ကလေးတစ်ယောက် မေွးဖွားဖို့ဆိုတာ ဘဝရဲ့ အဓိကအကျဆုံး ဆုံးဖြတ်ချက်တေွထဲက တစ်ခုအပါအဝင်ပါ။ သင့်ရဲ့ငေွရေးကြေးရေး ၊ အလုပ်နဲ့ အခြားသော မတူညီတဲ့ အကြောင်းအရာအချက်အလက်တေွကို ထည့်သွင်းစဉ်းစားရပါတယ်။ အဲ့ဒီအရာတေွအကုန်လုံး အဆင်ပြေပြီဆိုရင်တောင် မိဘနဲ့ ခင်ပွန်းဖြစ်သူရဲ့ ခွင့်ပြုချက်တေွ လိုအပ်ပါသေးတယ်။ ကလေးတစ်ယောက် မေွးဖွားပြီးလို့ ဒုတိယမြောက်ရင်သေွး ယူတော့မယ်ဆိုရင် ဘယ်အချိန်က အကောင်းဆုံး ဖြစ်မှာပါလဲ?
ဒုတိယမြောက် ရင်သေွးရယူဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အရင်ဆုံး သိထားရမှာက သားဆက်ဘယ်လောက်ခြားမလဲဆိုတာပါ။ ကျွမ်းကျင်ပညာရှင်များက ပထမဆုံးကလေးရယူပြီး အနည်းဆုံး ၁၈လကြာမှသာ နောက်ထပ် ရင်သေွးတစ်ဦးမေွးဖွားသင့်ကြောင်း အခိုင်အမာဆိုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးစောင့်ရေှာက်မှုအဖွဲ့အစည်း (WHO) ကတော့ ရင်သေွးနှစ်ဦးအကြား အနည်းဆုံး သားဆက်၂နှစ်ခြားသင့်ကြောင်း အကြုံပြုထားခဲ့ပါတယ်။
နောက်ထပ်တစ်ချက်စဉ်းစားရမှာကတော့ သင့်ရဲ့ အသက်အရွယ်ပါ။ သင့်ရဲ့အသက်ဟာ ၃၀ဝန်းကျင်ဆိုရင်တော့ ဒုတိယမြောက်ရင်သေွးရယူဖို့ရာ အခက်အခဲကြီးကြီးမားမား မရှိနိုင်ပေမယ့် အသက်၄၀နားနီးနေပြီဆိုရင်တော့ သင်ရော သင့်ရဲ့ သန္ဓေသားမှာပါ အန္တရာယ် ရှိနေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အသက်အရွယ် ၊ သင့်ပထမရင်သေွးရဲ့ အသက်အရွယ်တို့ကို ချင့်ချိန်ပြီး ဒုတိယမြောက် ရင်သေွး ယူသင့် ၊ မယူသင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
အဓိကအကျဆုံးကတော့ ငေွရေးကြေးရေးပါပဲ။ ကလေးတစ်ယောက်ကို ကိုယ်ဝန်စလွယ်ချိန်ကစပြီး လူလားမြောက်မယ့်အချိန်ထိ ကုန်ကျမယ့် ငေွကြေးပမာဏကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာပါ။ ပထမရင်သေွးက နောက်ထပ် ကစားဖော် ၊ ကစားဖက် သေွးသားရင်းချာတစ်ယောက် အလိုရှိနေတာကြောင့် မျက်စိစုံမှိတ်ပြီး နောက်ထပ်ကလေးတစ်ယောက် ထပ်ယူလိုက်တာမျိုး မဖြစ်သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ သင့်ဘဝရဲ့ တက်လမ်းနဲ့ အနာဂတ်ရေှ့ရေးကို ကြိုတင်စဉ်းစားပြီးမှသာ ဒုတိယမြောက်ရင်သေွးကို ရယူသင့်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တေွအားလုံးနဲ့ ကိုက်ညီမှုရှိတယ် ၊ အဆင်ပြေတယ်ဆိုရင်တော့ ဒုတိယမြောက်ရင်သေွးရယူဖို့ အချိန်ဆွဲမနေပါနဲ့တော့။ ကလေးဆိုတာ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတေွပဲလေ...။
HYA (kyarlay)