
မေမေတို့ရေ ဒီကနေ့မှာတော့ သားသားမီးမီးလေးတေွ ပရိုတင်း၊ အသားဓာတ်နဲ့ အမှျင်ဓာတ်တေွှပည့်ဝစေမယ့် ပဲထမင်းအနှစ်လေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။
ပါ၀င်ပစ္စည်းများ ...
- ပဲဝါလေး (သို့) ကုလားပဲ ... ပန်းကန်လုံးတစ်ဝက်
- အားဖြည့်ဆန် ... စားပွဲဇွန်း ၂ ဇွန်း
- အိုင်အိုဒင်းဆား ... အနည်းငယ်
- စားသုံးသည့်သံလွင်ဆီ ... လက်ဖက်စားဇွန်း ၁ ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း ...
- အရင်ဆုံး ပဲနဲ့ဆန်ကိုရေဆေးဖို့လိုပါတယ်။
- ပြီးရင်တော့ အိုးသန့်သန့်လေးလဲထဲကို ရေပန်းကန်လုံး ၁ လုံးခွဲ၊ ပဲ၊ ဆန် ထည့်ပြီး ပြုတ်ပေးရပါမယ်။
- ကုလားပဲကိုအသုံးပြုပါက တစ်ညခန့်ရေစိမ်ထားလှျင်ပိုကောင်းပါတယ်။
- ရေခမ်းစပြုပြီး ဆန်ပဲများနူးအိလာပါက ဆားအနည်းငယ်ထည့်မေွှပါ။ ပြီးလှျင် ဆီထည့်မေွှပါ။
- ရေခမ်းပါက မီးဖိုပေါ်မှချပြီး အအေးခံကာ ကျေနေအောင်ချေပေးပါ။ ကလေးငယ်ပါက blander ဖြင့်ထည့်မေွှပေးလို့လည်းရပါတယ်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)