်မှာ ဖျားနာတဲ့ ဝေဒနာကို စတင်ခံစားရပြီလို့ထင်တာနဲ့ ကြိုတင်ကာကွယ်မှုတေွကို ပြုလုပ်ပါ။ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတေွကို အားရှိအောင် စားပေးပါ။ ပြီးတော့ ဗီတာမင် C သောက်ပါ။ ရေများများ သောက်ပါ။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေဖို့အတွက် လုံလုံလောက်လောက် အနားယူပေးပါ။ ဒီလိုတေွလုပ်ပေးတာက အဖျားကို ပိုမဆိုးလာအောင် လုပ်ပေးနိုင်တဲ့အပြင် မြန်မြန်လည်း သက်သာသွားစေပါတယ်။

၂။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်က သန့်ရှင်းနေပါစေ
------------------------------------------------------
နေမကောင်းဖြစ်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးသလို နေထိုင်ရာပတ်ဝန်းကျင်နဲ့ အသုံးအဆောင်ပစ္စည်းတေွကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် ဘက်တီးရီးယားပိုးတေွကို ကာကွယ်ထားပြီး ဖြစ်စေသည့်အပြင် စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေတာကြောင့် အဖျားမြန်မြန် သက်သာလာစေမှာတော့ အသေအချာပါပဲ။

၃။ ရေနေွးနဲ့ ဆားခပ်နေွးနေွးလေး သုံးပြီးတော့ အာလုပ်ကျင်းပေးပါ
-----------------------------------------------------------------------
အဖျားပိုးကြောင့် လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာတေွှဖစ်တာက နောက်ဆက်တွဲ ဘက်တီးရီးယားတေွကြောင့် ဖြစ်လာရတာပါ။ ဒီလိုဖြစ်တဲ့အခါ ရေနေွးပူပူလေးထဲကို ဆားထည့်ပြီးတော့ ခပ်နေွးနေွးလေးဖြစ်လာတဲ့အခါ ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းနဲ့လည်ချောင်းထဲက ဘက်တီးရီးယားပိုးတေွကို ကောင်းကောင်း ဖယ်ရှားပေးရာ ရောက်ပါတယ်။

၄။ ပြည့်ပြည့်ဝဝ ကောင်းကောင်း အနားယူပါ
-----------------------------------------------
နေမကောင်းဖြစ်လာတဲ့အခါ အရင်ဆုံးလုပ်ရမှာတစ်ခုက ပြည့်ပြည့်ဝဝ ကောင်းကောင်း အနားယူပေးဖို့ပါပဲ။ ဒီလိုလုပ်ပေးတာတေွက ကိုယ်ခံအားစနစ်က အအေးမိတုပ်ကေွးရောဂါပိုးတေွကို တိုက်ဖျက်ရာမှာ အများကြီး အထောက်အကူဖြစ်စေပြီးတော့ အဖျားကို မြန်မြန်သက်သာသွားစေပါတယ်။

၅။ ရေနေွးနေွးလေးနဲ့ ရေချိုးပေးပါ
------------------------------------
အအေးမိဖျားနာဖြစ်လာတဲ့အခါ လူကြီးတေွ တော်တေ်ာများများက ရေမချိုးနဲ့ ၊ ရေမထိနဲ့ အဖျားဟာ တာရှည်လိမ့်မယ်လို့ ပြောတာတေွ သိဖူးကြားဖူးကြမှာပါ။ ဒီအယူအဆတေွက တကယ်တော့ အပြည့်အဝ မမှန်ပါဘူး။ နေမကောင်းဖြစ်လာတဲ့အခါ နှာခေါင်းပိတ်နေတာမျိုး၊ တုပ်ကေွးကြောင့် နုံးစီစီဖြစ်တာမျိုး ခံစားနေရမယ်ဆိုရင်တော့ ရေခပ်နေွးနေွးလေးနဲ့ ရဲရဲသာ ရေချိုးလိုက်ပါ။ ရေနေွးငေွ့ကြောင့် ခန္ဓာကိုယ်က သေွးလှည့်ပတ်မှုကောင်းသွားပြီးတော့ လူကို လန်းဆန်းသွားစေမှာပါ။

၆။ ချည်သားအဝတ်အစားလေးတေွ ဝတ်ဆင်ပေးပါ
------------------------------------------------------
နေမကောင်းဖြစ်လာတဲ့အခါ အင်္ကျီအထူကြီးတေွ ဝတ်မိတာမျိုး ရှိနိုင်ပါတယ်။ ဒါဟာ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ချေှးထွက်လွန်ပြီးတော့ အားအင်ကုန်ခမ်းတာ၊ ချေွးထွက်များပြီး ချေွးနဲ့အအေးပတ်တာမျိုးတေွပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်တဲ့အခါ နေွးနေွးထေွးထေွးလေး နေရမယ့်ဆိုပေမယ့်လည်း အရမ်းထူတဲ့ အဝတ်အစားတေွမဝတ်ဆင်ဘဲ သက်တောင့်သက်သာရှိတဲ့ ချည်သားအင်္ကျီလက်ရှည်လေးတေွကိုပဲ ဝတ်ဆင်ပေးသင့်ပါတယ်။

၇။ အာဟာရပြည့်ဝအောင် ကောင်းကောင်း စားသုံးပေးပါ
-------------------------------------------------------------
နေမကောင်းဖြစ်လာတဲ့အခါ အစာမကြေမှာကို စိုးရိမ်ပြီးတော့ အစာ မစားတာမျိုး မလုပ်လိုက်ပါနဲ့။ အာဟာရပြည့်ဝအောင် စားသုံးပေးမှသာ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပြီး ဖျားနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတေွကို အပြည့်အဝ တိုက်ထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် အဖျားမြန်မြန် သက်သာစေချင်တယ်ဆိုရင်တော့ အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လည်း မမေ့ပါနဲ့။

၈။ ရေဓာတ်ပြည့်ဝအောင် နေပါ
---------------------------------
အအေးမိဖျားနာနေတဲ့အခါမှာ မြန်မြန်သက်သာအောင် လုပ်ဆောင်ပေးနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေဖို့ပါပဲ။ ခန္ဓာကိုယ်မှာ အဖျားဝင်လာတဲ့အခါ ရေဓာတ်ခမ်းခြောက်မှုက အလွယ်တကူဖြစ်လာပါတယ်။ နေထိုင်မကောင်းဖြစ်တဲ့အခါ အစားသိပ်မစားဖြစ်တော့သလို ရေတေွလည်း ကောင်းကောင်း သိပ်မသောက်ဖြစ်တော့ပါဘူး။ တကယ်တော့ဖျားနာတဲ့အခါ ရေများများ သောက်ပေးမှ ခန္ဓာကိုယ်က လုပ်ငန်းစဉ်တေွကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မှာဖြစ်သလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက ရောဂါတေွ၊ ဘက်တီးရီးယားပိုးတေွကို ကောင်းကောင်း တိုက်ထုတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ဒါကြောင့် နေမကောင်းဖြစ်တဲ့အခါ တစ်ခြား ဘာမှမသောက်နိုင်ရင်တောင် ရေများများတော့ သောက်ပေးပါ။

၉။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ
---------------------------------------------------
နေမကောင်းဖြစ်နေပေမယ့်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးကိုတော့ ဂရုမစိုက်လို့ မရပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် ဘက်တီးရီးယားပိုးတေွ ပြန့်နှံ့ပြီးတော့ အဖျားကိုလည်း တာရှည်စေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ ဘက်တီးရီးယားပိုးတေွှပန့်ပွားကူးစက်တာ မဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းကောင်း ဂရုစိုက်ပါ။ အနည်းဆုံးတော့ ခြေတေွလက်တေွကို သန့်စင်အောင် ထားပါ။ ဒီလိုတေွ လုပ်နေပေမယ့်လည်း အဖျားက မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါလိမ့်မယ်။ နောက်တစ်ခုက ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းနေဖို့ပါပဲ။ ကိုယ်ခံအားကောင်းနေမယ်ဆိုရင် အပြင်ကအဖျား အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားကောင်းနေဖို့က အာဟာရပြည့်ဝအောင် စားသုံးဖို့လိုသလို အိပ်ချိန်ပြည့်ဝနေဖို့ကလည်း အလွန်အရေးကြီးပါတယ်။
#Ref(Hello - ဖျားနာခြင်းနဲ့သိကောင်းစရာ ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)